backup og meta

အသက် ၆၅ နှစ်ကျော်ချိန်မှာ သင့်အရိုးကျန်းမာနေဖို့ဆိုရင်


Ye Zon Aung မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၆၅ နှစ်ကျော်ချိန်မှာ သင့်အရိုးကျန်းမာနေဖို့ဆိုရင်

    အရိုး ဟာ အမြင်အားဖြင့်ဆိုရင် လူ့ခန္ဓာကိုယ်မှာ မာကျောတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် သူ့မှာလည်း သက်တမ်းရှိပါတယ်။ ကိုယ်ထိန်းသိမ်းရင် ထိန်းသိမ်းသလောက်၊ ဂရုစိုက်ရင် ဂရုစိုက်သလောက်တော့ ကျန်းမာမှာပေါ့။

    ဒီလိုမဟုတ်ပဲ နေထိုင်စားသောက်ပုံမဆင်ခြင်ပဲ နေထိုင်သွားမယ်ဆိုရင်တော့ သင်အသက်ကြီးလာချိန်မှာ သင့်ကို အရင်ဦးဆုံး ဒုက္ခပေးမှာက အရိုးပါပဲ။

    အရိုးမကောင်းတော့လို့ သွားရေးလာရေးမကောင်း၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်နိုင်ဘူးဆိုရင် စိတ်လည်းပိုပင်ပန်းလာမှာဖြစ်သလို တခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖိတ်ခေါ်နေသလိုဖြစ်သွားမှာပါ။

    ဒါကြောင့် အရိုးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်ဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လှပါတယ်။ အသက် ၆၅ နှစ်ကျော်လွန်ချိန်မှာ သင့်အရိုးတွေ ကျန်းမာနေဖို့ဆိုရင် ခုချိန်ကတည်းက သင်လိုက်နာပြုလုပ်ထားရမယ့် အချက်တွေရှိထားပါတယ်။

    ကဲ လိုက်လုပ်ကြည့်ကြမလား …

    ကျန်းမာအောင်နေပါ

    ယနေ့ သင့်ခန္ဓာကိုယ်ကျန်းမာမှုဟာ အနာဂတ်ကျန်းမာရေးအခြေအနေတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။

    ခန္ဓာကိုယ်ကြီးတစ်ခုလုံးကျန်းမာနေအောင် စောင့်ရှောက်ဖို့လိုအပ်သလို ဦးခေါင်းနဲ့ တခြားအစိတ်အပိုင်းတွေကိုလည်း ကျန်းမာအောင် ကာကွယ်ရပါမယ်။ ရာသီပေါ်ရောဂါတွေနဲ့ ကင်းဝေအောင်လည်း နေသင့်ပါတယ်။ ဒီလိုနေထိုင်မှ အနာဂတ်သင့်ကျန်းမာရေးအတွက် အခြေခံကောင်းတွေ အုတ်မြစ်ကောင်းတွေ ဖန်တီးသွားရာရောက်မှာပါ။

    တက်တက်ကြွကြွရှင်သန်ပါ

    ပျင်းရိခွေခေါက်နေတာက အမြင်တင် မတင့်တယ်တာမဟုတ်ပါဘူး။ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း သက်ရောက်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတာလည်း သေချာစေပါတယ်။ ဒီပုံနဲ့ဆို သင်အသက်ကြီးလာရင် အရိုးတင်မက တခြားအစိတ်အပိုင်းတွေပါ ကျန်းမာဖို့ ခက်ပါလိမ့်မယ်။

    လေ့ကျင့်ခန်းလုပ်ပါ

    ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို ပြုလုပ်ထားသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ကြွက်ကသားနဲ့ အရိုးတွေကို ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ Gym သွားခိုင်းတာလို့ မမှတ်ယူပါနဲ့။ လေ့ကျင့်ခန်းဆိုတာ အိမ်မှာလုပ်လည်းရပါတယ်။ ကိုယ်နဲ့ ကိုက်ညီပြီး အရိုးကိုလည်း အကျိုးပြုမယ့်လေ့ကျင့်ခန်းမျိုးတွေကို ရွေးချယ်ပြုလုပ်ပါ။

    ပုံမှန်အားဖြင့် တစ်ပတ်ကို မိနစ် ၁၅၀ နဲ့အထက် ပြုလုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်မယ်ဆိုရင်တော့ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ် ၅ ရက်လောက် ပြုလုပ်သင့်ပါတယ်။ ကတာ၊ ယောဂကျင့်တာနဲ့ တိုက်ချိကစားတာတွေကလည်း အရိုးကို သန်မာစေနိုင်တာကို မမေ့ပါနဲ့။

    အရိုးပွရောဂါမဖြစ်အောင် သတိထားနေထိုင်ပါ

    အရိုးပွရောဂါက အသက်အရွယ်ကြီးရင့်ချိန်မှာ လူကြီးတွေကို ဒုက္ခအပေးဆုံး ရောဂါတစ်မျိုးပါ။ ဒီရောဂါကို ကာကွယ်နိုင်ဖို့ ဂရုစိုက်နေထိုင်ဖို့လိုအပ်ပြီး လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေလည်း ပုံမှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

    အရိုးကို သန်မာစေမယ့် အစားအစာတွေ မှီဝဲပါ

    ဗီတာမင် D ၊ ကယ်လ်ဆီယမ်၊ ပရိုတိန်းစတာတွေ ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကို နေ့စဉ်မှီဝဲပေးရပါမယ်။

  • ကယ်လ်ဆီယမ်ဟာ အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်၊
  • ဗီတာမင် D ကတော့ ခန္ဓာကိုယ်က ကယ်လ်ဆီယံဓာတ်ကို စုပ်ယူနိုင်စေဖို့ ကူညီပါတယ်၊
  • ပရိုတိန်းကတော့ ကြွက်သားတွေကို သန်မာစေမှာပါ။
  • အခြားနည်းလမ်းများ

    အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအပြင် တခြားနည်းလမ်းတွေလည်း ကျန်ရှိနေပါသေးတယ်။ ဒါတွေကတော့

    • မျက်စိစစ်ဆေးပါ – အမြင်အာရုံ အားနည်းတာ၊ ချို့ယွင်းတာတွေက ခန္ဓာကိုယ် ဟန်ချက်ညီမှုနဲ့ တည်ငြိမ်မှုကို ပျက်ယွင်းစေတတ်တာမို့ အရိုးထိခိုက်မှုဖြစ်ပေါ်ဖို့ နီးစပ်စေတာကြောင့်ပါ။
    • အကြားအရုံစစ်ဆေးပါ – အကြားအာရုံနဲ့သက်ဆိုင်တဲ့ ပြဿနာတွေကလည်း ခန္ဓာကိုယ် ဟန်ချက်ညီမှုကို အနှောင့်အယှက်ပေးတတ်ပါတယ်၊
    • ခြေထောက်ကို မပြတ်စစ်ဆေးပါ – ခြေထောက်မှာ နာကျင်တာ၊ ကိုက်ခဲတာစတာတွေ တစ်ခုခုဖြစ်လာတယ်ထင်ရင် စစ်ဆေးပါ၊
    • ပုံမှန်ဆေးဝါးဓာတ်စာ မှီဝဲပါ – အသက်ကြီးမှ ဆေးဝါးမှီဝဲတာမျိုးထက် လူလတ်ပိုင်းအရွယ်ကတည်းက အာဟာရဖြည့်စွက်မှုတွေ ပြုလုပ်တာက ရေရှည်အတွက်ပိုအကျိုးဖစ်ထွန်းစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement