COVID ကာလမှာ လူတွေ စိုးရိမ်နေကြတဲ့ နောက်တစ်မျိုးကတော့ စျေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ဗိုင်းရပ်စ်ကပ်ပါလာမှာကို စိုးရိမ်တာပါ။ ဒါကြောင့် စျေးက ပြန်လာတာနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆပ်ပြာနဲ့ ဆေးတော့တာပါပဲ။ တစ်လောကဆို ဟင်းရွက်တွေကို ပိုးသေအောင် ပိုးသတ်ဆေးဖြန်းတာပါ တွေ့လိုက်ရပါတယ်။ ဒါတွေက တကယ်ပဲ ပိုးသေတာလား။ ဒီလိုလုပ်လိုက်ရင် ဗိုင်းရပ်စ်မကူးတော့ဘူးလား စတာတွေကို ပြောပြပေးပါမယ်။