သွားတိုက်ဆေးမှာပါတဲ့ ကာလာကုတ် အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

သွားတိုက်ဆေးအခွံမှာ ပါတဲ့ အရောင်တွေနဲ့ မှတ်သားထားတဲ့ လေးထောင့်ပုံသင်္ကေတလေးက အထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို ဖော်ပြနေတာမဟုတ်ပါဘူး။ သွားတိုက်ဆေးဝယ်ရင်း အခွံအောက်ခြေက အရောင်ပါတဲ့ သင်္ကေတလေးကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်။ ဒါက ဘာကိုရည်ညွှန်းလဲဆိုတာ သင်သိရင်တော့ အံသြသွားပါလိမ့်မယ်။

ဒီအရောင်ပါတဲ့ သင်္ကေတအမှတ်အသားလေးက အထဲမှာ ပါဝင်တဲ့အရာတွေကို ရည်ညွှန်းတယ်ဆိုပြီး လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီဟာလေးက အထဲမှာပါတဲ့အရာတွေ ဥပမာ – ဓါတုပစ္စည်း ၊ သဘာဝပစ္စည်း ၊ ဆေးဘက်ဆိုင်ရာ စသည်ဖြင့်ဖော်ပြနေတယ်လို့ ထင်နေကြတာပါ။ ဒီအချက်အလက်တွေက တကယ်တမ်းတော့ သိပ်ရှင်းလင်းမှုမရှိဘဲ အသုံးမဝင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝပစ္စည်းများသာ ပါသည်လို့ ပြထားပေမယ့် ဓါတုပစ္စည်းတွေလည်း ပါနေနိုင်ပါတယ်။ နောက်ပြီး ဆေးဘက်ဆိုင်ရာတွေ ပါဝင်တယ်ဆိုတာလည်း သိပ်ပြီး တိကျမှုမရှိပါဘူး။
ဟုတ်ပါတယ် ဒီအရောင်အမှတ်အသားလေးက အထဲမှာပါတဲ့အရာတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဒါလေးက ထုတ်လုပ်မှုဖြစ်စဉ်အတွက် လိုအပ်တဲ့ လေဆာနဲ့ဓါတ်မှန်ရိုက်ရာမှာ အသုံးချတဲ့ အမှတ်အသားတစ်ခု (eye mark , color mark) သာ ဖြစ်ပါတယ်။ ဒီလိုလေဆာနဲ့ဓါတ်မှန်ရိုက်ပြီး ထုတ်ပိုးမှုမှာ ဘယ်နေရာကို ဖြတ်မယ်၊ ဘယ်နေရာကို လိပ်မယ် ဆိုပြီး ဆုံးဖြတ်တဲ့အမှတ်အသားဖြစ်ပါတယ်။

အိုင်းမတ်ခ် (eye mark)

အိုင်းမတ်ခ်ဆိုတာ အင်တာနက်ကုန်ပစ္စည်းတွေမှာ အများစုတွေ့နိုင်တဲ့ စတုဂံပုံစံရိုက်နှိပ်ထားတဲ့ အမှတ်အသားကို စစ်ဆေးနိုင်မယ့် လျှပ်စစ်အာရုံခံအရာဖြစ်ပါတယ်။ ဒီအမှတ်အသားလေးက ထုတ်ကုန်တစ်ခုချင်းစီအတွက် ဘယ်နေရာကို ဖြတ်ရမယ်ဆိုတာ သတ်မှတ်ပေးပါတယ်။
အရောင်ပါတဲ့သင်္ကေတအမှတ်အသားလေးကတော့ အိုင်းမတ်ခ်လို (နောက်ဆုံးထုတ်ပိုးမှုအဆင့်ထိပါဖို့) မဟုတ်ပါဘူး။ အရောင်အမျိုးမျိုးပါဝင်နေတာက အမျိုးမျိုးသောထုတ်ပိုးမှုစနစ်နဲ့ အာရုံခံစက်များအတွက်ပဲ ဖြစ်ပါတယ်။
သွားတိုက်ဆေးတစ်ခုထဲ ဘာတွေပါလဲသိဖို့ကတော့ ဗူးပေါ်မှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်ရှုခြင်းပါပဲ။
အရောင်တွေကတော့ အင်တာနက်မှာ ပျံ့နှံ့နေပြီး ဒီအရောင်နဲ့အမှတ်အသားကို ဘယ်လိုရှာရမယ်၊ ဘယ်လိုအဓိပ္ပါယ်ဖော်ရမယ်ဆိုတဲ့ သတင်းအချက်လက်တွေကို မှားယွင်းစွာမျှဝေနေပါတယ်။ ဒါတွေက အများအားဖြင့် မမှန်ကန်ပါဘူး။

မှားယွင်းတဲ့အချက်အလက်များ
အပြာရောင် – သဘာဝ + ဆေး
အစိမ်းရောင် – သဘာဝ
အနီရောင် – သဘာဝ + ဓါတုပစ္စည်း
အမဲရောင် – ဓါတုပစ္စည်း
အမှန်တော့ အရောင်အမှတ်အသားတွေနဲ့ ပါဝင်ပစ္စည်းတွေက ဆက်စပ်မှု မရှိပါဘူး။ ဒါက ထုတ်လုပ်မှုအပိုင်းမှာ သုံးတဲ့အမှတ်အသားတွေ ဖြစ်ပါတယ်။ ဘယ်နေရာကို ဘယ်လိုဖြတ်မယ်။ ဘယ်လိုလိပ်မယ်။ လေလုံအောင်ဘယ်လိုလိပ်မယ်။ စသည်ဖြင့် သိရှိနိုင်တဲ့ အမှတ်အသားသာဖြစ်ပါတယ်။

သွားတိုက်ဆေးထဲမှာပါတဲ့ အရာတွေကို သိထားဖို့ အရေးကြီးပါတယ်။ ဒါကို သိဖို့အတွက် ဘူးခွံပေါ်မှာရေးထားတဲ့ ပါဝင်ပစ္စည်းများဆိုတဲ့နေရာကို ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွားတိုက်တံ လေးတွေကို သန့်ရှင်းအောင်၊ပိုးကင်းစင်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။

သွားတိုက်တံ သွားတိုက်ဆေး သွားကျန်းမာရေး အစာအကြွင်းအကျန် ရေပူနဲ့ဆေး ပလုပ်ကျင်းဆေးရည် သွားထိန်းကိရိယာ hydrogen peroxide အိမ်သာနဲ့အဝေးမှာထား ပိုးမွှား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံ

သွားတိုက်ဆေး ခံတွင်းနံ့ဆိုး အလှအပ အသုံးဝင်ပုံ ခံတွင်းနံ့ အမဲစက် လက်ဖက်ရည်ဇွန်း သံပရိုရည် အသားဖြူစေတယ် ခရမ်းချဉ်သီး ပိုးကောင်ကိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဘိုးဘိုးဘွားဘွားတွေအတွက် အံကပ် သန့်ရှင်းရေးလုပ်နည်း

အံကပ် ဘိုးဘိုးဘွားဘွား သွားစိုက် သွားတိုက် အံကပ်သန့်ရှင်းရေး စားကြွင်းစားကျန် ပလုတ်ကျင်း သွားပွတ်တံအပျော့ သွားတိုက်ဆေး သွားဖုံးအနာ သွားဖုံးနာ သွားဆရာဝန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

Mask နောက်ကွယ်က ခံတွင်းနံ့များ

COVID-19၊ Face Mask၊ Bacteria-killing mouthwash၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဓာတ်မတည့်၊ ခံတွင်း၊ အစာခြေစနစ်၊ ကော်ဖီ၊ အရက်သေစာ၊ ကြက်သွန်ဖြူ၊ ဆေးလိပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
သင့်အရေပြားပေါ် Permanent Marker မင်စွန်းတဲ့အခါ ဘယ်လိုဖျက်မလဲ

သင့်အရေပြားပေါ် Permanent Marker မင်စွန်းတဲ့အခါ ဘယ်လိုဖျက်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 1 min read
ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read