ယောက်ျားလေးတွေ ဗိုက်ထဲမှာ သန္ဓေသားအဖြစ်နဲ့ ကြီးထွားလာတဲ့အခါကတည်းက ဝှေးစေ့တွေ စတင်ဖွံ့ဖြိုးလာပါတယ်။ စစချင်းမှာ ဝမ်းဗိုက်ထဲမှာသာ ဝှေးစေ့ရှိနေပြီး ကိုယ်ဝန်သက်တမ်းရင့်လာတာနဲ့အမျှ ဝှေးစေ့က အောက်ကို ပြုတ်ကျသွားကာ ပုံမှန်အနေအထားကို ရောက်ရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေးခြင်းကြောင့် ဝှေးစေ့က အောက်ကို ပြုတ်ကျမလာဘဲ ဗိုက်ထဲမှာ ကျန်နေလျက်နဲ့ မွေးလာတဲ့အခြေအနေမျိုးလည်း ကြုံလာနိုင်ပါတယ်။ ဒါကို ဝမ်းဗိုက်တွင်း ဝှေးစေ့ကျန်ခဲ့ခြင်း (Undescended Testicle သို့မဟုတ် ဆေးအခေါ်အရ Cryptorchidism) လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်ထဲကျန်နေခဲ့တာ ဝှေးစေ့တစ်လုံးထဲလည်း ဖြစ်နိုင်သလို ၂လုံးလုံး ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။