သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

သွေးတိုးကျတယ်ဆိုတဲ့ ဒန့်သလွန်စေ့ရဲ့ တခြားအာနိသင်များ

    သွေးတိုးကျတယ်ဆိုတဲ့ ဒန့်သလွန်စေ့ရဲ့ တခြားအာနိသင်များ

    ဒန့်သလွန်သီးကို ချက်စားမယ်ဆိုပါစို့။ တခြားအသီးတွေလို အစေ့ကိုဖယ်ရတာမဟုတ် ၊ အစေ့နဲ့အသားကို အဓိကစားကြတာပါ။ ဒီလိုချက်စားမယ်ဆို နုတဲ့အသီးမှရွေးရပါတယ်။ ဒါပေမယ့် ဒန့်သလွန်ပင် ရှိနေတဲ့အိမ်မှာတော့ အသီးအရင့်တွေကို အခြောက်ပဲခံလိုက်တော့တယ်။ မျိုးစေ့ယူရတာကိုး။ လူကြီးတွေ နောက်တစ်မျိုးအသုံးချတာ ဘာလဲဆိုတော့သွေးပေါင်တက်နေပြီဆို ဒန့်သလွန်သုံးလေးစေ့ကို နှစ်ချက်လောက်ဝါးပြီးရေနဲ့သောက်ချလိုက်တာပါပဲ။သွေးတိုးကျတာ တကယ်ကြီးနော်။မြန်မှမြန်။

    ဒါနဲ့ပဲ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းသိချင်လာတာနဲ့ ရှာကြည့်တော့ ဒီလိုတွေရှိနေသေးတာတွေ့ရတယ်။ ဒန့်သလွန်စေ့က –

    သွေးချိုကျစေတယ်

    ဒန့်သလွန်စေ့ရဲ့ထင်ရှားတဲ့အာနိသင်တစ်ခုကသွေးတွင်းသကြားဓါတ်ကိုလျော့ကျစေနိုင်စွမ်းရှိတာပါပဲ။၂၀၁၂ ခုနှစ်က သုတေသနတစ်ခုမှာ ဒန့်သလွန်စေ့extract နဲ့ ၂၁ ရက်ကြာ ကုသစမ်းသပ်မှုအတွင်းသွေးတွင်းသကြားဓါတ်လျော့ကျခဲ့တာတွေ့ရပါတယ်။

    ကိုလက်စထရော ကျစေတယ်

    ဒန့်သလွန်ဟာ ကိုယ်လက်စထရောနဲ့ အဆီဓါတ်တွေနဲ့ပတ်သက်ရင် ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့အာနိသင်တွေရှိတယ်ဆိုတာ လူသိများပါတယ်။ ၂၀၀၃ ခုနှစ်ကလေ့လာမှုမှာ ယုန်လေးတွေကို ရက် ၁၂၀ ကြာ ဒန့်သလွန်စေ့ (တစ်နေ့ ၂၀၀ မီလီဂရမ်)ကျွေးထားပါတယ်။လေ့လာမှုရလဒ်အရ သူတို့မှာသွေးတွင်းကိုလက်စထရောနဲ့triglyceride ပမာဏပိုနည်းလာတာတွေ့ရပါတယ်။ သူတို့ရဲ့အသည်းနဲ့နှလုံးမှာလည်း အဆီတွေနည်းလာတာတွေ့ရပါတယ်။

    နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

    ဒန့်သလွန်စေ့က နှလုံးသွေးကြောစနစ်အတွက် ကာကွယ်ပေးနိုင်စွမ်းရှိတဲ့အာနိသင်တွေ ပိုင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့်ပဲသွေးတိုးကြောင့်ဖြစ်တဲ့နောက်ဆက်တွဲနှလုံးပြဿနာတွေကို ကာကွယ်ပေးပါတယ်။

    ဓါတ်တိုးဆန့်ကျင်အာနိသင်တွေရှိတယ်

    ဒန့်သလွန်စေ့မှာရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းနဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေအများကြီးပိုင်ဆိုင်ထားတယ်ဆိုတာလေ့လာတွေ့ရှိထားပါတယ်။

    ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုတယ်

    ဒန့်သလွန်စေ့က အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းစေပြီး ဦးနှောက်ကိုကျန်းမာစေပါတယ်။ ဦးနှောက်အတွက် အကောင်းဆုံးအာဟာရတွေဖြစ်တဲ့ အမိုင်နိုအက်စစ်၊ အိုမီဂါသရီး၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်အီး တို့အားလုံး ဒန့်သလွန်စေ့မှာပါရှိတယ်ဆိုတော့ ဦးနှောက်ကျန်းမာစေပြီပေါ့။

    အသည်းကျန်းမာစေတယ်

    ဒန့်သလွန်စေ့မှာ အသည်းထိခိုက်မှုကိုလျော့နည်းစေပြီး အသည်းကျန်းမာရေးကို ပိုကောင်းစေပါတယ်။ ဒန့်သလွန်စေ့က အသည်းမာ၊အသည်းခြောက်ခြင်းကို ကာကွယ်နိုင်ပြီး အသည်းကိုထိခိုက်စေမယ့်အရာတွေကို ကုသပေးနိုင်ပါတယ်။

    အိပ်လို့ပျော်စေတယ်

    ဒန့်သလွန်စေ့မှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်တဲ့အပြင် အိပ်စက်ခြင်းကိုအားပေးတဲ့ဟော်မုန်းတွေနှိုးဆွပေးတဲ့ အမိုင်နိုအက်စစ်တွေပါဝင်ပါတယ်။

    မျက်စိအားကောင်းစေတယ်

    ဒန့်သလွန်စေ့က အမြင်အာရုံအတွက်ကောင်းတဲ့ ဗီတာမင်အေလည်းပါဝင်မှုမနည်းပါဘူး။ ဒန့်သလွန်စေ့ကိုစားသုံးတဲ့သူတွေကိုလေ့လာရာမှာ ကွန်ပျူတာရှေ့အချိန်အရမ်းကြာခဲ့တာတောင် အမြင်အာရုံအားကောင်းနေသေးတာဖြစ်ပါတယ်။

    သွေးအားကောင်းစေတယ်

    ဒန့်သလွန်စေ့က သံဓါတ်ကြွယ်ဝလို့သွေးအားနည်းခြင်းကို ကာကွယ်နိုင်၊အားဖြည့်နိုင်ပါတယ်။မောပန်းနေတာ၊အားနည်းနေတာ၊ခေါင်းကိုက်တာ၊ အသက်ရှုူမဝတာ၊ ဦးနှော်က်စွမ်းဆောင်ရည်ကျဆင်းတာတွေကသွေးအားနည်းတဲ့လက္ခဏာတွေပါ။ ဒီလိုဖြစ်နေရင် ဒန့်သလွန်သာစားပါ။

    ပြည်ပမှာတော့ ဒန့်သလွန်စေ့ကထုတ်တဲ့ဆေးဝါးတွေ၊ အဆီတွေအများကြီးရှိပါတယ်။ ဆံသားနဲ့အသားအရေအတွက်ဆို ဒန့်သလွန်စေ့အဆီက သိပ်ကိုအကျိုးများပါတယ်တဲ့။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 16/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: