ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။
ဆလတ်ရွက်မှာ သတ္တုဓါတ်များစွာပါဝင်နေတာကြောင့် ကိုယ်တွင်းက အက်ဆစ်ဓါတ်တွေကို ထိန်းညှိပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
ကိုယ်အလေးချိန်ကျစေနိုင်တယ်
သင့်အနေနဲ့ ဝိတ်ချဖို့တွေးနေတယ်ဆိုရင်တော့ ဆလတ်ရွက်က စားသုံးပေးသင့်တဲ့ အရာတစ်ခုပါ။ ဆလတ်ရွက်မှာ ကယ်လိုရီ ပါဝင်မှုက ၅ ရာခိုင်နှုန်းသာရှိပြီးရေဓါတ်က ၉၅ ရာခိုင်နှုန်းနဲ့ အမျှင်ဓါတ်က ၁ ရာခိုင်နှုန်းသာပါဝင်နေပါတယ်။ အဆီပါဝင်မှုလည်းနည်းတာကြောင့် ဝိတ်ချနေသူတွေစားသုံးပေးသင့်တဲ့ အစားအသောက်တစ်ခုပါ။ ဆလတ်ရွက်ကို ခရမ်းချဉ်သီးနဲ့တွဲဖက်သုပ်စားပြီး ဝိတ်ချဖို့ ဓါတ်စာအနေနဲ့ စားသုံးပေးနိုင်ပါတယ်။
ဦးနှောက်ကိုကျန်းမာစေနိုင်တယ်
ဦးနှောက်ကို အပြင်းအထန်ထိခိုက်စေနိုင်တဲ့ဖြစ်စဉ်တွေက အာရုံကြောဆဲလ်တွေကို ပျက်စီးစေပြီး အယ်လ်ဇိုင်းမားရောဂါလိုမျိုးရောဂါတွေအထိခံစားရစေနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ဆလတ်ရွက်မှာပါတဲ့ အဆီအနှစ်က အာရုံကြောဆဲလ်တွေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးတယ်၊လို့သိရပါတယ်။
နောက်ထပ်လေ့လာမှုတစ်ရပ်အရ ဆလတ်ရွက်မှာ ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့နိုက်ထရိတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ခန္ဓါကိုယ်ထဲရောက်ရှိသွားတဲ့အခါနိုက်ထရစ်အောက်ဆိုဒ် အဖြစ်ပြောင်းသွားပြီး ဆဲလ်အလွှာလေးတွေရဲ့ စွမ်းဆောင်ရည် ကိုတိုးတက်စေပါတယ်။ ဆဲလ်အလွှာလေးတွေရဲ့ စွမ်းဆောင်ရည် လုပ်ဆောင်မှုကျဆင်းသွားတဲ့အခါ သိမြင်မှုစွမ်းရည်ကျဆင်းသွားသလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အာရုံကြော ထိခိုက်ပျက်စီးမှုတွေဖြစ်လာပါတော့တယ်။ ဆလတ်ရွက်စားပေးမယ်ဆိုရင် ဒီပြဿနာတွေကင်းဝေးစေမှာပါ။ ဒါတင်မကသေးပါဘူး။ ဆလတ်ရွက်မှာ အိုမီဂါ-၃ ဖက်တီးအက်စစ် ပါဝင်နေတာကြောင့် စိတ်ဓါတ်ကျတာနဲ့စိတ်ဖိစီးတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါသေးတယ်။
အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတယ်
အရိုးစတင်ဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့ ကိုလာဂျင်အသားဓါတ် တွေကိုဖြစ်ပေါ်လာစေဖို့ဆိုရင် ဗီတာမင် ကေ၊ အေ နဲ့ စီ တို့ကအရေးပါပါတယ်။ ဆလတ်၇ါက်မှာ ဒီဗီတာမင်ဓါတ် ၃ မျိုးစလုံးကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် ကေ ကတွယ်ဆက်တစ်ရှုးတွေနဲ့ အရိုးနုတွေဖြစ်ပေါ်အောင် အထောက်ကူပြုပေးပါတယ်။ ဗီတာမင် အေ ကအရိုးဆဲလ်အသစ်တွေကိုဖြစ်ပေါ်အောင်လုပ်ဆောင်ပေးပါတယ်။ တကယ်လို့ ခန္ဓါကိုယ်မှာ ဗီတာမင် အေ နည်းနေမယ်ဆိုရင် အရိုးပွတာနဲ့ အရိုးကျိုးလွယ်တာတွေဖြစ်နိုင်ပါတယ်။ ဗီတာမင် စီ ကအသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးပါးတာကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီတာမင် ကေ ကတော့ အရိုးကျိုးလွယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ်
လေ့လာမှုတွေအရ ဆလတ်ရွက်မှာပါတဲ့ ဗီတာမင် အေ နဲ့ ဗီတာမင် စီ ကကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ဆလတ်ရွက်ကရောဂါပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။