ချောင်းဆိုးတယ်ဆိုတာက အချိန်မရွေး ရာသီမရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ အအေးမိတုပ်ကွေးလို ရောဂါတွေကြောင့်ဖြစ်နိုင်သလို သာမန်ဖျားပြီးချိန်တွေမှာလည်း ချောင်းဆိုးဆက်မပြတ်ပဲ ကျန်ခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေများဆို လည်ချောင်းလေးတောင် နာပြီး ကျန်ချင်ကျန်ခဲ့တတ်ပါသေးတယ်။