backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးတိုးရောဂါရဲ့တခြားသောကုသမှုများအကြောင်း


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးတိုးရောဂါရဲ့တခြားသောကုသမှုများအကြောင်း

သွးတိုးရောဂါရဲ့တခြားသောကုသမှုများအကြောင်း

သွေးတိုးရောဂါအတွက်သာမန်ဆေးသောက်တာအပြင်ဆေးဖက်ဝင်အပင်များကိုအသုံးပြုကုသခြင်းများအထောက်အကူပြုအားဆေးများကိုအသုံးပြုကုသခြင်းများအနာယူခြင်းအားဖြင့်ကုသခြင်းများစတဲ့တခြားသောကုသမှုများစွာရှိပါတယ်။ ဒီမှာတော့အဲဒီတခြားသောကုသနည်းတွေအကြောင်းအကြမ်းဖျင်းရှင်းပြသွားမှာပါ။

သွေးတိုးအတွက်တခြားသင့်တင့်လိုက်ဖက်သောကုသနည်းများ

Complementary and alternative medicine (CAM) ဆိုတဲ့ကုသနည်းကပုံမှန်သမာရိုးကျ ဆေးနည်းကုသနည်းတွေကနေမတူဘဲခွဲထွက်နေတဲ့ကုသနည်းကိုရည်ညွှန်းတာဖြစ်ပါတယ်။ သမာရိုးကျ ဆေးနည်းတွေကုသနည်းတွေဆိုတာက ဆေးကျောင်းတွေမှာဆရာဝန်တွေသင်ခဲ့ရတာတွေကိုဆိုလိုတာဖြစ်ပါတယ်။ အောက်ဖော်ပြပါ CAM တွေကတော့ သွေးတိုးရောဂါကိုကုသရာမှာထိရောက်တယ်လို့ လေ့လာမှုတွေကဆိုထားပါတယ်။

CAM ကုသနည်းတွေကသွေးတိုးရောဂါကိုကာကွယ်ကုသပေးနိုင်ပေမယ့်သူတို့ကိုသမာရိုးကျကုသနည်းတွေနဲ့တွဲဖက်ပြီးအသုံးမပြုသင့်ပါဘူး။ ဒီ CAM ကုသနည်းတွေကိုအသုံးပြုဖို့သင့်ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးပါ။

ဆေးဖက်ဝင်အပင်များဓါတ်စာများနှင့်အထောက်အကူပြုဆေးများ

လေ့လာမှုတွေအရ အောက်ပါ အစားအစာတွေအားဆေးတွေကသွေးတိုးကိုထိန်းချုပ်နိုင်တယ်လို့ ပြောထားပါတယ်။

Omega – 3 Fatty Acids (ငါးကြီးဆီ)

ဒီကျန်းမာရေးကိုအထောက်အကူပြုတဲ့ဆီတွေကိုငါး၊တချို့အစေ့အဆံတွေ၊အသီးအရွက်တွေနဲ့အားဆေးတွေမှာတွေ့နိုင်ပါတယ်။ သူတို့ကနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်း၊နှလုံးခုန်နှုန်းမူမမှန်ခြင်းစတာတွေကိုကာကွယ်ပေးတဲအပြင်သွေးဖိအားကိုလည်း လျော့စေပါတယ်။

Coenzyme Q – 10

Coenzyme Q – 10 ကလူကိုယ်ကထုတ်လုပ်တဲ့အပြင်အားဆေးတွေမှာလည်း တွေ့နိုင်ပါတယ်။ သူကဆဲလ်လေးတွေရဲ့လုပ်ငန်းစဉ်ကိုအထောက့်အပံ့ပေးပါတယ်။ လေ့လာမှုတချို့မှာ Coenzyme Q – 10 က သွေးတိုးကို လျှော့ချပေးတယ်လို့ဆိုထားပါတယ်။ ဒါ့ကြောင့်သူတို့ဟာCoenzyme Q – 10 ကိုပမာဏမှန်မှန်အသုံးပြုနိုင်ဖို့ လေ့လာမှုတွေဆက်လက်ပြုလုပ်နေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့လူတိုင်းသိကြမှာပါ။ သူ့ကိုလည်းအားဆေးပုံစံနဲ့ ရောင်းကြပါတယ်။ သူ့မှာဆာလဖာဓါတ်ပေါင်းစုပါဝင်ပြီးသူတို့တွေကကိုလက်စထရောတွေအပေါ်မှာသက်ရောက်မှုရှိပါတယ်။ လေ့လာမှုတချို့ကကြက်သွန်ဖြူကလည်း သွေးဖိအားကို လျော့ကျစေပါတယ်တဲ့။

Cocoa

အနက်ရောင် ချောကလက်လိုမျိုး Cocoa ကထုတ်တဲ့ထုတ်ကုန်တွေက flavonoid လို့ခေါ်တဲ့အထောက်အကူပြုဓါတုဒြပ်ပါင်းတစ်မျိုးပါဝင်ပါတယ်။National Center For Complementary and Alternative Medicine (NCCAM) ရဲ့ လေ့လာချက်အရ သွေးတိုးရှိတဲ့သူတွေကတစ်နေ့ကို Cocoa နှစ်ကြိမ်နှစ်ပတ်ကြာသောက်သုံးခြင်းကနှလုံးသွေးလွှတ်ကြောတွေကိုအနားပေးစေပါတယ်။ ဒါပေမယ့်သွေးဖိအားကိုတော့မလျော့စေနိုင်ပါဘူး။

အနားယူအပန်းဖြေကုသနည်းများ

ဒီကုသနည်းတွေကလူနာရဲ့စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး သွေးစီးဆင်းမှုကောင်းစေတဲ့အတွက် သွေးတိုးရောဂါကုသရာမှာအထောက်အကူပြုပါတယ်။

တရားထိုင်ခြင်း

တရားထိုင်တာကစိတ်ကိုငြိမ်စေပါတယ်။ ဒါကခန္ဓါကိုယ်ကိုအနားပေးပြီးစိတ်ဖိစီးမှုကို လျော့စေပါတယ်။NCCAM ရဲ့မကြာသေးခင် လေ့လာမှုအရသွေးတိုးဖြစ်နိုင်ခြေများတဲ့လူငယ်တစ်စုကိုတရားထိုင်ခိုင်းရာမှာ သွေးဖိအားသိသိသာသာလျော့သွားတာကို တွေ့ရပါတယ်တဲ့။

ယောဂကျင့်ခြင်း

ဒီကျင့်စဉ်ကကိုယ်လက်လှုပ်ရှားမှု၊အသက်ရှူးနည်းလမ်းတွေနဲ့အာရုံစူးစိုက်မှုကို ပေါင်းစည်းထားတဲ့ကျင့်စဉ်ဖြစ်ပါတယ်။ ဒီကျင့်စဉ်ကရုပ်ပိုင်းဆိုင်ရာကျန်းမာစေတဲ့အပြင်စိတ်ပိုင်းဆိုင်ရာပါအပန်းပြေစေပါတယ်။NCCAM ရဲ့လေ့လာမှုအရဒီကျင့်စဉ်ဟာနှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို လျော့စေပါတယ်။

Biofeedback

Biofeedback ဆိုတာကသင့်ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်တစ်ခုခုကိုစိတ်နဲ့ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ဒီကုသမှုမှာသင့်ကိုအာရုံခံကိရိယာတွေနဲ့ဆက်သွယ်ထားပြီးဒီကိရိယာတွေကနေသင့်ကိုယ်ထဲမှာဘာတွေဖြစ်ပျက်နေလဲဆိုတာသိရပါတယ်။ ဒီ အချက်အလက် တွေကသင့်ကိုဖန်သားပြင်ကနေ ပြနေပါလိမ့်မယ်။ဥပမာ – သင်ဟာသင့်နှလုံးလုပ်ဆောင်ချက် တွေကိုသိနိုင်မယ့်အာရုံခံကိရိယာတပ်ဆင်ထားခြင်းခံရပြီးနှလုံးခုန်နှုန်းတွေကိုဖန်သားပြင်ပေါ်မှာသင့်ကိုပြနေပါမယ်။ ရည်ရွယ်ချက်ကသင့်နှလုံးခုန်နှုန်းကိုသင်ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement