နှလုံးအလုပ်မလုပ်ခြင်းအကြောင်း သိကောင်းစရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

နှလုံးအလုပ်မလုပ်ခြင်း ဆိုတာဘာလဲ။

နှလုံးအလုပ်မလုပ်ခြင်းဆိုသည်မှာ နှလုံး၏ လုပ်ငန်းဆောင်တာများ ပုံမှန်အလုပ်မလုပ်တော့ခြင်းနှင့် နှလုံးခုန်မမှန်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

သင့်နှလုံးသည် အခြေအနေအမျိုးမျိုးကြောင့် ရပ်သွားသောအခါ ဦးနှောက်ဆီသို့သွေးရောက်အောင် ညှစ်ပို့နိုင်ခြင်းမပြုနိုင်သည့်အတွက် သတိမေ့သွားရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ချက်ချင်းဆိုသလို ထိုအခြေအနေကို ကုသနိုင်မှ အသက်ဘေးမှလွတ်မြောက်မည်ဖြစ်ပါသည်။

နှလုံးအလုပ်မလုပ်ခြင်းကို ဖြစ်စေသောအကြောင်းများက ဘာလဲ။

နှလုံးအလုပ်မလုပ်ခြင်းကို ဖြစ်စေသော အဓိက အကြောင်းရင်းနှစ်ခုရှိပြီး ထိုအကြောင်းနှစ်ခုလုံးကလည်း ဆက်စပ်နေပါသည်။ နှလုံးသည် လေးခန်းရှိပါသည်။ အပေါ်သွေးလက်ခံခန်း ၂ ခန်းနှင့် အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းဖြစ်ပါသည်။ နှလုံးညှစ်ရာတွင် ပြသနာဖြစ်ခြင်း မညှစ်နိုင်ခြင်းတို့ဖြစ်သည့်အခါ နှလုံးခုန်ရပ်သွားတတ်ပါသည်။

အပေါ်သွေးလက်ခံခန်း ၂ ခန်းကြောင့်ဖြစ်လျှင် အပေါ်ဘက်မှတစ်ဆင့် လျှပ်စီးများကို မမှန်မကန် ထုတ်လွှတ်သောကြောင့် သွေးလွှတ်ခန်းများကလည်း သွေးကို ကောင်းစွာမညှစ်ထုတ်နိုင်ခြင်း ဖြစ်လာရပါသည်။ ထိုသို့မဟုတ်ဘဲ အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းတွင် ပြသနာဖြစ်လျှင် ကိုယ်အနှံ့သို့ သွေးမရောက်တော့သည့်အတွက် သွေးပေါင် ရုတ်တရက် ကျဆင်းခြင်းဖြစ်နိုင်ပါသည်။

အများစုသော နှလုံးအလုပ်မလုပ်ခြင်း အကြောင်းများသည် အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းတွင် ပြသနာဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။

ဘယ်သူတွေမှာ နှလုံးအလုပ်မလုပ်ခြင်း ဖြစ်နိုင်သလဲ။

နှလုံးနှင့် ဆက်စပ်နေသော ရောဂါရှိသူအများစုသည် နှလုံးအလုပ်မလုပ်ခြင်း ဖြစ်နိုင်ချေရှိပါသည်။ ယင်းတို့မှာ

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ

ယင်းတို့သည် နှလုံးသွေးကြောများ ပိတ်ဆို့သောရောဂါဖြစ်ပါသည်။

နှလုံးကြီးခြင်း

နှလုံးသည ် ပုံမှန်ထက်ပိုကြီးလေလေ နှလုံးခုန်စည်းချက် မမှန်လေလေဖြစ်ပါသည်။

နှလုံးအဆို့ရှင်များ မူမမှန်ခြင်း

နှလုံးအဆို့ရှင်များ မူမမှန်ခြင်းကြောင့် နှလုံးခန်းများတွင် သွေးမလုံလောက်ခြင်း သို့မဟုတ် သွေးအိုင်ခြင်းများဖြစ်နိုင်ပါသည်။

မွေးရာပါ နှလုံး ပြသနာများ

နှလုံးရောဂါများဖြင့် မွေးလာသော ကလေးများသည် ငယ်စဉ်အချိန်တွင်ပင် နှလုံးရပ်သွားနိုင်ပါသည်။

နှလုံးလျှပ်စီးထုတ်လွှတ်မှု ပြသနာများ

နှလုံးလျှပ်စီးထုတ်လွှတ်မှုမှန်ကန်မှသာလျှင် နှလုံးခုန်နှုန်းများမှန်ခြင်းနှင့် သွေးစီးဆင်းမှုကောင်းခြင်းတို့ကို ဖြစ်စေမည်ဖြစ်ပါသည်။ ထို့ကြောင့် နှလုံးလျှပ်စီးထုတ်လွှတ်မှု ပြသနာများ

ဖြစ်ခြင်းနှင့် နှလုံး၏ ကနဦးစည်းချက်များမူမမှန်သူများသည် နှလုံးရပ်နိုင်ချေ ပိုများပါသည်။

ထို့ပြင် ဆေးလိပ်သောက်သူများ၊ မိသားစုဝင်များတွင် သို့မဟုတ် မိမိကိုယ်တိုင် နှလုံးရောဂါ ဖြစ်ဖူးခြင်း၊ အဝလွန်ခြင်း ၊ သွေးတိုးခြင်း၊ လှုပ်ရှားမှုနည်းခြင်းတို့ကြောင့်လည်း နှလုံးလုပ်ဆောင်ရည် ကျဆင်းစေနိုင်ပါသည်။

နှလုံးရောဂါကို ထိန်းချုပ်မရသော အကြောင်းများမှာ မိသားစုရာဇဝင်၊ လူမျိုး၊ အသက် နှင့် လိင် စသည်တို့ဖြစ်ပါသည်။

သို့သော် စားသောက်နေထိုင်မှုများ ပြောင်းလဲခြင်း၊ အခြားတွနြေသော ရောဂါများကို ကုသခြင်းနှင့် စိတ်ကျန်းမာအောင်နေထိုင်ခြင်း စသည့်နည်းများဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။

နှလုံးအလုပ်မလုပ်ခြင်း ရောဂါလက္ခဏာများ ကဘာလဲ။

နှလုံးရပ်ခြင်းသည် အချိန်တိုအတွင်းဖြစ်သွားနိုင်သည့်အတွက် လက္ခဏာများကို သိထားရန် လိုအပ်သလို ထိုသို့ခံစားရလျှင် ဘာဆက်လုပ်မလဲသိရန်လည်း အလွန်အရေးကြီးပါသည်။ နှလုံးအလုပ်မလုပ်ခြင်း၏ လက္ခဏာများမှာ ရုတ်တရက် အသက်မရှုနိုင်တော့ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ ပျို့အန်ခြင်း၊ အခြားမည်သည့် လေ့ကျင့်ခန်းများ၊ အလုပ်များ မလုပ်ပါဘဲ နှလုံးခုန်စည်းချက်များ သိသိသာသာပြောင်းလဲလာခြင်း တို့ဖြစ်ပါသည်။

ထို့နောက် လူနာသည် ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ သွေးခုန်နှုန်းများကို စမ်းမရတော့ခြင်းနှင့် နောက်ဆုံး သတိလစ်ခြင်းအထိပါ ဖြစ်သွားနိုင်ပါသည်။

ထိုသို့ဖြစ်လာပါက အရေးကြီးဆုံးအနေဖြင့် အရေးပေါ်ကားကို ခေါ်ပါ။ ရှေးဦး အသက်ကယ်နည်းများဖြင့် ကယ်တင်ခြင်းဖြင့် နှလုံးသေခြင်းကို ကာကွယ်နိုင်ပါသည်။

