ဒီလပိုင်းလောက်မှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့ 0.1 micron သာသာ လောက်ပဲ ရှိတဲ့ ကိုဗစ် ဗိုင်းရပ်စ် ဝင်မွှေသွားလိုက်တာ မဟာလူသားတွေ အတုံးအရုံးပါပဲလား။ ဒီဗိုင်းရပ်စ် ပိစိလေးကြောင့် လူပေါင်း သန်းနဲ့ချီ ကူးစက်ခံရပြီး သိန်းနဲ့ချီ သေဆုံးရတယ်ဆိုတာ မခံချင်စရာပါ။ ဒါတင်ပဲလားဆိုလားဆိုတော့ ကျန်တဲ့လူကောင်းတွေလည်း အကူးခံရမှာ စိုးလို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ကြဘူး သတဲ့လေ။