backup og meta

မပြေးလွှားခင် လုပ်ဆောင်နိုင်တဲ့သွေးပူလေ့ကျင့်ခန်းများ


Khine Phoo Ngon မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မပြေးလွှားခင် လုပ်ဆောင်နိုင်တဲ့သွေးပူလေ့ကျင့်ခန်းများ

    သွေးပူလေ့ကျင့်ခန်း လုပ်ချင်ပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဖြစ်နေပါသလား ? ဘယ်လိုလုပ်ရမယ်ဆိုတာကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။

    ဘယ်လိုပြေးရမယ်ဆိုတာ ကျွန်ုပ်တို့ အားလုံးသိကြပါတယ်။ မပြေးခင်မှာ သွေးပူလေ့ကျင့်ခန်း မလုပ်ရင် ဘာတွေဖြစ်မယ်ဆိုတာလည်း သိကြပါတယ်။ စူးပြီးအောင့်တာမျိုး၊ အမောလွယ်တာမျိုး စတာတွေဟာ သွေးပူလေ့ကျင့်ခန်းသေချာ မလုပ်တာကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေထဲမှာ ပါဝင်ပါတယ်။

    အဲဒါကြောင့် သွေးပူလေ့ကျင့်ခန်းဘယ်လိုသေချာ လုပ်ရမယ်ဆိုတာ မသိသေးရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လေ့ကျင့်ခန်းတစ်ချို့ကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

    လမ်းလျှောက်ခြင်း။

    လမ်းလျှောက်ခြင်းဟာ အလွယ်ကူဆုံး သွေးပူလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းမှာ လည်း ပြေးလွှားခြင်းလိုပဲ ခန္ဓါကိုယ်က လုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ဒါပေမယ့်ပြေးခြင်းလောက်တော့ ပြင်းထန်မှုမရှိပါဘူး။

    လမ်းလျှောက်ခြင်းက သင့်ရဲ့ နှလုံးခုန်နှုန်း၊ ကြွက်သားတွေ၊ ကိုယ်တွင်းအပူချိန်စတာတွေကို တဖြည်းဖြည်း မြင့်တက်လာစေနိုင်ပြီး၊ သွေးစီးမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အထူးသဖြင့် ဒဏ်ရာရပြီး ပြန်ကောင်းခါစ အပြေးသမားတွေ အတွက်ဆိုရင် လမ်းလျှောက်ခြင်းက စတင်ဖို့ အကောင်းဆုံးပါပဲ။

    မပြေးခင်မှာ ၃မိနစ်မှ ၅မိနစ်လောက် အသက်ပုံမှန်ရှုပြီး ညင်သာစွာ လမ်းလျှောက်ပေးခြင်းက ခန္ဓာကိုယ် အတွက် အကောင်းဆုံးဖြစ်ပါတယ်။

    အကြောလျှော့ခြင်း

    အကြောလျှော့ခြင်း ကို သွေးပူလေ့ကျင့်ခန်းအနေနဲ့ လုပ်ဆောင်ရာမှာ များသောအားဖြင့် ခြေထောက် လှုပ်ရှားမှုတွေပါဝင်ပါတယ်။ ခြေထောက်ကို သုံးပြီး လှုပ်ရှားတဲ့လေ့ကျင့်ခန်းတွေအများကြီးရှိပါတယ်။ အဲဒီထဲက အခြေခံ လေ့ကျင့်ခန်းတစ်ချို့ကို ဆက်လက်ဖော်ပြပါမယ်။

    – Hacky-sack

    သင့်ရဲ့ ညာခြေထောက်ကို ဒူးကွေးထားတဲ့ အနေအထားနဲ့ အပေါ်ကို မြှောက်တင်လိုက်ပါ။ သင့်နောက်ကျောကို ဖြောင့်တန်းအောင်ထားပြီး ညာခြေထောက်ရဲ့ အတွင်းဘက်ကို ထိဖို့ သင့်ဘယ်လက်ကို အသုံးပြုပါ။ တစ်ဖက်စီ အတွက် ၁၀ ကြိမ်လောက်လုပ်ဆောင်ပေးပါ။

    – High-knee step

    ဒီလေ့ကျင့်ခန်းမှာလည်းသင့်ရဲ့ ညာခြေထောက်ကို ဒူးကွေးထားတဲ့ အနေအထားနဲ့ အပေါ်ကို မြှောက်တင်ရပါမယ်။ ကွေးထားတဲ့ ဒူးကို ၉၀ ဒီဂရီ ဖြစ်အောင်ထားပါ။ တစ်ဖက်စီ အတွက် ၁၀ကြိမ်စီ လောက်လုပ်ဆောင်ပါ။ ဖွဖွလေးပြေးခြင်းကိုလည်း အရှေ့အနောက် မီတာ အနည်းငယ်လောက် ထပ်ပေါင်းပြီးလုပ်ဆောင်နိုင်ပါတယ်။

    – Butt kicks (တင်ပါး ကန်နည်း)

    နာမည်အတိုင်းပဲ သင့်ရဲ့ ခြေထောက်ကို အနောက်နဲ့၊အပေါ်ဘက်ကို ပြင်းပြင်းထန်ထန် ကွေးလိုက်ပြီး သင့်ဖနောင့်က တင်ပါးကို ထိတဲ့အထိ လုပ်ဆောင်ရပါမယ်။ အဲလိုလုပ်နေတဲ့ အချိန်မှာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေဖို့ အရေးကြီးပါတယ်။

    ဒီလေ့ကျင့်ခန်းကို high-knee step လေ့ကျင့်နည်းနဲ့ပေါင်းပြီး တစ်ဝက်စီ လုပ်ဆောင်နိုင်ပါတယ်။

    – Stork stretch

    သင့်ရဲ့ ခြေထောက်ကို အနောက်ကို ကွေးလိုက်ပြီး သင့်ဖနောင့်က တင်ပါးကို ထိလုနီးပါးအချိန် အထိ လုပ်ဆောင်ရပါမယ်။ ပြီးတဲ့အခါ တင်ပါးနားမှာ ဖနောင့်ကိုရှိနေအောင် လက်နဲ့ထိန်းထားပြီး ၁ မှ ၁၀ထိရေတွက်ပြီးသည်အထိ ထားရပါမယ်။

    တစ်ဖက်စီ အတွက် ၃ခေါက်မှာ ၅ခေါက်လောက်အထိ လုပ်ဆောင်ပေးပါ။ သတိထားရမှာ တစ်ခုကတော့ အကြောတင်း လာအောင်လောက်ပဲ ဖိပြီး နာကြင်အောင်၊(သို့) မအီမသာ ဖြစ်အောင် အတင်းဖိအားပေး မလုပ်ဆောင်ရပါဘူး။

    – Calf raises

    သင့်ရဲ့ ခြေသလုံးကြွက်သားတွေက သင်ပြေးတဲ့အချိန်မှာ အရေးကြီးတဲ့ အပိုင်းကနေ ပါဝင်ပါတယ်။ အဲဒီကြွက်သားတွေဟာ သင့်ခြေထောက်က မြေပြင်ပေါ်ကနေကြွလိုက်တာနဲ့ ကျုံ့သွားပါတယ်။ ခြေဖျားထောက်ပြီး ရပ်တာကနေစတင်လိုက်ပါ။

    ပြီးရင် တဖြည်းဖြည်း ခြေဖနောင့်ကို ပြန်ချလိုက်ပါ။ သင့်ရဲ့ ခြေသလုံး ကြွက်သားမှာ တင်းတယ်လို့ ခံစားရပါလိမ့်မယ်။ တင်းနေတုန်း ခဏရပ်ပြီး ပြန်ချလိုက်ပါ။ လှေကားထစ်အစွန်းမှာ ဒီလေ့ကျင့်ခန်းလုပ်ခြင်းဟာ ပိုကောင်းပါတယ်။ လိုအပ်ရင် လှေကားလက်ရန်း ကိုကိုင်နိုင်ပါတယ်။

    ဒီလို အသုံးများတဲ့ သွေးပူလေ့ကျင့်ခန်း နည်းလမ်းတွေ အပြင် အဆင့်မြင့် လေ့ကျင့်သူတွေ၊ ကစားသမားတွေ အတွက် ထပ်ပြီးရှိပါသေးတယ်။ ပိုကြာကြာပြေးနိုင်အောင် ခြေလှမ်းမှန်မှန် နဲ့မြန်မြန်လျှောက်ခြင်း သွေးပူလေ့ကျင့်ခန်းတွေကို ထပ်ပေါင်းလုပ်ဆောင်နိုင်ပါတယ်။

    ကောင်းမွန်တဲ့ သွေးပူလေ့ကျင့်ခန်းတစ်ခုဟာ သင့်ကို အားအင်တွေ အများကြီးပေးနိုင်ပြီး သင့်ခန္ဓာကိုယ်ကိုကြိုတင် ပြင်ဆင်ဖို့ အခွင့်အလမ်းတွေ ပိုရစေနိုင်ပါတယ်။ ဒါ့အပြင် သွေးပူလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခြင်းဟာ သင့်ကို တက်ကြွစေပြီး နောက်ထပ် ယှဉ်ပြိုင်မှုတွေ အတွက် အားအင်တွေ ဖြစ်စေပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement