သင့်ကျန်းမာရေးဟာ သင်စားနေတဲ့အရာတွေပေါ် မူတည်တယ်လို့ အဆိုရှိပါတယ်။ သင့်ရဲ့သွားကျန်းမာရေးအတွက်ဆိုလည်း အလားတူပါပဲ။ သင်စားသုံးလိုက်တဲ့ အရာတွေဟာ သင့်သွားနဲ့ခံတွင်း ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ အချို့သော အစားအသောက်များဟာ သွားကျောက်တည်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ သွားကျောက်များမှာ ဘက်တီးရီးယားတွေလည်း ကပ်ငြိနေနိုင်ပြီး သွားဖုံးရောဂါများနဲ့ သွားပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အချိုဓာတ်ကဲတဲ့ အစားအသောက်တွေဟာ ဘက်တီးရီးယားတွေဆီကနေ အက်ဆစ်များထွက်လာစေပြီး သွားများရဲ့ အပေါ်ယံကြွေလွှာကို ပျက်စီးစေပါတယ်။ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။