ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပြီလဲ။
- ပါးစပ်နာဟာ ပုံမှန်ထက် ကြီးတဲ့ အရွယ်အစားဖြစ်နေရင်၊
- အနာဟောင်းက မပျောက်ခင် ပါးစပ်နာ အသစ်တွေ ထွက်လာပြီဆိုရင်၊
- ၃ပတ်ကျော်လို့မှ အနာမပျောက်သေးဘူးဆိုရင်၊
- ပါးစပ်မှာ အနာပေါက်နေသည့်တိုင်အောင် နာကျင်မှုမရှိဘူးဆိုရင်၊
- နှုတ်ခမ်းထိ အနာက ပျံ့လာပြီဆိုရင်၊
- ဆေးလိမ်းနေသည့်တိုင် အနာမသက်သာလာဘူးဆိုရင်၊
- ထမင်းစား၊ ရေသောက်ရ ခက်ခဲနေပြီဆိုရင်၊
- အပြင်းဖျားတာ၊ ဝမ်းလျှောတဲ့ လက္ခဏာတွေ တွေ့လာရပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
ပါးစပ်နာမဖြစ်အောင် ဘယ်လို ဂရုစိုက်မလဲ။
မတော်တဆ ကိုယ့်ပါးစောင်ကို မကိုက်မိအောင် စားနေချိန်မှာ စကားပြောတာမျိုး မလုပ်သင့်ပါဘူး။ ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ၊ ထိခိုက်ပွန်းပဲ့စေနိုင်တဲ့ အမာစာတွေကို သတိထားစားပေးသင့်ပါတယ်။
ဖောလစ်အက်ဆစ်၊ ဗီတာမင် B6 ၊ ဗီတာမင် B12 နဲ့ ဇင့်ဓာတ်တို့ ပေါကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးပါ။ ဖြည့်စွက်စာအားဆေးတွေ သောက်ပေးရင်လည်း အဆင်ပြေပါတယ်။
သွားကို တစ်နေ့ ၂ကြိမ် နည်းစနစ်မှန်မှန် တိုက်ပြီး ကိုယ့်ရဲ့ ခံတွင်းကို သန့်ရှင်းအောင် ထားပေးပါ။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ထိခိုက်စရာ၊ စိတ်ဖိစီးမှုတွေ ကြုံလာပြီဆိုရင်လည်း ကိုယ့်ရဲ့ စိတ်ကို အေးချမ်းနိုင်အောင် ပျော်ရွှင်စေမယ့် အရာတွေ များများလုပ်ပေးပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။