backup og meta

အဖြစ်များတဲ့ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက် (၇) ချက်။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြစ်များတဲ့ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက် (၇) ချက်။  ။

    မိုးရာသီ ရောက်ပြီဆိုတာနဲ့ တုပ်ကွေးတို့ ခေါင်းထောင်လာပါပြီ။ သိတယ်မလား ခဏနေ ချောင်းဆိုး နှာစေးလိုက်၊ တော်ကြာ၊ ဖျားလိုက်နဲ့ လူကြီးလူငယ်မရွေး တုပ်ကွေးမိတတ်ကြပါတယ်။ ရာသီဥတုကလည်းအေး နေကလည်း မထွက် စိုထိုင်းဆကလည်း များတော့ တုပ်ကွေးပိုးတို့ အကြိုက်ပေါ့။ ဒီတော့ ခု မိုးတွင်းလည်းရောက်နေပြီ အိမ်မှာ တုပ်ကွေးတစ်ယောက်ဖြစ်ပြီဆို တစ်အိမ်လုံးကို ကူးစက်နိုင်တယ်ဆိုတတော့ ဘယ်လိုတွေ ကာကွယ်ကြမလဲ ။

    ပထမဆုံးအနေနဲ့ တုပ်ကွေး ရောဂါလက္ခဏာကို အရင်ဆုံး သိထားဖို့လိုပါတယ်။

    တုပ်ကွေးရောဂါအများစုက “upper respiratory tract “လို့ခေါ်တဲ့ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ် ပိုးမွှားတွေ ဝင်ရောက်ခြင်းမှတဆင့် ဖြစ်တဲ့ ပြဿနာပါ။ သူ့ရဲ့ လက္ခဏာတွေကတော့

    အိမ်မှာတစ်ယောက်လောက်များ တုပ်ကွေးဖြစ်ပီဆိုတာနဲ့ ကျန်တဲ့ အိမ်သားတွေပါ ဖြစ်နိုင်ဖို့ အလားအလာများတာကြောင့် ့ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။ ကာကွယ်တဲ့နေရာမှာ ဘေးထွက်ဆိုးကျိုးလည်းမရှိ၊ လုပ်ရတာလည်း လွယ်တဲ့ သဘာဝနည်း (၇) ခုကို ပြောပြပေးချင်ပါတယ်။

    ( ၁ ) ဂျင်းပြုတ်ရည်

    ဂျင်းပြုတ်ရည်ပူပူလေးက ကိုယ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ အပြင်ခုခံအားစနစ်ကိုလည်း အားကောင်းစေတာကြောင့် မိုးတွင်းမှာ ကော်ဖီအစား ဂျင်းပြုတ်ရည်လေးကို သာသောက်ပေးသင့်ပါတယ်။

    ( ၂ ) ရေများများသောက်ပေးပါ။

    ရေများများသောက်တဲ့အခါ လည်ချောင်းခြောက်တာလည်း သက်သာသွားသလို လည်ချောင်းထဲမှာရှိတဲ့ ပိုးမွှားတွေလည်း ရေနဲ့အတူပါသွားတာကြောင့် ပိုးမွှားရှင်းပြီးသားဖြစ်မှာပါ။

    ( ၃ ) အရက်ရှောင်ပါ။ သကြားလျှော့စားပါ။

    အရက်တို့ ဆေးလိပ်တို့နဲ သကြားဓါတ်တို့ဟာ ကိုယ်တွင်းခုခံအားစနစ်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့် တုပ်ကွေးရောဂါ ကာကွယ်လိုလျှင် အရက်တို့ သကြားတို့ကို လျှော့စားသင့်ပါတယ်။

    ( ၄ ) စိတ်ဖိစီးမှု မရှိအောင်နေပါ။

    လူကို စိတ်ကဆောင်တယ် ဆိုတဲ့ စကားလေးကြားဖူးတယ်မလား။ ဒီတော့ စိတ်ဖိစီးမှုများနေတဲ့အခါ ကိုယ်တွင်းခုခံအားစနစ် ယိုယွင်းသွားပြီး တုပ်ကွေးမိလွယ်တတ်ပါတယ်။ ဒါ့ကြောင့် ဖိစီးနေတဲ့စိတ်ကို တရားထိုင်၊ လေကျင့်ခန်းလုပ် ယောဂလုပ်၊ သီချင်းနားထောင်ပြီး ဖြေလျှော့သင့်ပါတယ်။

    ( ၅ ) အိပ်ရေးဝဝအိပ်ပါ။

    အရွယ်ရောက်ပြီးသော လူတစ်ယောက်တွင် အိပ်ချိန် ၇နာရီ-၉နာရီ အတွင်းရှိသင့်ပါတယ်။။ အိပ်စက်အနားယူခြင်းဟာ တနေ့တာပင်ပန်းနေမှုအား ပြန်လည်လန်းဆန်းစေသလို ကိုယ်ခံအားစနစ်ကိုလည်း မြင့်တက်စေပါတယ်။ အိပ်ရေးပျက်တာများလာရင် တုပ်ကွေးရောဂါ အလွယ်တကူဝင်ရောက်နိုင်ပါတယ်

    ( ၆ ) .အသီးအနှံများ၊ အစားအသောက်များ ။

    အသီးအနှံများများစားသုံးခြင်းက ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓါတ်တွေကို ရရှိစေနိုင်တာကြောင့် ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။

    • ဗီတာမင်စီ (ချဉ်သောအသီးအနှံများ၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ သင်္ဘောသီး)
    • ဗီတာမင်ဒီ (၇နာရီ-၁၀နာရီ အတွင်းနေရောင်ခံခြင်း၊ ကြက်ဥ ၊ နို့ထွက်ပစ္စည်းများ)
    • ဇင့် (zinc)ဓါတ်ကြွယ်ဝသော (ထောပတ်သီး ၊ ဘယ်ရီသီးများ) စားသုံးပေးပါ။

    ခုခံအားစနစ်အားတိုးမြှင့်ပြီး တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်နိုင်ပါလိမ့်မ်ယ။

    ( ၇ ) ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။

    ကိုယ်လက်လှုပ်ရှားမှု မရှိလျှင် သွေးလေး၍ လေးလံထိုင်းမှိုင်းပြီး တုပ်ကွေးမိနိုင်ချေ ပိုများတတ်ပါတယ်။ ဒါ့ကြောင့် ချွေးထွက်ပြီး အပူများထွက်စေဖို့ မိုးအေးအေးလေးဆိုပြီး အပျင်းကြီးကွေးမနေဘဲ လေ့ကျင့်ခန်းလေး တွေ လုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement