home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ခရု ဆိုတာ ပင်လယ်စာတွေထဲက တစ်မျိုးဖြစ်ပြီး ရခိုင်စားသောက်ဆိုင်တွေမှာ မပါမဖြစ်တဲ့ မီနူးတွေထဲက တစ်ခုပါ။ ခရုသုပ်၊ ခရုချဉ်စပ်၊ ခရုဟင်းချို တို့ဆိုတာ စားဖူးတဲ့သူတိုင်းကြိုက်တဲ့ ကောင်းမှကောင်း ဟင်းလျာတွေပါ။ အရမ်းကြိုက်ကြတဲ့ သူတွေရှိသလို တချို့ ခရုနဲ့ ဓာတ်မတည့်တဲ့သူတွေလည်းရှိပါတယ်။ ခုဆောင်းပါးထဲမှာ ပြောပြချင်တာကတော့ ခရုကြိုက်တဲ့သူတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ ခရုစားခြင်းရဲ့ကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုး ၆ ချက်တဲ့။

ခရု စားခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုး ၆ ချက်

၁။ ပရိုတင်း

ပင်လယ်စာတို့ရဲ့ ထုံးစံအတိုင်း ခရု ဟာ ကယ်လိုရီအများကြီးမပါတဲ့ ပရိုတင်းကြွယ်ဝသော အသားတစ်မျိုးပါ။ ဒါ့ကြောင့် ကိုယ်အလေးချိန် လျော့ချနေသူတွေ၊ ကြွက်သားတက် အောင်လုပ်နေတဲ့သူတွေအတွက် စားပေးလို့ရတဲ့ အသားတစ်မျိုးပဲ ဖြစ်ပါတယ်။ ပင်လယ်စာတွေ အားလုံးထဲမှာမှ ခရုက ပရိုတင်း အကြွယ်ဝဆုံးပါ။

၂။ သံဓာတ်

ခရုတွေဟာ သံဓာတ်အကြွယ်ဝဆုံး အစားအစာတွေထဲက တစ်ခုဖြစ်တဲ့အတွက် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ခံစားနေရတဲ့သူတွေအတွက် အရမ်းကို သင့်တော်တဲ့ အစားအစာတစ်ခုပါ။

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

၃။ ဗီတာမင် B 12

နောက်ပြီး ခရုဟာ ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအသောက်တစ်ခုဖြစ်တာကြောင့် သင့်အာရုံကြော အားကောင်းဖို့အတွက်လည်း သူက ကူညီပေးဦးမှာပါ။.

၄။ မဂ္ဂနီဆီယမ်

သွေးပေါင်ချိန်ထိန်းညှိဖို့၊ နှလုံးအားကောင်းဖို့နဲ့ အရိုးတွေ သန်မာဖို့အတွက် မဂ္ဂနီဆီယမ်က မရှိမဖြစ်ပါဘူး။ ဒီတော့ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအသောက်တစ်ခုကို လိုက်ရှာနေတယ်ဆိုရင် ခရုက အကောင်းဆုံးပါ။

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

၅။ selenium

ကိုယ်ခန္ဓာမှာ selenium ဓာတ်ကို အများကြီးမလိုအပ်သော်လည်း ခုခံအားစနစ်နဲ့ ကိုယ်တွင်းဆဲလ်တွေ ထိခိုက်တာကို ကာကွယ်ပေးဖို့အတွက် selenium မရှိမဖြစ်ပါ။ ခရုမှာ ကိုယ်တွင်းလိုအပ်ချက်စနစ်နဲ့ ကိုက်ညီတဲ့ selenium ပါပြီးသားဖြစ်တဲ့အတွက် စားပေးသင့်တဲ့ အရာတစ်ခုပါ။

၆။ Omega-3

နှလုံးအတွက် တကယ်ကိုအရေးကြီးတဲ့ Omega-3 ဟာ ပင်လယ်စာတိုင်းမှာ ပါသလို ခရု မှာလည်း ကြွယ်ဝစွာပါတဲ့အတွက် ခရုဟာ သင့်နှလုံးအတွက် ထောက်ပံ့ပေးမယ့် အကောင်းဆုံး အစားအစာတစ်ခုပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။