နှလုံးရောဂါဟာ အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်စေတဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ အမေရိကမှာဆိုရင် လူ ၇ ယောက်မှာ ၁ ယောက်နှုန်း နှလုံးရောဂါ ခံစားနေရပြီး တစ်နှစ်ကို လူ သုံးသိန်းခွဲလောက် နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေကြောင့် အသက်ဆုံးရှုံးနေကြရပါတယ်။