ကိုရိုနာပဲဖြစ်ဖြစ် ဘာဗိုင်းရပ်စ်ပဲလာလာ ကြိုတင်ကာကွယ်မှုအခြေခံအဆင့်အဖြစ် လက်ဆေးဖို့ သတိပေးကြပါတယ်။ ဒါပေမယ့် လက်ထဆေးဖို့ ပျင်းတဲ့အခါ အလွယ်သုံးဖို့၊ လက်ဆေးဖို့မလွယ်တဲ့ အနေအထားတွေမှာ သုံးဖို့၊ သွားရင်းလာရင်း အရေးပေါ်သုံးဖို့ အိတ်ထဲအလွယ်ဆောင်ထားလို့ရတဲ့ လက်သန့်ဆေးရည် ကို အားကိုးကြတယ်ဟုတ်။ ရေမလိုဘဲ လက်ထဲထည့်ပြီးပွတ်လိုက်ရုံပဲ ဆိုပြီးတော့လေ။