backup og meta

WHO က အကြံပေးတဲ့ COVID-19 ကာကွယ်နည်းများ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    WHO က အကြံပေးတဲ့ COVID-19 ကာကွယ်နည်းများ

    COVID-19 ကို pandemic အဖြစ် WHOက ထုတ်ပြန်လိုက်တဲ့အခါမှာ တစ်ကမ္ဘာလုံးက စိုးရိမ်စိတ်တွေ မြင့်တက်လာပါတယ်။ ပိုဆိုးတာက အခုထက်ထိ ကုသလို့ရတဲ့ ဆေးရော၊ ကာကွယ်လို့ရတဲ့ ဆေးရော မရှိသေးတာကြောင့် ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုပြီး အများက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဒီရောဂါအတွက် လက်ရှိမှာ လုပ်နိုင်တာက ကာကွယ်တာပါပဲ။ ကာကွယ်နည်းနဲ့ ပတ်သတ်ပြီးတော့လည်း တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ပြောနေကြတာကြောင့် ပြတ်ပြတ်သားသားသိရအောင် WHO က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

    WHO က ပြောတဲ့ ကာကွယ်နည်း ၇ ချက်

    (၁) လက်ဆေးပါ။

    ရေနဲ့ ဆပ်ပြာ သုံးပြီးပဲ ဖြစ်ဖြစ်၊ အရက်ပြန်ပါတဲ့ လက်သန့်ဆေးရည် သုံးပြီးပဲ ဖြစ်ဖြစ် စက္ကန့်၂၀ကြာအောင် လက်ဆေးပါ။ ဒါက သင့်လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေကို သေစေပါတယ်။

    လက်ဆေးနည်းကို ဤနေရာတွင်ကြည့်ပါ။

    (၂) နေမကောင်းတဲ့ သူနားကို မကပ်ပါနဲ့။ 

    ချောင်းဆိုးနေတဲ့သူ၊ နှာချေနေတဲ့သူနဲ့ အနည်းဆုံး ၆ပေအကွာမှာ နေပါ။ လူစုလူဝေးကို ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အမှုန်အမွှားတွေမှာ ဗိုင်းရပ်စ်မပါနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ သင်က အရမ်းကပ်နေရင် ဒီအမှုန်အမွှားတွေကို ရှူမိပြီး ရောဂါကူးစက် ခံရနိုင်ပါတယ်။

    (၃) MEN ကို မထိပါနဲ့။

    Mouth, Eyes, Nose ကို မထိပါနဲ့။ အလွယ်ပြောရင် မျက်နှာကို လက်နဲ့ မထိပါနဲ့။ လက်ဆိုတာ နေရာတကာကို ကိုင်တဲ့ အတွက် ဗိုင်းရပ်စ်တွေ ကပ်ပါ နိုင်ပါတယ်။ ဒီလက်နဲ့ မျက်နှာကို ကိုင်မယ်ဆိုရင် ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲကို ဝင်လာမှာပါ။

    (၄) နှာချေ၊ ချောင်းဆိုးရင် အုပ်ဆိုးပါ။

    သင်ရော သင့်ပတ်ဝန်းကျင်က လူတွေရော နှာချေ၊ ချောင်းဆိုးရင် အုပ်ပြီး ဆိုးဖို့ လိုပါတယ်။ တစ်ရှူးနဲ့ ဆိုလည်း ဆိုးပြီးတာနဲ့ တစ်ခါတည်း အမှိုက်ပုံးထဲ ထည့်ပါ။ ပြီးရင် လက်ဆေးပါ။ ဘာမှ မရှိရင် တံတောင်ကွေးထဲ ထည့်ဆိုးပါ။ နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားကနေ ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါတယ်။ ဒီလို အကျင့်ကောင်းရှိတာက COVID-19 အပါအဝင် တခြား တုပ်ကွေးပိုးတွေကိုပါ ကာကွယ်နိုင်မှာပါ။

    (၅) ဖျားတယ်၊ ချောင်းဆိုးတယ်၊ မောတယ်ဆိုရင် စောစောစီးစီး ကုသမှု ခံယူပါ။

    ဖျားတယ်၊ ချောင်းဆိုးတယ်၊ မောတယ်ဆိုရင် စောစောစီးစီး ကုသမှု ခံယူပါ။ ဒါပေမယ့် ဆေးခန်းမသွားခင် ဖုန်းဆက်ပြီး အရင်ဆွေးနွေးပါ။ မလိုအပ်ဘဲ ဆေးခန်းသွားတာက သူများဆီက ရောဂါကူးနိုင်သလို၊ ကိုယ့်ဆီကနေလည်း သူများကို ရောဂါဖြန့်သလို ဖြစ်သွားနိုင်ပါတယ်။

    (၆) နေမကောင်းရင် အိမ်မှာပဲ နေပါ။ 

    နေမကောင်းဘူး။ ဖြစ်နေကျ သာမန် နှာစေး၊ ချောင်းဆိုးပဲ ဖြစ်ရင်တောင် အိမ်မှာပဲ နားနေပါ။ ကျန်းမာရေးဌာနက အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပါ။

    (၇) WHO က ထုတ်ပြန်တဲ့ သတင်းတွေကို အမြဲ နားစွင့် နေပါ။ 

    အခုဆိုရင် COVID-19 နဲ့ ပတ်သတ်တဲ့ သတင်းတွေက နေရာအနှံ့မှာ ရှိနေပါတယ်။ သတင်းမှန်တွေ သတင်းမှားတွေ အကုန်ရောနေတဲ့အတွက် ဘာကို ယုံရမလဲ မသိဖြစ်တတ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) က ထုတ်ပြန်တဲ့ သတင်းတွေကို အမြဲ စောင့်ကြည့်နေပါ။ မျှဝေပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement