backup og meta

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

    အမျိုးသားတွေရဲ့ လိင်အင်္ဂါသည် စိုထိုင်းပြီး ချွေးအောင်းတဲ့ နေရာမှာ ရှိတဲ့အတွက် ရံဖန်ရံခါ ယားယံတာမျိုးတော့ ဖြစ်တတ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အမြဲလိုလို ဝှေးစေ့က ယားယံပြီး ကုတ်နေရတယ်ဆိုရင်တော့ ဒီအချက်တွေကို စစ်ကြည့်ဖို့တော့ လိုမယ်နော်။

    ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

    ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဘာတွေဖြစ်မလဲ။

    ၁။ ရေချိုးပြီးပြီလား။

    တစ်နေ့လုံး ရေလည်း လုံးဝမချိုးထားဘူးဆိုရင် ဝှေးစေ့မှာ ချွေး၊ အဆီ၊ အညစ်အကြေးတွေ ရောပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားကာ ယားယံခြင်းတွေ ဖြစ်စေပါတယ်။ ရေချိုးဖို့ လိုအပ်နေပြီလားဆိုတာကို ဝှေးစေ့ကို ကိုင်ပြီးစမ်းကြည့်တဲ့အခါ မှိုစော်၊ အောက်စော် အနံ့ရမရ နမ်းကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ဖြစ်ဖြစ် ရေချိုးပေးဖို့တော့ လိုပါတယ်။ ကိုယ်က ချွေးထွက်သန်တဲ့သူ၊ ကိုယ်နံ့ပြင်းတဲ့သူဆိုရင် မနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေချိုးပေးရင် အကောင်းဆုံးပါပဲ။

    ၂။ အဝတ်အစားတွေ သန့်ရှင်းရဲ့လား။

    ယောက်ျားလေး အများစု လုပ်တတ်ကြတဲ့ ပြဿနာက အတွင်းခံတွေ၊ ဘောင်းဘီတွေကို ထပ်ခါတလဲလဲ ပြန်ဝတ်တာပါ။ လိင်အင်္ဂါဆိုတာ ရောဂါပိုးမွှားပေါင်းစုံ အောင်းနေတဲ့ နေရာပါ။ အဲဒီလို နေရာတွေနဲ့ အမြဲထိတွေ့နေရတဲ့ ဘောင်းဘီ၊ အတွင်းခံတွေဆိုတာလည်း တစ်နေ့ တစ်ထည်တော့ ပုံမှန်လဲပေးဖို့ လိုပါတယ်။ ဒီလို အဝတ်မလဲဘဲ ဒါကိုပဲ ပြန်ဝတ်နေရင်တော့ ဘက်တီးရီးယားပိုးတွေ အောင်းပြီး ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအတွက် မလျှော်ရသေးတာတွေ လျှော်မယ့်အပုံထဲ ထည့်ပြီး လျှော်ပြီးသား အသစ်တစ်ထည် အမြန်ယူဝတ်လိုက်ပါ။

    ၃။ အတွင်းခံတွေ ဝတ်ထားလို့လား။

    ချည်သားမဟုတ်တဲ့ အရမ်းကျပ်တဲ့ အတွင်းခံတွေကို တစ်နေကုန် ဝတ်ဆင်ထားတဲ့အခါ ချွေးတွေက အတွင်းခံထဲမှာ ငုပ်ပြီး အောင်းနေတတ်ပါတယ်။ ဒီတော့ ဘက်တီးရီးယားပိုးတွေ ပေါက်ပြီး ယားယံသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အပြင်သွားတော့မယ်ဆိုရင် လေဝင်လေထွက် ကောင်းတဲ့ ချည်သားအတွင်းခံတွေကိုပဲ ဝတ်ဆင်ပေးပါ။ အရမ်းကျပ်နေအောင် မဝတ်ပါနဲ့။ အိမ်မှာနေရင် အတွင်းခံ မဝတ်ပါနဲ့။

    ၄။ ဝှေးစေ့မှာ အနာပေါက်နေလားဆိုတာ ကြည့်ပါ။

    တစ်ခါတလေ ဝှေးစေ့မှာ ဒဏ်ရာဖြစ်မိပြီး အနာကျန်ခဲ့ရင် ချွေး၊ အဆီတွေဝင်ပြီး ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ အနာအရမ်း မကြီးရင်တော့ ဒီအတိုင်း ဆေးမထည့်ဘဲ တစ်ကိုယ်ရေသန့်ရှင်းရေး သေချာလုပ်ပေးရင် ရပါပြီ။ အနာအရမ်း ကြီးတာ၊ ပြည်တည်နေတာဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တစ်ချက်သွားပြကြည့်ပါ။

    ၅။ ပွေး၊ ဝဲ၊ ညှင်းတွေကြောင့်လား။

    ကိုယ့်အရေပြားနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို သေချာဂရုမစိုက်တတ်သူတွေဟာ အောက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာလည်း သတိမထားတတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ယားနေတယ်လို့ သတိထားမိရင် ဝှေးစေ့ကို သေချာစစ်ဆေးကြည့်ပါ။

    အနီရောင်ပွေးကွက်တွေ၊ အနီဖုလေးတွေ၊ ဝဲခြောက်လေးတွေ ပေါက်နေတာ ရှိ၊ မရှိကို စစ်ကြည့်ပါ။ တွေ့ရတယ်ဆိုရင်လည်း အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဆိုင်က ဆေးတွေ လျှောက်ဝယ်ပြီး မလိမ်းပါနဲ့။

    အမျိုးသားတို့လည်း ခုလို မိုးရာသီမှာ အရေပြားပြဿနာတွေ၊ လိင်အင်္ဂါ ယားယံတာတွေ အဖြစ်များတဲ့အတွက် ကိုယ့်ကျန်းမာရေးကိုယ် သေချာဂရုစိုက်ကြပါလို့ ထပ်ပြီး တိုက်တွန်းလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement