ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးနှံလို့ရလဲ၊ ဘယ်သူတွေ သတိထားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 18, 2021 . 2 mins read
Share now

COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ကာကွယ်ဆေးတွေ အမျိုးအမည် အမျိုးမျိုးထွက်ပေါ်လာနေပြီဖြစ်သလို တစ်ဖက်မှာလည်း Super Strain လို့ နာမည်ကြီးလာနေတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးမျိုးစိတ်သစ်ကလည်း ပိုမိုသောင်းကျန်းလာနေပါတယ်။

ဒါကြောင့် ခုကာလမှာ တိုင်းပြည်တိုင်းနိုင်ငံတိုင်းက ကာကွယ်ဆေးထိုးနှံရေးကို အာရုံစိုက်လုပ်ကိုင်နေကြပြီး လူတိုင်းကလည်း ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ မျှော်လင့်တောင့်တနေကြတာပါ။

ဒီလိုအခြေအနေမျိုးမှာ ကာကွယ်ဆေးတွေက တရားဝင်ခွင့်ပြုချက်မျိုးရရှိထားကြတာမဟုတ်ပဲ ယာယီအရေးပေါ်အသုံးပြုခွင့်သာ ရရှိထားသေးတာကတစ်ကြောင်း ပုံမှန်ကာကွယ်ဆေးတွေကို နှစ်နဲ့ချီပြီး အချိန်ယူစမ်းသပ်ဖို့လိုအပ်ပေမယ့် အခြေအနေအရ COVID-19 ကာကွယ်ဆေးတွေကိုတော့ ကာလတိုစမ်းသပ်မှုသာ ပြုလုပ်ပြီး ထုတ်လုပ်လာကြတာကတစ်ကြောင်း စသဖြင့် အခြေအနေတွေကြောင့် လူတိုင်းနဲ့ အဆင်ပြေနိုင်ပါမလားလို့လည်း စိုးရိမ်နေရပြန်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေက ဓာတ်မတည့်မှုတွေဖြစ်နိုင်တယ်ဆိုတာကိုလည်း လူတွေသိလာကြပြီမို့ စိုးရိမ်မှုတွေ ပိုတိုးပွားလာတာ မဆန်းလှပါဘူး။ ဒါကြောင့်လည်း ကာကွယ်ဆေးထိုးနှံရာမှာ ဘယ်သူတွေ ထိုးနှံနိုင်ပြီး ဘယ်သူတွေမှာတော့ အန္တရာယ်များတယ်ဆိုတာကို  ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောပြပေးချင်ပါတယ်။

ဘယ်သူတွေ ကာကွယ်ဆေးထိုးနှံနိုင်သလဲ

WHO ကရော ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးပညာရှင်တွေကရော အခိုင်အမာပြောဆိုထားတာကတော့ ကာကွယ်ဆေးတွေဟာ လူအများစုကို ထိုးနှံဖို့ အဆင်ပြေတယ်လို့ အခိုင်အမာ ဆိုထားကြပါတယ်။ ဓာတ်မတည့်မှုပြဿနာရှိသူတစ်ချို့ကလွဲပြီး ကျန်တဲ့သူအများစုမှာထိုးနှံနိုင်ပါတယ်တဲ့။

ဒါပေမယ့်လည်း အများစုလို့ ဆိုထားရတဲ့အကြောင်းအရင်းကတော့ ကာကွယ်ဆေးတွေရဲ့ သဘောသဘာဝအရ ဆေးဝါးတွေဟာ ၁၀၀% ကာကွယ်မှုမပေးနိုင်ကြသလို တစ်ချို့သောစမ်းသပ်မှုတွေကိုလည်း ပြီးစီးအောင် မပြုလုပ်နိုင်သေးတာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့်လည်း WHO က ဘယ်သူတွေမှာ ဆေးထိုးနှံလို့ရပြီး ဘယ်သူတွေသတိထားရမလဲဆိုတာကို အောက်ပါအတိုင်း အသိပေးထားပါတယ်။

  • ဓာတ်မတည့်မှုဝေဒနာရှိသူများပြင်းထန်တဲ့ ဓာတ်မတည့်မှု ဝေဒနာရှိသူတွေအနေနဲ့ ကာကွယ်ဆေးမထိုးနှံသင့်ပါဘူး။
  • ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ – လေ့လာစမ်းသပ်ချက်တွေပြုလုပ်စဉ်တုန်းက အန္တရာယ်များနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ၊ မွေးဖွားချိန်နီးနေတဲ့ မိခင်လောင်းတွေနဲ့ နို့တိုက်မိခင်တွေကို စမ်းသပ်မှု မပြုလုပ်ခဲ့ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကို ကာကွယ်ဆေးထိုးနှံဖို့ WHO က တိုက်တွန်းမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတာကြောင့် မဖြစ်မနေဆေးထိုးမယ်ဆိုရင်လည်း ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ တိုက်တွန်းထားပါတယ်။
  • ကလေးများ – ဆေးဝါးစမ်းသပ်မှုတွေဟာ အသက် ၁၆ နှစ်အထက် အရွယ်တွေကိုပဲ စမ်းသပ်မှုပြုလုပ်ခဲ့တာဖြစ်တာမို့ ကာကွယ်ဆေးတွေဟာ ကလေးတွေကို ထိခိုက်နိုင်သလားဆိုတာကို တိတိကျကျမသိနိုင်သေးသလို၊ ကာကွယ်ဆေးတွေက ကလေးတွေမှာ ထိရောက်မှု ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး။ WHO ကတော့ အသက် ၁၆ နှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးနှံဖို့ ထောက်ခံချက် မပေးထားပါဘူး။
  • ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေသူတွေ – ကာကွယ်ဆေးတွေဟာ အရွယ်ရောက်ပြီးသူတိုင်းမှာ ထိုးနှံလို့ရပါတယ်။ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိသူတွေအနေနဲ့ ရောဂါအန္တရာယ်ပိုများတာမို့ ပိုပြီးထိုးနှံသင့်ပါတယ်။ ဒါပေမယ့်လည်း သွေးတိုး၊ ဆီးချို၊ ရင်ကျပ်၊ အသည်း၊ ကျောက်ကပ်စတဲ့ ဝေဒနာရှိသူတွေအနေနဲ့ မူလရောဂါအခံရဲ့ အခြေအနေတည်ငြိမ်အောင် အရင်လုပ်ဖို့ လိုအပ်ပါတယ်တဲ့။
  • COVID-19 ရောဂါရှိသူတွေ (သို့) ရှိခဲ့ဖူးသူတွေ – ကာကွယ်ဆေးတွေဟာ ရောဂါဖြစ်ပြိး ပျောက်ကင်းသွားသူတွေအပေါ်မှာလည်း ထိရောက်မှုရှိပါတယ်။ ဒါပေမယ့် ရောဂါပျောက်ကင်းခဲ့ပြီးတဲ့ အချိန်ကာလပေါ်မူတည်ပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနက ချိန်ညှိ ထိုးနှံပေးမှာပါ။

WHO ရဲ့ လက်ရှိ အကြံပြုချက်ဟာ အမေရိကန်နိုင်ငံထုတ် Pfizer-BioNTech ရဲ့ COVID-19 ကာကွယ်ဆေးကို အခြေပြုပြီး လမ်းညွှန်ထားတာဖြစ်ပါတယ်။ အဆိုပါဆေးဝါးဟာ ၂ ကြိမ်ထိုးနှံရတဲ့ ဆေးဝါးဖြစ်ပြီး ပထမဆေးထိုးနှံပြီး ၁၂ ရက်အကြာမှာ ဒုတိယဆေးကို ထပ်မံထိုးနှံရမှာပါ။

မြန်မာနိုင်ငံမှာတော့ အိန္ဒိယနိုင်ငံ Serum Institute က ထုတ်တဲ့ Covidshield နဲ့ တရုတ်နိုင်ငံ Sinovac ကထုတ်လုပ်တဲ့ CoronaVac ဆေးဝါးတွေကို အသုံးချသွားမှာဖြစ်ပြီး အာနိသင်အနည်းငယ်ကွဲပြားပေမယ့် ဆေးဝါးထိုးနှံတဲ့ အကြိမ်ရေနဲ့ တခြားအပိုင်းတွေမှာ ကွာခြားချက်သိပ်မရှိဘူးလို့ သိထားရပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးကနေစတင်ခဲ့တဲ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘယ်လို အကျိုးဆက်တွေ ခံစားကြရလဲ

ကာကွယ်ဆေးထိုးနှံမှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ တကယ်ရှိနေနိုင်တာလားဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID-19 ကာကွယ်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေသလား

COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သတိပေးစကားဆိုလိုက်တာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

လူတိုင်း Mask တပ်မယ်ဆိုရင် အသက်ဘယ်နှစ်ချောင်းကို ကယ်တင်နိုင်မလဲ

လာမယ့် ၃ လ အထိ Mask တွေကို တပ်ဆင်အသုံးပြုပေးမယ်ဆိုရင် COVID-19 ကူးစက်ခံရကာ အသက်ဆုံးရှုံးမယ့် လူပေါင်း ၁၃၀၀၀၀ ကျော်ကို သေဘေးကနေ တားဆီးပေးနိုင်လိမ့်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

သတိ ကိုဗစ် ရှိသေးသည်

သတိ ကိုဗစ်ရှိသေးသည်

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
Covishield က ဘယ်လိုဆေးလဲ၊ ဘာတွေသိထားသင့်သလဲ

မြန်မာနိုင်ငံမှာ ထိုးမယ့် Covishield ကိုဗစ်ကာကွယ်ဆေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
ကျန်းမာရေးဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကိုဗစ်ကြောင့်ထိခိုက်နိုင်ခြေ ၇ ဆ ပိုများ

ကျန်းမာရေးဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကိုဗစ်ကြောင့်ထိခိုက်နိုင်ခြေ ၇ ဆ ပိုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 1 min read