backup og meta

လက်သည်းတွေ ဘာ့ကြောင့် ပြာနေရတာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းတွေ ဘာ့ကြောင့် ပြာနေရတာလဲ။

    ပုံမှန်ဆို လက်သည်း လေးတွေက ကြည့်ပြီးပန်းနုရောင်လေးသန်းနေရမှာပါ။ လက်သည်းမျက်နှာပြင်လေးက ချောနေသင့်ပြီးခုံးနေဖောင်းနေတာမျိုးတွေလည်း ရှိမနေသင့်ပါဘူး။ ဒါပေမယ့် တစ်ချို့ ရောဂါတွေရဲ့ လက္ခဏာဟာ လက်သည်းမှာ လာပြနေတတ်တာမျိုးရှိပါတယ်။ အထင်ရှားဆုံးကတော့ လက်သည်းတွေပြာတာပေါ့။ လက်သည်းတွေ ပြာနေတယ်ဆိုတာ ပုံမှန်မဟုတ်ဘဲ ကိုယ့်မှာ ရောဂါတစ်ခုခုရှိနေပြီဆိုတာကို ပြောတာဖြစ်နေတတ်ပါတယ် ။ ဒီတော့ လက်သည်းပြာခြင်းကို ဖြစ်စေတဲ့ ရောဂါ အရင်းခံတွေကို သိထားဖို့ လိုလာပါပြီ ။ ။

    ကြည်ကြည်လေးဖြစ်ပြီး ပန်းရောင်သန်းနေရမယ့် လက်သည်းဟာ ဘာ့ကြောင့် ပြာနေရတာလဲ ။

    ဒီလို လက်သည်းတွေပြာရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့

    ကိုယ်တွင်းလှည့်နေတဲ့သွေးတွေထဲမှာ ေအာက်ဆီဂျင်နည်းနေလို့ ဖြစ်ရတာပါ။ သွေးဆဲလ်တွေထဲမှာ အောက်ဆီဂျင်ကိုသယ်တဲ့သွေးဆဲလ် သွေးနီဥြဖစ်ပြီး သွေးနီဥပုံမှန်မဟုတ်တဲ့ ပြဿနာတွေမှာလည်း ခုလို လက်သည်းတွေ ပြာနှမ်းခြင်းဖြစ်နိုင်ပါတယ်။ အေးတဲ့ရာသီဥတုမှာလည်း လက်သည်တွေ ပြာတတ်တယ်ဆိုပေမယ့် ကိုယ်တွင်းအပူချိန် ပုံမှန်ပြန်ရောက်သွားရင်တော့ လက်သည်းပန်းရောင်ပြန်သန်းသွားတတ်ပါတယ်။

    ဒါပေမယ့် လက်သည်းကြီးက တစ်ချိန်လုံး အပြာရောင်သန်းနေပြီ းပန်းရောင် လုံးဝပြန်မသန်းသွားဘူးဆိုရင်တော့ သင့်ကိုယ်ခန္ဓါထဲမှာ သွေးထဲ အောက်ဆီဂျင် ကောင်းကောင်းမရောက်အောင်တားတဲ့ ပြဿနာတစ်ခုခုရှိနေပါပြီ။ ဘာပြဿနာတွေလဲဆိုတာကြည့်လိုက်၇အောင် ။ ဒါတွေကို သိပြီး ဖြေရှင်းမှ လက်သည်းအရောင်က ပုံမှန် ပြန်ဖြစ်သွားမှာလေ။

    အဆုတ်မှာ ဖြစ်တဲ့ ရောဂါများ ။ ။

    လက်သည်းကို ပြာနှမ်းသွားစေတဲ့ အဆုတ်နဲ့ဆိုင်တဲ့ပြဿနာတွေကတော့

  • COPD အဆုတ်လေပြွန်ပိတ်ခြင်း၊ ကျဉ်းခြင်း၊ ရောင်ခြင်း
  • ပန်းနာရင်ကြပ် ရောဂါ
  • ရုတ်တရက် အသက်ရှူရပ်သွားတဲ့ပြဿနာတွေ
  • အဆုတ်ပိုးဝင်ပြီး အဆုတ်ရောင်နေတဲ့ ပြဿနာတွေ
  • အဆုတ်ထဲ သွေးခဲနေတာတွေ စတဲ့ အဆုတ်ပြဿနာတွေက လက်သည်းတွေကို ပြာနှမ်းသွားစေအောင်လုပ်တဲ့ တရားခံတွေပါ။
  • နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေကတော့

    • မွေးရာပါ နှလုံးရောဂါ ( Tetralogy of Fallot)
    • Eisenmenger’s syndrome ( မွေးရာပါနှလုံးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု)
    • နှလုံး အမောဖောက်ပြီး အလုပ်မလုပ်နိုင်တော့ခြင်း စတာတွေက နှလုံးကြောင့်ဖြစ်ရတဲ့ လက်သည်းပြာခြင်းဆိုင်ရာ ပြဿနာတွေ ပဲ ဖြစ်ပါတယ်။

    သွေးဆဲလ်တွေကြောင့်လည်း လက်သည်းပြာနှမ်းခြင်း ဖြစ်နိုင်ပါသေးတယ်။

    • Methemoglobinemia – ေသွးနီဥထဲမှာ အောက်ဆီဂျင်သယ်ပေးတဲ့ heme လုံလောက်စွာမရှိတဲ့အခါ
    • ကာဘွန်မိုနောက်ဆိုဒ် အဆိပ်သ့င်တဲ့အခါနဲ့
    • polycythemia vera – သွေးနီဥဆဲလ်တွေ အများကြီးထုတ်နေတဲ့ ပြဿနာတွေကြောင့်လည်း လက်သည်းပြာနိုင်ပါတယ်။

    သွေးကြောဆိုင်ရာ ပြဿနာတွေကတော့

    • Raynaud’s phenomenon – လက်ဖျား ခြေဖျားတွေဆီကို သွားတဲ့သွေးကြောတွေ့ ပုံမှန် မဟုတ်ဘဲ ကျဉ်းသွားတာကြောင့် လက်သည်းပြာနှမ်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

    ဒီတော့ ကိုယ်ကလည်း မကြာခဏ အ သက်ရှူကြပ်တတ်တယ်၊ လက်သည်းတွေကလည်း ပြာနေတယ်ဆိုရင် သွေးထဲက အောက်ဆီဂျင်ကို တိုင်းတာဖု့ိအတွက် pulse oximeter လို့ခေါ်တဲ့ ကိရိယာလေးဆောင်ထားဖို့လိုပါလိမ့်မယ်။

    ကုသဖို့အတွက်ကတော့ ဖြစ်နေတဲ့ အောက်ခံအကြောင်းအရင်းပြဿနာတွေကို ဖြေရှင်းလိုက်တာနဲ့ လက်သည်းပြာတာက ပျောက်သွားမှာ ဖြစ်တာကြောင့် ရောဂါကို သေချာစစ်ဆေးရှာဖွေဖို့ မပေါ့ဆဘဲ ဆရာဝန်ဆီ သွားပြဖို့လိုပါလိမ့်မယ် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement