backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့် ကလေး သွေးတိုးမဖြစ်အောင် ရှောင်ရှားရမယ့် အချက် (၄) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့် ကလေး သွေးတိုးမဖြစ်အောင် ရှောင်ရှားရမယ့် အချက် (၄) ချက်

စံသွေးပေါင်ချိန်က၉၀/၆၀ mmHg နဲ့၁၂၀/၈၀ mmHg ကြားဖြစ်ပါတယ်။ တကယ်လို့၁၄၀/၉၀ နဲ့အထက်ဖြစ်နေပြီဆိုရင်တော့သင့်မှာသွေးတိုးရှိနေပါပြီ။ သွေးတိုးကပုံမှန်ဆိုရင်အရွယ်ရောက်ပြီးသားလူတွေနဲ့အသက်ကြီးတဲ့သူတွေမှာသာဖြစ်နေကျဆိုပေမယ့်ဆေးရုံတွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကနေရရှိတဲ့အချကအလက်တွေအရကလေးတွေမှာလည်းသွေးတိုးရှိသူတဖြည်းဖြည်းနဲ့ပိုများလာပါတယ်။ အခုပြောပြသွားမှာကတော့သင့်ကလေး သွေးတိုးမဖြစ်အောင် ရှောင်ကြဉ်ရမယ့်အချက် လေးချက်ပါ။

(၁) သင့်ကလေးရဲ့ သွေးပေါင်ချိန်ကို စောင့်ကြည့်နေပါ။

သင့်အနေနဲ့သူတို့ရဲ့ သွေးပေါင်ချိန်ကိုမကြာခဏတိုင်းတာပေးဖို့မမေ့ပါနဲ့။ သင့်ကလေးတွေကဆေးခန်းသွားစစ်ဖို့အဆင်မပြေဘူးဆိုရင်သင့်အနေနဲ့ သွေးပေါင်ချိန်တိုင်းကိရိယာဝယ်ပြီးအိမ်မှာပဲတိုင်းနိုင်ပါတယ်။ အခုအချိန်မှာကိရိယာများစွာကတတ်နိုင်တဲ့ဈေးနှုန်းနဲ့ ပေါပေါသီသီရနိုင်တဲ့အပြင်သုံးရလည်းလွယ်ကူအဆင်ပြေပါတယ်။ သင့်ကလေးတွေရဲ့ သွေးပေါင်ချိန် တွေကို ရေးမှတ်ထားပါ။ မူမမှန်တဲ့အခြေအနေတွေကိုလည်းချက်ချင်းလက်ဦးမှုရယူနိုင်ဖို့မျက်ခြေမပြတ်စေပါနဲ့။

(၂) သင့်ကလေးတွေအတွက်ကျန်းမာတဲ့စားသောက်မှုပုံစံစီစဉ်ပေးပါ။

သင့်ကလေးတွေရဲ့ အစားအသောက်တွေထဲမှာအဆီနဲ့အချိုကိုလျှော့ပေးပါ။ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်နဲ့အစေ့အဆံများများကျွေးပါ။ တကယ်လို့သင့်ကလေး မကြာသေးခင်က သွေးပေါင်ချိန်တက်နေရင်ဆားလျှော့ကျွေးပါ။ တကယ်လို့သင့်အနေနဲ့သူတို့အတွက်အစားအသောက်ပုံစံမစီစဉ်တတ်ရင် အာဟာရပညာရှင်ကိုသင့်တစ်မိသားစုလုံးအတွက်သင့်တော်မယ့်အစားအသောက်ပုံစံစီစဉ်ပေးဖို့အကူအညီတောင်းပါ။ ဒီပုံစံနဲ့သင့်တစ်မိသားစုလုံးကျန်းမာခြင်းအကျိုးတွေရနိုင်မှာပါ။

(၃) သင့်ကလေးရဲ့ကိုယ်အလေးချိန်ကိုထိန်းပါ။

အဝလွန်ခြင်းက သွေးတိုးဖြစ်ခြင်းရဲ့အဓိကအကြောင်းရင်းပါ။ သင့်ကလေးတွေအဝလွန်နေရင်သူတို့ ကိုယ်အလေးချိန်အနည်းငယ်စီကျဖို့ကူညီပေးပါ။ သင့်တော်တဲ့စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတွေကသင့်ကလေးကိုပုံမှန်အလေးချိန်မှာထိန်းထားပေးနိုင်ပါလိမ့်မယ်။ သင့်ဆရာဝန်နဲ့ဘယ်လောက်ထိလျှော့ချသင့်လဲ၊ဘယ်အချိန်၊ဘယ်လိုလျှော့ချရမလဲဆိုတာကိုတိုင်ပင်ပါ။

(၄) ဆေးရွက်ကြီးဆေးလိပ်သောက်ခြင်းရှောင်ပါ။

ဆေးရွက်ကြီးဆေးလိပ်သောက်သုံးခြင်းကသင့်ကလေးကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ သူက သွေးတိုးစေရုံသာမကနှလုံးနဲ့ သွေးကြောတွေကိုလည်းထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် သင့်ကလေးကိုကာကွယ်ဖို့အရေးကြီးဆုံးတွေထဲကတစ်ခုကဆေးလိပ်ငွေ့မရှူမိစေဖို့ပါ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းကလည်းဆိုးပါတယ်။ တကယ်လို့သင်ဆေးလိပ်သောက်တယ်ဆိုရင်သင့်ကလေးကျန်းမာရေးကိုထောက်ပြီးဖြတ်လိုက်ပါ။ တကယ်လို့မိသားစုဝင်ထဲကတစ်ယောက်ယောက်သောက်တယ်ဆိုရင်လည်းအပြင်ထွက်သောက်ဖို့ပြောပါ။

နာတာရှည်သွေးတိုးရောဂါကမကုသဘဲထားခဲ့ရင်အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်သင့်ကလေးသွေးပေါင်ချိန်ကို အနီးကပ်စောင့်ကြည့်တိုင်းတာဖို့အရေးကြီးပါတယ်။ ရောဂါ စောစောသိခြင်းကသင့်ကလေးကိုအကောင်းဆုံးကုသမှုတွေ ပေးနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement