အဓိပ္ပါယ်ဖွင့်ဆိုချက်
Chagas Disease (Chagas ရောဂါ ) ကဘာလဲ။
Chagas ရောဂါဆိုတာဟာ triatomine ပိုးကောင်ရဲ့ မစင်ထဲမှာ တွေ့ရတဲ့ ပါရာဆိုက်ကပ်ပါးတမျိုးကြောင့် ဖြစ်ပေါ်လာရတဲ့ ကူးစက်ရောဂါတမျိုး ဖြစ်ပါတယ်။triatomine ပိုးကောင်ရဲ့ အဓိကကျက်စားရာနေရာတွေဖြစ်တဲ့ တောင်အမေရိက၊ဗဟိုအမေရိကနဲ့ မက္ကဆီကိုတို့မှာ Chagas ရောဂါကို အများဆုံး တွေ့ရလေ့ရှိတယ်ဆိုပေမယ့် အမေရိကန်နိုင်ငံတောင်ဖက်ပိုင်းမှာလည်း ရှားရှားပါးပါးဆိုသလို တွေ့ရတတ်သေးတာမို့ American trypanosomiasis လို့လည်း ခေါ်ပါသေးတယ်။Chagas ရောဂါဟာ ဘယ်သူမဆိုဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ကလေးသူငယ်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။Chagas ရောဂါဟာ မကုသဘဲ ထားမယ်ဆိုရင် နှလုံးနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာဆိုးဆိုးရွားရွားတွေကို ဆက်လက်ဖြစ်ပေါ်စေပါလိမ့်မယ်။