မိုးရာသီရောက်လာပြီဆိုတော့ မိုးအမြောက်အများ ရွာသွန်းမှုရဲ့ နောက်ကွယ်မှာ ရေကြီးရေလျှံမှုတွေ ရှိလာနိုင်ပါတယ်။ ကမ္ဘာနှင့်တဝှမ်းမှာလည်း မိုးရာသီကာလ ရောက်လာတိုင်း နှစ်စဉ် နှစ်တိုင်း ရေကြီးရေလျှံမှုတွေ ကြုံရစမြဲပါ။ လူသားတွေဟာ ရေကြီးမှုနဲ့အတူ အသက် အန္တရာယ်၊ စားဝတ်နေရေးပြဿနာတွေကိုသာ ရင်ဆိုင်ရတာမဟုတ်ပါဘူး။ လျှံလာတဲ့ ရေတွေဟာ အညစ်အကြေးတွေများစွာ ပါဝင်တာမို့ ရေကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း နောက်ဆက်တွဲအနေနဲ့ ခံစားကြရပါတယ်။ ဒါ့အပြင် စီးဆင်းမှုမရှိ၊ တည်ငြိမ်နေတဲ့ရေဟာ ခြင်ပေါက်ပွားနိုင်တဲ့ အဓိကအကြောင်းအရင်း ဖြစ်တာနဲ့အညီ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး ရဲ့ အဆိုအရ ရေကြီးရေလျှံမှုတစ်ခုရဲ့ နောက်ကွယ်က ရောဂါ(၆)မျိုးကို မျှဝေပေးလိုက်ပါတယ်။