backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ကြာကြာဝါးမယ့်သွား အတွက် ထိန်းသိမ်းစောင့်ရှောက်နည်း (၆) နည်း

ကြာကြာဝါးမယ့်သွား အတွက် ထိန်းသိမ်းစောင့်ရှောက်နည်း (၆) နည်း
ကြာကြာဝါးမယ့်သွား အတွက် ထိန်းသိမ်းစောင့်ရှောက်နည်း (၆) နည်း

ခံတွင်းကျန်းမာရေးလို့ဆိုလိုက်တာနဲ့ သွားတွေဝါလား၊ဖြူလား၊ သွားပိုးစားတာလား ဆိုတာပဲ ဆိုင်တာမဟုတ်ပါဘူး။ သွားဖုံးကိုလည်း မေ့မထားသင့်ပါဘူး။ သွားနဲ့သွားဖုံး အကုန်လုံးအရေးကြီးပါတယ်။ သွားတွေအားလုံးကို ခိုင်မာနေအောင်၊ ညီညာနေအောင် ထိန်းထားပေးတာ သွားဖုံးမို့လို့ပါ။ သွားနဲ့ သွားဖုံးကျန်းမာစေဖို့ မှန်ကန်တဲ့နည်းလမ်းနဲ့ ခံတွင်းကိုဂရုစိုက်တာ အကောင်းဆုံးပါပဲ။

ဒါ့ကြောင့် ဒီအချက်တွေကို လုံးဝမမေ့ပါနဲ့ –

(၁) သွားတိုက်ဖို့ မပျင်းပါနဲ့

မနက်အိပ်ရာထ တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် သွားတိုက်ဖို့ မပျင်းပါနဲ့။ တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ အကြံပြုကြပေမယ့် ညဘက်ကျရင် အိပ်ငိုက်လို့၊ ပျင်းလို့၊ အေးလို့၊ မေ့လို့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ သွားမတိုက်ဖြစ်တတ်ကြပါဘူး။ တစ်နေ့လုံးစားထား၊ သောက်ထားတဲ့အရာတွေရဲ့အကြွင်းအကျန်တွေကနေ ခံတွင်းမှာ ဘက်တီးရီးယားတွေ မွေးထားသလိုဖြစ်နေပါလိမ့်မယ်နော်။

(၂) သွားတိုက်နည်း မှန်ပါစေ

သွားတိုက်တော့တိုက်တာပဲ။ နည်းမှားနေမယ်ဆို သွားကြွေလွှာနဲ့ သွားဖုံးတွေကို ပိုထိခိုက်စေတာပါ အဖတ်တင်သွားနိုင်ပါတယ်။ ညင်ညင်သာသာနဲ့ နှံ့စပ်အောင်တိုက်ပါ၊ စက်ဝိုင်းသဏ္ဍာန်ဝိုက်ပြီးတိုက်ပါ။ ဘေးတိုက်ကန့်လန့် မတိုက်ရပါဘူး။ သွားတိုက်တာကြမ်းရင် သွားကြွေလွှာပျက်စီးနိုင်တယ်၊ သွားဖုံးသွေးထွက်နိုင်တယ်၊ သွားကျဉ်နိုင်တယ်။

(၃) သွားတိုက်ဆေး ကောင်းကောင်းကို ရွေးသုံးပါ

သွားလည်းပုံမှန်တိုက်တယ်၊ သေချာလည်းဂရုစိုက်ပါတယ်။ ဒါပေမယ့် သုံးနေတဲ့ သွားတိုက်ဆေးက အရည်အသွေးမကောင်းရင် သွားနဲ့သွားဖုံးကို ယိုယွင်းစေနိုင်ပါတယ်။ သွားကိုဖြူဖွေးစေမယ့် သွားတိုက်ဆေးတွေအများကြီးရှိပေမယ့် အရည်အသွေးကောင်းပြီး ကိုယ့်အတွက် သင့်တော်မယ့်အမျိုးအစားကို ရွေးပါ။

(၄) သွားပွတ်ကြိုးသုံးပါ

သွားကြားထိုးတံကို လူသုံးများကြတယ်နော်။ သွားကြားထိုးတံထက် သွားပွတ်ကြိုးကမှ တကယ်သုံးသင့်တဲ့ပစ္စည်း ဖြစ်ပါတယ်။ သွားပွတ်ကြိုးက သွားတွေကြားကပ်ကျန်နေတဲ့ အစအနတွေနဲ့ သွားချေးတွေကို ဖယ်ရှားပေးနိုင်တာဖြစ်ပါတယ်။ ဒါတွေ မဖယ်ထုတ်နိုင်ရင် သွားဖုံးရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ စုလာနိုင်ပါတယ်။

(၅) သွားပွတ်တံ သက်တမ်းကို သတိထားပါ

နူးညံ့ပြီး တိုက်ရအဆင်ပြေတဲ့ သွားပွတ်တံကို ရွေးချယ်ဝယ်ယူကြမှာမှန်ပေမယ့် သွားပွတ်တံတစ်ချောင်းကို ၃ လထက် ပိုပြီးမသုံးသင့်ပါဘူး။ ၃ လတစ်ကြိမ် အသစ်လဲပါ။

(၆) ဆေးလိပ်၊ ကွမ်းဖြတ်ပါ

ဆေးလိပ်သောက်ခြင်းကြောင့် သွားပိုးပေါက်ဖြစ်စေနိုင်တယ်၊ ခံတွင်းအနံ့ဆိုးတွေ ထွက်လာမယ်။ ကွမ်းစားခြင်းကြောင့် သွားဖုံးရောဂါတွေဖြစ်မယ်၊ ရေစီးကမ်းပြိုလိုက်မယ်။ လျှာနဲ့ ခံတွင်းကင်ဆာတွေပါ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

ဒီလိုအခြေခံကျတဲ့ အလေ့အကျင့်ကောင်းတွေကို ဂရုစိုက်ကျင့်ယူလိုက်တဲ့အခါ ဖိုးဖိုးဖွားဖွားအရွယ် ရောက်တာတောင် သွားတွေကျန်းမာလှပနေဦးမှာ မယုံမရှိပါနဲ့နော်။ သွားနဲ့ခံတွင်း ကျန်းမာဖို့ အမြဲဂရုစိုက်ထိန်းသိမ်းကြရအောင်လား။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/dental-and-oral-health/ways-to-keep-gums-healthy#use-fluoride-toothpaste

Accessed Date Dec 12, 2019.

https://www.webmd.com/oral-health/teeth-and-gum-care#1

Accessed Date Dec 12, 2019.

https://www.medicalnewstoday.com/articles/323534.php#summary

Accessed Date Dec 12, 2019.

https://www.nhs.uk/live-well/healthy-body/take-care-of-your-teeth-and-gums/

Accessed Date Dec 12, 2019.

ယခုပုံစံ

26/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement