သွေးတိုးဆိုတာ အငန်စားရင်တက်မယ်၊ ခေါင်းကိုက်မယ်၊ သွေးကျဆေး သို့မဟုတ် သွေးကျစေမယ့်ဆေးမြီးတို တစ်ခုခုသုံးလိုက်ရင် ပြန်ကျမယ်။ ဒီလောက်ပဲ တွေးထားတယ်ဆိုရင် သင့်မှာ သိပ်ကိုအန္တရာယ်များနေပါပြီ။ သွေးတိုးရောဂါက ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲအပေါင်းအဖော်တွေအများကြီးကို ခေါ်ဆောင်လာနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။