သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ယုံကြည်မှုရှိရှိနဲ့ အလှဆုံးပြုံးပြလိုက်ပါ

ယုံကြည်မှုရှိရှိနဲ့ အလှဆုံးပြုံးပြလိုက်ပါ

တစ်ကိုယ်ရေ သန့်ရှင်းရေးလို့ ဆိုလိုက်တာနဲ့ သွားကျန်းမာရေးကိုလည်း မေ့ထားလို့ မရပါဘူး။ မျက်နှာရဲ့ အကြည်ဓါတ်ဆိုရာမှာ အပြုံးက အဓိက အရေးအပါဆုံးပါ။ အလှဆုံးပြုံးနိုင်ဖို့ သန့်ရှင်းနေတဲ့သွားနဲ့ ၊ ဖော်ရွေတဲ့ စကားတွေဆိုနိုင်ဖို့ အနံ့ ဆိုးကင်းစင်တဲ့ ခံတွင်းသန့်ရှင်းရေးက အရေးကြီးပါတယ် ။ ခံတွင်းနံ့ဆိုးရွားစေတဲ့ အချက်တွေထဲမှာ သွားပိုးပေါက် တွေ၊ သွားဖုံး၊ မသန့်ရှင် းတဲ့ သွားချိုးနဲ့ ကျောက် (bacterial plaque;calculus) တွေ ကြောင့်ဆိုတာ အဓိက အချက် တွေပါပဲ။ အဲ့ဒီ သွားပိုးပေါက်တွေထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကနေ အနံ့ဆိုး(Gas) တွေကို ဖြစ်ပေါ်စေတာပါ။ သွားပိုးစားတာကို ဆေးဘက် ဆိုင် ရာ အ ခေါ် အ ဝေါ်အရ တော့ သွား ဆွေး မြေ့ပျက် စီးတဲ့ ရောဂါ (Dental caries or Tooth Decay) လို့ ခေါ်ပါတယ် ။

ဖြစ်ပြီးမှ ကုသတာထက် ကာကွယ်ဖို့ သတိပြုပါ။

သွား ဆွေး မြေ့ ရောဂါ ဆိုတာက ကူးစက်တတ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကနေ ထုတ်လွှတ်တဲ့ အက်စစ် တစ်မျိုး (Lactic Acid ) ကြောင့် သွားပိုးပေါက်တွေ ဖြစ်တာ ၊ သွားဆွေးမြေ့ပျက်စီးတာတွေကို ခေါ်တာပါ။ သွားပိုး ကောင် တွေက သွားကို စားသွားတာမျိုး မဟုတ်ပါဘူး ။ အဏုကြည့်မှန် ပြောင် းနဲ့ ကြည့်မှ မြင် ရတဲ့ ဘက် တီးရီးယား ပိုးမွှား တွေ(Mutans Streptococci, Streptococcus Sobrinus,Lactobacilli ) နဲ့ သကြားဓါတ်၊ ကစီဓါတ် (carbohydrate,sugar) တို့ ဓါတ် ပြုရာက ဖြစ် လာတဲ့ (lactic acid) တစ် မျိုး ကြောင့် ဖြစ် ပွားတာပါ။ လူတစ်ယောက်က ပုံမှန်အားဖြင့်တော့ သွားပိုးစားနေတာကို သတိထားမိလေ့မရှိပါဘူး။အစကနဦး လက္ခဏာအဖြစ် သွားရဲ့မျက်နှာပြင်ပေါ်မှာ မြေဖြူခဲရောင် အစက်ကလေး(chalky white)အနေနဲ့ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီလိုဖြစ်ပေါ်လာတာက ကြွေလွှာပေါ်က ဖွဲ့စည်းထားတဲ့ ဓါတ်သတ္တုတွေ(minerals)တွေဆုံးရှူံးပြီး သွားပိုးပေါက် ဖြစ်ပေါ်လာစေဖို့ အစပျိုးတာပါပဲ။ အဖြူရောင်ကနေ အညိုရောင်၊ အညိုရောင်ကနေ တဖြည်းဖြည်း သွားပိုးပေါက်(Cavity ) အဖြစ်ကို ပြောင်းလဲလာပါတယ်။ အဲ့ဒီလို သွားပိုးပေါက်မဖြစ်ခင်ကာလမှာ ကြိုတင်ကာကွယ်နိုင်ရင်တော့သွားပိုးစားတာကိုရပ်တန့်နိုင်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်း ထက်ပိုကောင်းတယ် ဆိုတဲ့အတိုင်း သွားနဲ့ခံတွင်းသန့်ရှင်းရေးကို တစ်နေ့ ၂ ကြိမ် အနည်းဆုံးပြုလုပ်သင့်ပါတယ်။ မနက်စာစားပြီး တစ်ကြိမ် ၊ ညအိပ်ရာဝင်ချိန်မှာတစ်ကြိမ် သွားတိုက်ရပါမယ်။ အစာအစားပြီးတိုင်း ပလုတ်ကျင်းတာ ၊ ချိုပြီးဆေးကပ်တဲ့ အစားအစာတွေကို လျှော့စားတာ၊ သွားကြားအစာညပ်တဲ့အခါ သွားကြားထိုးတံ အသုံးမပြုဘဲ ၊ သွားကြားအတွင်းသန့်ရှင်းပေးတဲ့ကြိုး (Dental floss)တွေကိုသုံးပေးတာ စတဲ့နည်းတွေနဲ့ ခံတွင်းသန့်ရှင်းရေးကို ဂရုပြုသင့်ပါတယ် ။ ကွမ်းစားခြင်းနဲ့ ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးခြင်းတွေကို လည်း သွားကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်ပါတယ်။ သွားနဲ့ခံတွင်း သန့်ရှင်းရေး အားနည်းတဲ့အခါ ၊ သွားပိုးစားတာတွေအပြင်၊ သွားအမြစ်တစ်ဝိုက်ရောင်ရမ်းတာ ၊ ရေစီးကမ်းပြိုဖြစ်တာ၊ သွားဖုံးနိမ့်ဆင်းတာတွေ ဖြစ်ပွားပြီး၊သွားအမြစ်ပိုးစားတာတွေပါ ဖြစ်စေနိုင်ပါတယ် ။

သွားပိုးပေါက်တွေကနေ ဘယ်လိုဆိုးကျိုးတွေ ရလာနိုင်မလဲ။

နေ့စဉ်စားထားတဲ့ အစားအစာတွေ အထူးသဖြင့်စေးကပ်တဲ့ အစားအစာတွေက သွားနဲ့ခံတွင်းသန့်ရှင်းရေး သေချာမလုပ်တဲ့အခါ၊ သွားမျက်နှာပြင်မှာ ကပ်နေတဲ့ အဲ့ဒီ အစားအစာတွေကနေတစ်ဆင့် ခန္ဓါကိုယ်မှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ပေါင်းစပ်ပြီး အက်စစ်တစ်မျိုး (Lactic Acid ) ကို ထုတ်လုပ်လိုက်ပါတယ်။ အဲ့ဒီ အက်စစ်က အချိန်ကြာလာတာနဲ့အမျှ သွားပိုးစားခြင်း ၊သွားဆွေးမြေ့ခြင်းတွေကို ဖြစ်ပေါ်လာစေပါတယ်။ သွားပိုးပေါက်တွေက သွားရဲ့ ရှေ့ဘက်မျက်နှာပြင် (pit and fissure carirs) ဒါမှ မဟုတ် သွားတစ် ချောင် းနဲ့ တစ် ချောင် းကြား(proximal caries) တွေမှာ ဖြစ်တတ်ပါတယ်။ သွားပိုးကြောင့် အခေါင်းပေါက်တွေ ကို ဖြစ်စေပြီး အဲ့သည့်အခေါင်းပေါက်တွေက အဝါရောင်၊ အမဲရောင် စသဖြင့်အမျိုးမျိုးရှိပါတယ် ။ ဆိုးကျိုးတွေအနေနဲ့ နာကျင်ကိုက်ခဲတာ ၊ အစားအစားရခက်ခဲတာ ၊ သွားဘေးပတ်ပတ်လည်ရောင်တာ၊ သွား နဲ့တာ တွေ၊ နောက်ပြီး အချိန်မီ မကုသဖြစ်တာတွေကြောင့် သွား ဆုံးရှုံးရတာတွေ ဖြစ်စေနိုင်ပါတယ်။ ကာကွယ်ကုသမှုတွေ မပြုလုပ်မိဘဲ ပိုဆိုးလာတဲ့အခါ သွားရဲ့ အမြစ်ထိပ်ကို ကျော်လွန်သွားပြီး သွားဘေးပတ်လည်မှာရှိတဲ့ တစ်ရှူးတွေ ရောင်ရမ်းခြင်းနဲ့၊ အဲ့ဒီကနေတစ်ဆင့် ရောဂါပိုးတွေက ပျံ့နှံ့ပြီးမေးရိုးအတွင်း ခြင်ဆီရောင်ခြင်း ၊ ခံတွင်းနဲ့ မျက်နှာတစ်ဝိုက်တစ်ရှူးတွေရောင်ရမ်းခြင်း (facial cellulitis)ကို ဖြစ်စေနိုင်ပါတယ် ။ အဲ့သည့် ကနေတစ်ဆင့် ပိုမိုဆိုးရွားလာပါက ဘက်တီးရီးယားပိုးတွေနဲ့ အဲ့သည့်ပိုးတွေမှာ ပါတဲ့သွေးခဲတွေက ဦးနှောက်ထဲမှာရှိတဲ့ သွေးကြော (cavernous sinus thrombosis) တွေကို ပိတ်ဆို့စေတာ၊Ludwin’s angina ခေါ် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ရောင်ရမ်းတာ၊ အဲ့ဒီ ရောင်ရမ်းခြင်းတွေကနေ ဖြစ်လာတဲ့ ဘက် တီးရီးယားပိုးမွှား တွေက ထုတ် လွှတ် လိုက် တဲ့ (toxins) အဆိပ် ကြောင့် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဘယ်ရောဂါ တွေကရော သွားပိုးစားခြင်း ရောဂါဖြစ်စေဖို့ ဆက်စပ်နေလဲ။

သွားပိုးစားရောဂါဖြစ်ဖို့ အလားအလာရှိနိုင်တဲ့ ရောဂါတွေက ဆီးချိုရောဂါ ၊ တံတွေးဂလင်းရောင်ရောဂါ၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူထားသူတွေမှာ ဖြစ်နိုင်ပါတယ် ။ ဒီဝေဒနာရှင်တွေက တံတွေးအထွက်နည်းပြီး ၊ တံတွေးက ကြားခံအနေနဲ့ ကာကွယ်နိုင်စွမ်းတွေ ကျဆင်းနေတာကြောင့်ဖြစ်ပါတယ်။ သွားပိုးစားခြင်းက ကာကွယ်လို့ရော ကုသလို့ပါရပါတယ်။ ဒါပေမယ့်သွားပိုးစားတာပဲဖြစ်ဖြစ်၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါတွေပဲဖြစ်ဖြစ် ၊ခံတွင်းကင်ဆာပဲ ဖြစ်ဖြစ် ကုသတဲ့အခါ စောစီးစွာ သိရှိဖို့က အရေးကြီးပါတယ် ။ သွားပိုးစားပြီး သွားပေါက်မှာ ရှိနေတဲ့ ဆွေးမြေ့နေတဲ့ အရာတွေကို ဖယ်ရှာပြီး၊ အစားထိုးတဲ့ဆေးပစ္စည်းတွေနဲ့ ပြန်လည်ဖြည့်ပိတ်ပေးတာမျိုးတွေ ပြုလုပ်လို့ရပါတယ် ။ ဒါပေမယ့် သွားပိုးပေါက် အရမ်းကြီးလာရင်တော့ ပြန်ဖြည့်လို့မရဘဲ ၊ သွားတုစွပ်ပြီး အုပ်ပေးတာမျိုးနဲ့ ကုသပြုပြင်ပေးရတာတွေလည်း ရှိပါတယ် ။ ဒါကြောင့်သွားကျန်းမာရေးက ပေါ့ဆသင့်တဲ့ အရာမဟုတ်ဘဲ နှစ်စဉ် တစ်နှစ် ၂ ကြိမ်ခန့် သွားနှင့်ခံတွင်း ဆရာဝန်တွေနဲ့ ပြသပြီး ကာကွယ်ကုသမှုတွေ စစ်ဆေးခံယူဖို့ အရေးကြီးပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

(ဆောင်းပါးရေးသားရာမှာ ၊ ဆေးပညာဆိုင်ရာအချက်အလက်တွေကို ကူညီပံ့ပိုးပေးပါသော ဒေါက်တာကောင်းမြတ် (သွားနဲ့ခံတွင်းဆရာဝန် ) တိုက် ကြီး ဆေးရုံ အားအထူးကျေးဇူးတင်ရှိပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

From “An interview with a Dentist ( Dr.Kaung Myat, Taikkyi Hospital )”

စာရေးသူ ဓာတ်ပုံbadge
Nay Thit မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။