home

အရိုးပွရောဂါ

ကျန်းမာရေးဗဟုသုတ

အရိုးပွရောဂါ

ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေပိုင်ဆိုင်ဖို့ စားသုံးရမဲ့အစားအသောက်တွေသိရှိရုံနဲ့မပြီးသေးပါဘူး။ အရိုးကိုတဖြည်းဖြည်းအားနည်းစေနိုင်တဲ့ အစားအသောက်တွေကိုလည်းလျှော့ပြီးစားသောက်ဖို့လိုအပ်ပါသေးတယ်။ ဘယ်လို အစားအစာတွေလည်းဆိုတာ တစ်ချက်လေ့လာကြည့်ပါအုံး။ အရိုးတွေက ခန္ဓာကိုယ်တစ်ခုလုံးကိုထောက်ကန်ပေးထားတဲ့ စနစ်ကြီးပါပဲ။ ကိုယ်တွင်းကလီစာတွေကို ကာကွယ်ပေးထားတယ်၊ ကြွက်သားတွေ ကူညီတည်ဆောက်ပေးတယ်၊ နောက်ပြီးလူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း ဆုံးဖြတ်ပေးနိုင်တဲ့အတွက် သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေလို့ပြောရမှာပါ။ ငယ်ငယ်ကတည်းက တဖြည်းဖြည်းသန်မာလာတဲ့အရိုးတွေကို ဆက်ပြီးထိန်းသိမ်းဖို့အတွက် အစားအစာတွေကို ရွေးချယ်စားသုံးပေးဖို့လိုပါတယ်။ အရိုးကျန်းမာရေးအတွက်တတ်နိုင်သလောက်လျှော့ပြီး စားသုံးသင့်တဲ့ အဓိကအစားအစာ (၃) မျိုးရှိပါတယ်။ဒါတွေကတော့ နံပါတ် (၁) - ဆားပါဝင်မှုများတဲ့အစားအသောက်များ ဆားဆိုတဲ့အမျိုးက စားတိုင်းကောင်းတာ မဟုတ်ပါဘူး။ အငန်ဓာတ်ကဲတဲ့ အစားအသောက်တွေက သွေးတိုး၊ နှလုံးရောဂါတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ အစားအသောက်တွေမှာ ဆားကို လိုအပ်တာထက် ပိုထည့်ပြီး စားသုံးခြင်းက အရိုးပွရောဂါဖြစ်စေနိုင်ပါတယ်။ ဆားစားသုံးမှုများလေ ကိုယ်ထဲကကယ်လ်စီယမ်ဓာတ်တွေ ပိုဆုံးရှုံးလေဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆား ၂၃၀၀မီလီဂရမ်လောက်စားသုံးလိုက်တိုင်း ဆီးထဲကနေ ကယ်လ်စီယမ်ဓာတ် ၄၀မီလီဂရမ်လောက်ဆုံးရှုံးသွားတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်ဟာ တစ်ရက်ကို […]

အရိုးပွရောဂါ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အရိုးပွရောဂါ

အရိုးပွခြင်းဆိုတာ အရိုးတွေမှာရှိသင့်တဲ့ သိပ်သည်းဆ လျော့နည်းသွားခြင်း ဖြစ်ပါတယ်။ လူတိုင်းရဲ့ အရိုးများထဲမှာ ပျားအုံတစ်အုံလိုပဲ အခေါင်းပေါက်ငယ်ကလေးတွေ ရှိပါတယ်။ အရိုးပွခြင်းဖြစ်လာရင် အဆိုပါ အပေါက်ငယ်ကလေးများရဲ့ အရွယ်အစားဟာ ပိုမိုကျယ်ပြန့်လာပါတယ်။ ဒါကြောင့် အရိုးရဲ့ သိပ်သည်းဆရော ကြံ့ခိုင်မှုပါ အားနည်းလာပါတယ်။ အရိုးလည်း ပါးလျလာပြီး ထိခိုက်မိရင် ကျိုးပဲ့လွယ်လာပါတယ်။ အရိုးပွခြင်းဟာ ဘယ်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်း အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးပွနိုင်ခြေ အများဆုံး အရိုးများကတော့ နံရိုး၊ ပေါင်ရိုး၊ ခါးရိုးနဲ့ လက်ကောက်ဝတ်ရိုးများပဲ ဖြစ်ပါတယ်။ လက္ခဏာများ များသောအားဖြင့် ကနဦးလက္ခဏာ မတွေ့ရတတ်ပါဘူး။ အရိုးကျိုးသည့်တိုင်အောင် အရိုးပွတဲ့ အခြေအနေကို ကြိုတင်ပြီး မသိတာများပါတယ်။ တစ်ခါတရံမှာ တွေ့ရတတ်တဲ့ အခြေအနေတွေကတော့ - သွားဖုံးများ ချိုင့်ဝင်လာခြင်း - လက်များ ညှစ်ဆုပ်နိုင်မှု အားနည်းသွားခြင်း - လက်သည်းများ ကျိုးပဲ့လွယ်လာခြင်း […]

အရိုးပွရောဂါ

အသက်အရွယ်ကြီးလာတာနဲ့အမျှ အရိုးများကြံ့ခိုင်မှုအားနည်းသွားပြီး အရိုးပွခြင်း ဖြစ်လာနိုင်ပါတယ်။ အရိုးပွတဲ့အခါ ထိခိုက်မိရင် အရိုးများကျိုးပဲ့ပျက်စီးလွယ်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် ဗီတာမင်နဲ့ အာဟာရဓာတ်တချို့ကို စားသုံးပြီး ကာကွယ်နိုင်ပါတယ်။ အစားအစာများကတဆင့် လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိနိုင်သလို ဖြည့်စွက်စာများ အားဆေးများ သုံးစွဲရာကနေလည်း ရရှိနိုင်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် အောက်ပါအာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ကယ်လ်ဆီယမ် ကယ်လ်ဆီယမ်ဟာ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် အရေးအကြီးဆုံး သတ္တုဓာတ်ဖြစ်ပါတယ်။ များသောအားဖြင့် အစားအစာများကနေ ရရှိနိုင်ပြီး လုံလောက်မှုမရှိမှသာ အားဆေးအနေနဲ့ သုံးစွဲနိုင်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ဟာ တစ်ကြိမ်ကို ကယ်လ်ဆီယမ် ၅၀၀ မီလီဂရမ်ထက်ပိုပြီး မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် ဖြည့်စွက်စာဆိုရင် အချိန်ခွဲပြီး သောက်သုံးရပါတယ်။ အစားအစာနဲ့ အားဖြည့်ဓာတ်စာကို အတူသုံးစွဲတာ ခန္ဓာကိုယ်က စုပ်ယူခြင်းအတွက် ကောင်းစေပါတယ်။ ကယ်လ်ဆီယမ်များတဲ့ အစားအစာတွေကတော့ ဗီတာမင် D အရိုးပွခြင်းကိုကာကွယ်ဖို့အတွက် ဗီတာမင် D ဟာလည်း […]

အရိုးပွရောဂါ

အရိုးတွေသန်မာစေရန် ကယ်ဆီယမ်နှင့် ဗီတာမင်ဒီတို့ လိုအပ်တယ်ဆိုတာကို လူတိုင်းသိကြပါလိမ့်မယ်။ ဒီအာဟာရဓာတ်တွေအပြင် ဗီတာမင်စီ၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ကလည်း အရိုးတွေရဲ့ သိပ်သည်းဆကို အားဖြည့်ပေးနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ အရိုး များသန်မာလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အစိမ်းရင့်ရောင်အရွက်များ နို့ထွက်ပစ္စည်းတွေမှာပဲ ကယ်ဆီယမ်ကြွယ်ဝတယ်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ ကိုက်လန်၊ ဂေါ်ဖီထုပ်စတဲ့ အစိမ်းရင့်ရောင်အရွက်အများစုမှာလည်း ကယ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါ့အပြင် ဗီတာမင်ကေလည်း ပါဝင်သေးတာမို့ ပုံမှန်စားပေးခြင်းဖြင့် အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ (၂) အာလူး အရိုးကျန်းမာရေးအတွက် မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်တွေကလည်း အားဖြည့်ကူညီပေးပါသေးတယ်။ မဂ္ဂနီဆီယမ်ဓာတ်နည်းပါးနေပါက ဗီတာမင်ဒီကိုပါ မမျှမတဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် အရိုးထဲကနေ ကယ်ဆီယမ်ဓာတ်တွေကို စစ်ထုတ်ပစ်နိုင်တဲ့ အက်ဆစ်တွေကိုလည်း ပိုတက်ဆီယမ်ကချေဖျက်ပေးပါသေးတယ်။ အာလူးနှင့် ကန်စွန်းဥတွေဟာဆိုရင် မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်နှစ်မျိူးလုံး ကြွယ်ဝစွာ ပါဝင်တဲ့အတွက် မကြာခဏစားပေးသင့်ပါတယ်။ (၃) ချဉ်သောအသီးများ ချဉ်သောအသီးများတွင်ပါဝင်သော ဗီတာမင်စီဟာဆိုရင် အရိုးနှင့် […]

အရိုးပွရောဂါ

အရိုးပွ ရောဂါဟာ အရိုးအတွင်းမှာရှိတဲ့ အပေါက်လေးတွေက ပိုကျယ်လာပြီး အရိုးက တဖြည်းဖြည်းပါးလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆလည်း နည်းလာပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ အရိုးအားနည်းလာပြီး ကျိုးလွယ်တာတွေကို ဖြစ်လာစေပါတယ်။ အရိုးပွရောဂါဟာ အသက်ကြီးတဲ့ မိန်းမတွေမှာ အဖြစ်များပြီး လက်ကောက်ဝတ်၊ ခါးဆစ်ရိုးနဲ့ ကျောမကြီးတွေမှာ အဓိက ထိခိုက်တတ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီရောဂါ ဖြစ်လာခဲ့မယ်ဆိုရင် နေ့စဉ်လူနေမှုဘဝကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရိုးပွရောဂါ ဖြစ်နိုင်ချေကို များစေတဲ့ အကြောင်းအရင်းတွေထဲမှာ ကြိုတင်ကာကွယ်လို့မရတဲ့၊ ပြောင်းလဲလို့မရတဲ့ အကြောင်းအရင်း တွေရှိသလို ကာကွယ်လို့ရတဲ့ အကြောင်းအရင်းလေးတွေလည်း ရှိပါတယ်။ ကြိုတင်ကာကွယ်လို့မရတဲ့ အကြောင်းအရင်းများ။  ၁။ အသက်အရွယ်ကြီးခြင်းကြောင့်။ ငယ်ရွယ်သူတွေမှာ ပုံမှန်အားဖြင့် အရိုးတွေပျက်စီး ထိခိုက်တဲ့အခါ အရိုးအသစ်လေးတွေကို အမြန်ပြန်ပြီးတည်ဆောက်နိုင်ကြပါတယ်။ အသက်ကြီးလာတဲ့အခါမှာတော့ အရိုးအသစ်တွေကို တည်ဆောက်တဲ့ နှုန်းကျဆင်းလာပြီး အရိုးအဟောင်းတွေ ပျက်စီးတဲ့နှုန်းက များလာပါတယ်။ […]

အရိုးပွရောဂါ

National Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီး အရိုးကျိုးမှုပေါင်း ၂၃၀၀၀ လောက်ရှိနေတယ်လို့ဆိုပါတယ်။ အရိုးပွခြင်းဟာ National Osteoporosis foundation အရ USA မှာ ၄၄ သန်းသော လူတွေမှာ အရိုးပွရောဂါ ခံစားနေရပြီးဒါဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ NOF က အခုအခါမှာ လူဆယ်သန်းလောက်မှာ အရိုးပွရောဂါဖြစ်ပွားနေပြီး ၃၄ သန်းလောက်မှာတော့ အရိုးအလေးချိန်နည်းခြင်းရှိတာကြောင့် သူတို့ဟာလည်း အရိုးပွရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။   အရိုးပွတယ်ဆိုတာဘာလဲ။ အရိုးပွသူတွေရဲ့ အရိုးဟာ ပါးပြီးတော့ အားနည်းတတ်ပါတယ်။ Osteo ဆိုတဲ့ စကားဟာ ဂရိဘာသာစကား Osteon ကနေ ဆင်းသက်လာပြီးတော့ အရိုးလို့အဓိပ္ပါယ်ရပြီး porosis ကတော့ အပေါက်၊ ဖြတ်သွားတဲ့ […]

အရိုးပွရောဂါ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy