backup og meta

တရုတ် ကိုဗစ်ကာကွယ်ဆေး များအကြောင်း

မြန်မာနိုင်ငံအနေနဲ့ လတ်တလောမှာ အလွယ်တကူ လက်လှမ်းမှီနိုင်တာကတော့ တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး တွေပဲ ဖြစ်ပါတယ်။ တရုတ်မှာ ကာကွယ်ဆေး ဘယ်နှမျိုးရှိသလဲ။ ဘယ်လောက်အစွမ်းထက်သလဲ။ စိတ်ချရသလားဆိုတာတွေ ပြောပြပေးပါမယ်။

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ

တရုတ်နိုင်ငံမှာ လက်ရှိကိုဗစ် ကာကွယ်ဆေး ၅မျိုးရှိပါတယ်။

  • Sinovac 
  • Sinopharm (Beijing)
  • Sinopharm (Wuhan)
  • CanSino
  • Zhifei, Longcom (China)  တို့ပဲ ဖြစ်ပါတယ်။

ဒီထဲမှာ နောက်ဆုံးသိပ်မတွင်ကျယ်သေးတဲ့အတွက် ဒါတွေကို ထည့်မပြောတော့ပါဘူး။ ပထမ၃မျိုး အကြောင်း ပြောပြပါမယ်။

Sinovac ကိုဗစ်ကာကွယ်ဆေး

ဆေးအမျိုးအစား – ဗိုင်းရပ်စ်အသေမှ ထုတ်ထားသော ကာကွယ်ဆေး

သိမ်းဆည်းအပူချိန် -၂-၈ ဒီဂရီ

အကြိမ်အရေအတွက် – ၂ကြိမ်

ဆေးအကြိမ်ကြား ကြာချိန် -၂-၄ပတ်

WHOမှ အရေးပေါ်အသုံးပြုခွင့်ရသည့်ရက် – ဇွန်လ ၁ရက် ၂၀၂၁

ဆေးစွမ်းထက်မှု – ဘရာဇီးမှာ ဒုတိယအကြိမ်ထိုးပြီး ၁၄ရက်အကြာ လေ့လာချက်အရ လက္ခဏာပြတဲ့ ကိုဗစ်ကူးစက်မှုကနေ  ၅၁ရာခိုင်နှုန်း၊ ပြင်းထန်နဲ့ ဆေးရုံတက်ရတဲ့ အနေအထားကနေ ၁၀၀ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဘရာဇီးနိုင်ငံမှာပဲ လေ့လာထားတဲ့ အဖြေဖြစ်ပါတယ်။

ဘယ်သူတွေ ထိုးသင့်လဲ- ၁၈-၆၀နှစ်ကြားရှိ လူတွေ အထူးသဖြင့် လူနာနဲ့ ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အသက်ကြီးတဲ့သူတွေကို ဦးစားပေးထိုးသင့်တယ်လို့ဆိုပါတယ်။ ရောဂါအခံဖြစ်ရင် ပြင်းထန်နိုင်တဲ့ အုပ်စု (ဥပမာ နှလုံးရောဂါ၊ အဝလွန်သူ)တွေလည်း ထိုးထားသင့်ပါတယ်။

ဘယ်သူတွေ မထိုးသင့်ဘူးလဲ – ပထမတစ်ခါထိုးပြီး ဓာတ်မတည့်တဲ့သူတွေ၊ လက်ရှိမှာ ကိုဗစ်ရောဂါခံစားနေရသူတွေ၊ ဆေးထိုးမယ့်ရက်မှာ ကိုယ်ပူချိန် ၃၈.၅ ဒီဂရီစင်တီဂရိတ် ရှိသူတွေ (အဖျားကျမှ ပြန်ထိုးပါ)

ကိုယ်ဝန်ဆောင်တွေ ထိုးလို့ရလား – ကိုယ်ဝန်ဆောင်တွေအတွက် တိကျတဲ့ အချက်အလက်မရှိသေးပါ။ WHOက ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေနဲ့ ဆေးအာနိသင် အတူတူလောက်ဖြစ်နိုင်လို့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆပြီး ထိုးချင်ထိုးပါလို့ အကြံပေးထားပါတယ်။ သာမန်လူတွေကတော့ မထိုးခင် ကိုယ်ဝန်ရှိမရှိ စစ်စရာ မလိုပါ။

နို့တိုက်မိခင်တွေ ထိုးလို့ရလား – ဒါလည်း တိကျတဲ့ အချက်အလက်မရှိတဲ့အတွက် ထိုးချင်ထိုးပါလို့ပဲ အကြံပေးထားထာကို တွေ့ရပါတယ်။ ဆေးထိုးဖို့ နို့ဖြတ်စရာတော့ မလိုပါဘူး။

ကိုယ်ခံအားကျသူတွေ ထိုးလို့ရလား -အထူးသဖြင့် HIVရှိတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ ဒါကလည်း တိကျတဲ့ အချက်အလက်မရှိသေးတဲ့အတွက် ထိုးလိုက ထိုးပါ။ ဗိုင်းရပ်စ်အသေဖြစ်တဲ့အတွက် ဥပါဒ်မဖြစ်လောက်ဘူးလို့ ယူဆပါတယ်တဲ့။

အရင်က ကိုဗစ်ဖြစ်ဖူးရင် ထိုးလို့ရလား – ရပါတယ်။ ဖြစ်ပြီး ၆လလောက် စောင့်ပါ။ ပိုးကူးထားရင် ၆လလောက် ကိုယ်ခံအားရနေလို့ ကိုယ်ခံအားမရှိသေးတဲ့သူတွေကို ဦးစားပေးစေချင်လို့ပါ။

မျိုးကွဲအသစ်ကို ကာကွယ်နိုင်စွမ်း – မသိရသေးပါ။ ဘရာဇီးနိုင်ငံမှာ လေ့လာချက်အရ လက္ခဏာပြကူးစက်ခြင်းကနေ ၅၀.၄ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးက စိတ်ချရလား – ၁၈-၆၀နှစ်ကြားပဲ စမ်းထားတာဖြစ်တဲ့အတွက် ၁၈နှစ်အောက်တွေကတော့ ထိုးစရာမလိုပါ။ ၆၀နှစ်နဲ့အထက်တွေကတော့ လုံလောက်တဲ့ စမ်းသပ်ချက်မရှိသေးတဲ့အတွက် ပြောမရပါတဲ့။ WHOကတော့ ၆၀အထက်တွေမှာလည်း စိတ်ချရမယ်လို့တော့ မျှော်လင့်ပါတယ်တဲ့။ ဒါပေမယ့် ထိုးမယ်ဆိုရင်တော့ active safety monitoring အနီးကပ်စောင့်ကြည့်ဖို့ လိုပါတယ်တဲ့။

Sinopharm (Beijing)ကိုဗစ်ကာကွယ်ဆေး

Sinopharmက ၂ခုရှိလို့ သတိထားပါ။ WHOကနေ ခွင့်ပြုထားတာ Beijingက BBIBP-CorVအမျိုုးအစား ဖြစ်ပါတယ်။ WHOကနေ အရေးပေါ်အသုံးပြုခွင့်ရတာ မေလ ၇ရက် ၂၀၂၁ပါ။ အချက်တွေအကုန်လုံးက အပေါ်က Sinovacနဲ့ တူတူပဲမို့လို့ သီးခြားမပြောတော့ပါဘူး။ ဆေး၂ကြိမ်ကို ၃-၄ပတ်ခွာထိုးရမှာဖြစ်ပြီး ဆေးစွမ်းထက်မှုက ၃ပတ်ခြား ဆေး၂ကြိမ်ထိုး၊ ၂ပတ်နေလို့ ခုခံအားတဲ့ ရတဲ့သူတွေက လက္ခဏာပြကူးစက်မှုကနေ ၇၉ရာခိုင်နှုန်း၊ ဆေးရုံတက်ရတာကနေ ၇၉ရာခိုင်နှုန်း ဖြစ်ပါတယ်။

တခြားထိုးရမယ့်သူ၊ မထိုးမယ့်သူ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ HIVပိုးရှိသူ၊ အသက်ကြီးတဲ့သူတွေမှာ စိတ်ချရမှုတွေက အတူတူပဲ ဖြစ်ပါတယ်။ လက်ရှိမျိုးကွဲကို ကာကွယ်သလားဆိုတာနဲ့ ပတ်သက်ပြီး အချက်အလက်မရှိသေးပါဘူး။ ဒါပေမယ့် ကိုဗစ်ကို ကာကွယ်ဖို့ ထိုးထားသင့်တယ်လို့ WHOက ဆိုပါတယ်။

Sinopharm (Wuhan)ကိုဗစ်ကာကွယ်ဆေး

ဒီဆေးက Sinopharmကိုမှ ဝူဟန်အင်စတီကျုက ထုတ်ထာပါ။ WHO ခွင့်ပြုချက်လည်း မရသေးပါဘူး။ ဖေဖော်ဝါရီလက ကြေညာချက်မှာ ဒီဆေးက ၇၂.၅၁ရာခိုင်နှုန်း စွမ်းတယ်ဆိုပေမယ့် စမ်းနေတဲ့ နိုင်ငံက နည်းနေပါသေးတယ်။ ၅နိုင်ငံမှာ စမ်းပြီး ၁နိုင်ငံ (တရုတ်)မှာပဲ ခွင့်ပြုချက်ရထားသေးတာပါ။

ဘာလို့ ဒါကို ပြောနေရတာလဲဆိုတော့ Sinopharmဆိုတာနဲ့ ထိုးမိမှာစိုးလို့ပါ။ ဆီနဲ့ ရေလို ကွာပါတယ်။

တရုတ်က ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ ခြုံပြီး ပြောရရင် အချက်အလက်တွေ အားနည်းနေတာပါ။ ဒါကြောင့် အပေါ်က စာတွေ ဖတ်ပြီးသွားတဲ့အခါ ‘ဟင် ဘာမှလည်း မသေချာပါလား’လို့ ခံစားရပါလိမ့်မယ်။ တကယ်လည်း အဲ့ဒီလိုပါပဲ။ တခြားကာကွယ်ဆေးတွေလို ကာကွယ်ဆေးထိုးပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ (ဥပမာ သွေးခဲတာ) ဖြစ်မဖြစ်နဲ့ ပတ်သက်ပြီးလည်း ကြေညာထားတာမျိုး မရှိပါဘူး။

ဒါကြောင့် အနောက်နိုင်ငံတွေက မသုံးသလောက်ပါပဲ။ ကောင်းကျိုးဆိုးကျိုးကို ချက်နဲ့ လက်နဲ့ မသိရလို့ပါ။ သူ့ရဲ့ အားသာချက်ကတော့ သိမ်းဆည်းအပူချိန်ပါ။ အနောက်နိုင်ငံက ဆေးတွေ အများစုက အနုတ်ဒီဂရီမှာ သိမ်းရတာတွေ များပါတယ်။ သူကတော့ ၂-၈ဒီဂရီပါပဲ။ ဒါတောင် အသိမ်းမတတ်ရင် Cold chainပျက်ပြီး အာနိသင်မရတာဖြစ်တတ်ပါတယ်။

ခုထိ တရုတ်ကကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ ဒီလောက်ပဲ သိရပါသေးတယ်။ အသစ်တွေ ထပ်သိမှ ထပ်မံဖြည့်စွက်ပေးပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://apnews.com/article/china-gao-fu-vaccines-offer-low-protection-coronavirus-675bcb6b5710c7329823148ffbff6ef9

https://www.who.int/news-room/feature-stories/detail/the-sinovac-covid-19-vaccine-what-you-need-to-know?gclid=CjwKCAjw0qOIBhBhEiwAyvVcf0ZK4J-NEAkp5_Xf2qKe6Lx0ZXLzjt-MsjMJ4jAqeun_THdc1OuqHhoC31kQAvD_BwE

https://www.who.int/news-room/feature-stories/detail/the-sinopharm-covid-19-vaccine-what-you-need-to-know

https://covid19.trackvaccines.org/vaccines/approved/

ယခုပုံစံ

09/09/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်ရော ဘာတွေ ဂရုစိုက်ဖို့ လိုဦးမလဲ......

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/09/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement