Barley (ဘာလီ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသုံးပြုပုံများ

ဘာလီ ကို ဘာအတွက်အသုံးပြုကြသလဲ

Barley ဟာ ပင်မ အစားအသောက်တစ်ခုဖြစ်ပြီး ဘီယာချက်ဖို့အတွက် အသုံးပြုပြီး miso ပြုလုပ်ဖို့လည်း အချဉ်ဖေါက်နိုင်ကာ မုယောသကြားရရှိဖို့ သန့်စင်နိုင်ပါတယ်။

Barley ကို သွေးသကြားဓါတ်နည်းအောင်၊ သွေးပေါင်နဲ့ ကိုလက်စထရောကျအောင်၊ ကိုယ်အလေးချိန်ကျဆင်းအောင် အသုံးပြုကြပါတယ်။ သူ့ကို ဝမ်းလျှောခြင်း၊ အစာအိမ်နာခြင်းနဲ့ အူရောင်ခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။

အချို့သူတွေက Barley ကို အားရှိပြီး ခံနိုင်ရည်မြင့်မားအောင် အသုံးပြုကြပါတယ်။ အခြားအသုံးဝင်ပုံတွေကတော့ ကင်ဆာကာကွယ်ခြင်းနဲ့ အဆုတ် ပြွန်ရောင်ခြင်းကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။

Barley ကို အပူလောင်တာတွေကို ကုသဖို့အတွက်လည်း အရေပြားပေါ်ကို လိမ်းပေးနိုင်ပါတယ်။

ဘာလီက ဘယ်လိုအလုပ်လုပ်လဲ

Barley ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် အောက်ပါအချက်တွေကို ဖေါ်ပြခဲ့တဲ့ လေ့လာမှုတွေတော့ ရှိပါတယ်။

  • အာဟာရပိုင်းဆိုင်ရာတန်ဖိုး
  • ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ
  • ကင်ဆာရောဂါ ကာကွယ်ခြင်း
  • သွေးအတွင်း အဆီဓါတ်များခြင်း

HIV ရောဂါ၊ ညစ်ညမ်းစေတဲ့ အရာတွေကို အဆိပ်ထုတ်ခြင်း၊ အားအင်နဲ့ ကိုယ်ခံအား မြှင့်တင်ပေးခြင်း

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ဘာလီ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Barley ဟာ သွေးသကြားဓါတ်ကို ကျဆင်းစေနိုင်ပါတယ်။ သူဟာ ခွဲစိတ်နေစဉ်နဲ့ ခွဲစိတ်အပြီးမှာ သွေးသကြားဓါတ် ထိန်းချုပ်မှုကို နှောင့်ယှက်တတ်ပါတယ်။ အစီအစဉ်လုပ်ထားတဲ့ ခွဲစိတ်မှု မပြုလုပ်ခင် နှစ်ပတ်လောက်ကြိုပြီး Barley အသုံးပြုမှုကို ရပ်တန့်သင့်ပါတယ်။ ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ

ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘာလီ က ဘယ်လောက်စိတ်ချရလဲ

Barley ကို ကိုယ်ဝန်အောင် အမျိုးသမီးတွေမှာ ဆေးအနေနဲ့ ပမာဏအများကြီး အသုံးမပြုသင့်ပါဘူး။

Celiac ရောဂါနဲ့ အခြား Barley ကို ဓါတ်မတည့်တဲ့သူတွေမှာ Barley ပင်ကို စားခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။

Barley ဟာ သွေးသကြားဓါတ်ကို လျော့နည်းစေပါတယ်။ ဆီးချိုဆေးတွေ သောက်နေရင် ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ပြီး ဆေးပမာဏ အတိုးအလျှော့ပြုလုပ်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

ဘာလီ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Barley မှာ အရေပြားရောင်ခြင်း၊ ပန်းနာရင်ကျပ်၊ အန္တရာယ်ရှိတဲ့ ပြန်ဖြစ်တတ်တဲ့ ဓါတ်မတည့်မှုတွေ အစရှိတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘာလီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Barley ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အောက်ဖေါ်ပြပါဆေးတွေကိုအသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

  • ဆီးချိုဆေး – ဆီးချိုဆေးတွေနဲ့ တွဲသောက်ခြင်းဟာ သွေးသကြားဓါတ်ကို အလွန်အကျွံ ကျဆင်းစေနိုင်ပါတယ်။

သောက်ဆေးများ – Barley မှာပါတဲ့ အမျှင်ဓါတ်ဟာ ဆေးတွေကို ကိုယ်ခန္ဓါက စုပ်ယူမှုကို လျော့ကျစေပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ဘာလီ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အဆီကျစေတဲ့ အာနိသင်ကို စမ်းစစ်ထားတဲ့ လေ့လာမှုတွေဟာ ဆေးပမာဏကို တစ်နေ့ကို 3-10 g အသုံးပြုကြပါတယ်။ တစ်နေ့ကို အနည်းဆုံး 3g အသုံးပြုခြင်းဟာ ကိုလက်စထရော ပမာဏကို ကျဆင်းစေပါတယ်။

Barley ကို သောက်သုံးရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဘာလီ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Barley ဟာ အစားအသောက်တွေမှာ ပါဝင်ပါတယ်။ အထူးပြုလုပ်ထားတဲ့ ပုံစံဆိုပြီး မရှိပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာသီးခွဲစိတ်ဖြတ်ထုတ်ခြင်း

အာသီးဟာ အာခေါင်ရဲ့အတွင်းပိုင်းမှာရှိတဲ့ ဂလင်းနှစ်ခုပါ။ အာသီးခွဲစိတ်ခြင်းဆိုတာ အာသီးမှာ တစ်စုံတစ်ခုဖြစ်လို့ ဖယ်ရှားဖို့လိုတဲ့အခါအသုံးပြုတဲ့ခွဲစိတ်ကုသခြင်းပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

နှလုံးသွေးကြောကျဉ်းရောဂါ သေချာဂရုစိုက်ပါ။

နှလုံးခုန်သံ စည်းချက်မှန်မှန်လေးက ရှင်သန်နေတယ်ဆိုတာကို အသိပေးနေတယ်။ ဒီနှလုံးလေး ခုန်နေစေဖို့ ထောက်ပံ့ပေးထားတာက နှလုံးသွေးကြောတွေလေ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

pulse oximeter ဆိုတာက ညှပ်လေးနဲ့ တူတဲ့ ကိရိယာသေးသေးလေးပါ။ အရေပြားကို ဖောက်စရာမလိုဘဲ ကိုယ်တွင်းက အောက်ဆီဂျင်ပမာဏကို တိုင်းတာပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 28, 2020 . 2 mins read

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား........................

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ဘယ်လောက်တိကျသလဲ

လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ဘယ်လောက်တိကျသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read