COVID-19 ဖြစ်ပွားချိန်မှာ မိဘတစ်ယောက်အနေနဲ့ မိမိကလေးအတွက် နည်းလမ်းကျကျ ဘယ်လို နေထိုင်သင့်သလဲဆိုတာ ပြောပြပေးပါမယ်။ သင်နဲ့ သင့်ကလေးရဲ့ အကျိုးအတွက် ဒီနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ပါ။
ထွက်မှာ သေချာပြီလား။
COVID-19 ဖြစ်ပွားချိန်မှာ မိဘတစ်ယောက်အနေနဲ့ မိမိကလေးအတွက် နည်းလမ်းကျကျ ဘယ်လို နေထိုင်သင့်သလဲဆိုတာ ပြောပြပေးပါမယ်။ သင်နဲ့ သင့်ကလေးရဲ့ အကျိုးအတွက် ဒီနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ပါ။
ကျောင်းပိတ်ထားတဲ့ အချိန်ဟာ ကလေးငယ်တွေ၊ ဆယ်ကျော်သက်လေးတွေနဲ့ မိဘတွေအကြား ဆက်ဆံရေး ပိုမိုခိုင်မာလာစေနိုင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းကို အချိန်ပေးလိုက်ခြင်းဟာ သူတို့လေးတွေကို ချစ်ခြင်းမေတ္တာနဲ့ လုံခြုံမှုတွေ ပေးစွမ်းနိုင်မှာပါ။
COVID-19 ဟာ သင်နဲ့ သင့်ကလေးတွေရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ပျက်ယွင်းစေပါတယ်။ သင့်ကလေးရဲ့ ကျောင်းကိစ္စတွေကိုပါ အခက်အခဲဖြစ်စေတတ်ပါတယ်။ ဒီတော့ တစ်နေ့တာလုပ်ငန်းဆောင်တာကို အသစ်ဖန်တီးသတ်မှတ်လိုက်ပါ။
ကမ္ဘာနဲ့အဝှမ်း ကပ်ရောဂါကြီးကို ခံစားနေရချိန်မှာ လူတိုင်း စိတ်ဖိစီးနေကြမှာပါ။ ဒါကြောင့် သင်ကိုယ်တိုင်ကြံ့ခိုင်နေရုံသာမက သင့်ကလေးကိုလည်း စိတ်ဖိစီးမှုကင်းဝေးအောင် ကြိုးစားပေးပါ။
ရောဂါအကြောင်းကို သူတို့လည်း ကြားသင့်သလောက် ကြားပြီးသားဖြစ်မှာပါ။ ကြောက်ရွံ့မှာစိုးလို့ ဖုံးကွယ်ထားတာမျိုးမလုပ်ဘဲ အမှန်အတိုင်းပွင့်ပွင့်လင်းလင်းပြောပေးပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။