Dental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ထိရောက်သောကုသမှုပေးနိုင်သောသူများမှာ သွားဆရာဝန်များပင်ဖြစ်သည်။ သာမာန် ကုသမှုများဖြင့် ကုသနိုင်သလို တခါတရံတွင် ခွဲစိပ်မှုများပါပြုလုပ်ရတတ်သည်။
ပြည်တည်နာအားလှီးထုတ်ခြင်းဖြင့် ပြည်များအား ထုံဆေးဖြင့် ဖောက်ထုတ်လေ့ရှိသည်။
သွားတွင်းပြည်တည်ခြင်းအားကုသခြင်း – အတွင်းပိုင်း သွား၏အမြစ်မှ ပြည်များအားဖောက်ထုတ်ပေးရသည်။ သွား၏အတွင်းပိုင်းရှိ မကောင်းသောတစ်ရှူးစများနှင့်
ပြည်များအား သွားကိုအပေါက်ဖောက်ကာဖယ်ထုတ်ရသည်။ နောက်ဆက်တွဲပိုးမဝင်အောင်
ချန်လှပ်သွားသောနေရာများအား ဖာထေးပေးရသည်။
သွားပတ်လည်ပြည်တည်နာများအား ကုသခြင်း – ပြည်များအားဖောက်ထုတ်ကာ သွားပတ်လည်ချောင်နေရာများအား သန့်စင်ဆေးကြောပိုးသတ်ရသည်။ သွား၏အမြစ်နံရံများအား ညှိပေးကာ ချောမွတ်စေခြင်းဖြင့် ရောဂါပိုးဝင်ခြင်းကို ကာကွယ်ကာ အနာကျက်စေသည်။
သွားအတွင်းပိုင်းပြည်တည်နာများ ပြန်ဖြစ်ပါက မကောင်းသော တစ်ရှူးစများနှင့်သွား၊သွားဖုံးများအား သွားအထူးပြု ခွဲစိတ်ဆရာဝန်များမှ ဖြတ်တောက်ကုသပေးရသည်။
သွားပတ်လည်ပြည်တည်နာများပြန်ဖြစ်ပါကလည်း ခွဲစိတ်ဆရာဝန်များမှ သွားဖုံးသားများအား ပြန်လည်ပုံဖော်ညှိပေးခြင်းအားဖြင့် ချောင်များအား ပိတ်အောင်ခွဲထုတ်ကုသပေးရသည်။
ပြန်လည်ဖြစ်ပွားပါက သွားအားလိုအပ်လျှင် နှုတ်ကာ ကုသရတတ်သည်။
အနာသက်သာအောင်ကုနည်း
အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများ က ကုသမှုခံယူရန်စောင့်ဆိုင်းနေစဉ်
အနာသက်သာစေသည်။ ရေးသားထားသော ဆေး အညွှန်းများအား ဖတ်ကာ လိုက်နာသင့်ပြီး အနာသက်သာရုံနှင့် သွားဆရာဝန်အားပြသရန်မလိုဟု မထင်မှတ်ရပါ။
အက်စ်ပရင်၊အိုင်ဘူကရိုဖန်၊နှင့် ပါရာစီတမောတို့က အနာကျဆေးကောင်းများဖြစ်သည်။ သို့သော်အချို့ဆေးများက လူနာအချို့အတွက်မသင့်တော်ပေ။
ဥပမာ- ပန်းနာရင်ကျပ်ရှိပါက အိုင်ဘူပရိုဖန်အား မ သောက်သုံးရ။ အစာအိမ်အနာရှိပါကလည်းမသောက်သုံးရ။
အက်စပရင်ဆေးအားလည်း အသက်16နှစ်အောက်ငယ်ပါကလည်းကောင်း ကိုယ်ဝန်ဆောင်စဉ်ဖြစ်စေ နို့တိုက်နေဆဲ မိခင်တွင်လည်းကောင်း အသုံးမပြုရပါ။
ူလူနေမှုပုံစံနှင့် အိမ်သုံးကုထုံးများ
မည်ကဲ့သို့သော အနေအထိုင်များက ကုသမှုပိုမိုကောင်းမွန်စေသနည်း။
- အေးသော အစာများနှင့် အရည်များအား ရှောင်ကြည်ခြင်း
- ပူသော အစာများနှင့် အရည်များအား ရှောင်ကြည်ခြင်း
- အသင့်အတင့်အေးသောအစားအသောက်များကို ကောင်းသောသွားများရှိရာဘက်မှဝါးခြင်း
- ပြည်တည်နေသော နေရာအား မကလိခြင်း
- ပျော့ပျောင်းသန့်ရှင်းသော သွားပွတ်တံအားသုံးခြင်း။
ကျန်ရှိသော သိကောင်းစရာများအား ဆရာဝန်များနှင့် တိုင်ပင်ခြင်းသည်သာအကောင်းဆုံးဖြစ်သည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။