သွားနဲ့ခံတွင်းကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ
သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်လိုက်ရုံနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေနည်းသွားနိုင်သလို ဦးနှောက်ကိုပါ ကာကွယ်ပြီးသားဖြစ်သွားတယ်ဆိုတာ သိရဲ့လား။ မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရပြင်းထန်တဲ့ သွားဖုံးရောဂါခံစားရသူတွေက အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှု ခံစားရနိုင်ခြေပိုများတယ်၊လို့ သိရှိခဲ့ရပါတယ်။ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းဖို့အတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ သွားနဲ့ခံတွင်းကို ဂရုစိုက်မှုက ကာလတိုရော ကာလရှည်မှာပါ ထိရောက်တဲ့ အချက်တစ်ခုပေါ့။