နှလုံးအလုပ်မလုပ်ခြင်း၏ နောက်ဆက်တွဲများကဘာလဲ။

ယခင်က တစ်ကြိမ် နှလုံးရပ်ဖူးသောသူများတွင် အဖြစ်အများဆုံး အရေးကြီးဆုံး သတိထားရမည်မှာ နောက်တစ်ကြိမ် နှလုံးရပ်သွားခြင်းပင်ဖြစ်ပါသည်။ နှလုံးရပ်ခြင်းကြောင့် နှလုံးသေခြင်း၊ ဦးနှောက်သေခြင်းနှင့် ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်တော့ခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ပါသည်။

နှလုံးအလုပ်မလုပ်ခြင်းကို ဘယ်လိုသိနိုင်မလဲ။

နှလုံးရပ်သွားသူသည် သေလုမျောပါး အခြေအနေဖြင့် ဆေးရုံသို့ရောက်ရှိလာမည်ဖြစ်ပါသည်။ ထိုအခါ ဆရာဝန်များက နှလုံးခုန်စက်ကို သုံးပြီး နှလုံးတွင် ပုံမှန်သွေးလည်ပတ်မှုများကို ရရှိအောင် ဆောင်ရွက်ပေးပါလိမ့်မည်။ ထိုသို့ အရေးပေါ်အသက်ကယ်ပြီးနောက် နှလုံးကို အသံလှိုင်း ဓါတ်မှန်ရိုက်ခြင်းဖြင့် နှလုံးခုန်စည်းချက်မမှန်မှုများ၊ နှလုံးရပ်ခြင်းကို ဖြစ်စေသောအကြောင်းများရှာဖွေခြင်း၊ နှလုံးကို ရောင်ခြည်ဓါတ်မှန်ရိုက်ခြင်းဖြင့် နှလုံးရောဂါများကို ရှာဖွေခြင်းများ ပြုလုပ်ပါမည်။

နှလုံးအလုပ်မလုပ်ခြင်းကို ဘယ်လို ကုသမလဲ။

အရေးပေါ် ကုသမှုများအနေဖြင့် နှလုံးနှင့် အဆုတ်သွေးလည်ပတ်စေရန် အသက်ကယ်ခြင်းနှင့် နှလုံးခုန်စက်ဖြင့် နှိုးခြင်းတို့ပါဝင်ပါသည်။ နှလုံးနှင့် အဆုတ်သွေးလည်ပတ်စေရန် အသက်ကယ်ခြင်းနည်းလမ်းသည် ကိုယ်ထဲတွင် လိုအပ်သော အောက်ဆီဂျင်ကို ရစေပြီး ဦးနှောက်သို့ သွေးစီးစေပါသည်။ နှလုံးခုန်စက်ဖြင့် နှိုးခြင်းဖြင့် နှလုံးခုန်နှုန်းများကို ပုံမှန်ပြန်ဖြစ်စေပါသည်။

ထို့နောက် ဆေးများပေးခြင်း၊ နောက်ဆက်တွဲများ မဖြစ်စေရန် ခွဲစိတ်မှုများ ပြုလုပ်ခြင်းတို့ လိုအပ်ပါသည်။ ထို့ပြင် လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်းတို့က သွေးထဲတွင် အဆီပမာဏကို ကျဆင်းစေပြီး နှလုံးရပ်ခြင်းမျိုး ထပ်မဖြစ်စေအောင် ကူညီပေးပါသည်။ လူနာတစ်ယောက် နှလုံးရပ်သွားလျှင် ထိုသို့ဖြစ်ရသော အကြောင်းရင်းကို ကုသခြင်းက အထိရောက်ဆုံးသော ကုသမှုမဖြစ်ပါသည်။ ထို့ကြောင့် ပထမဦးဆုံးအနေဖြင့် ဘာကြောင့် နှလုံးအလုပ်မလုပ်ရသလဲ သိရှိရန်လိုအပ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင့်အတွက် ရွေးချယ်ထားသည်

    Bounding pulse (သွေးခုန်နှုန်းပြင်းထန်ခြင်း (ဘောင်းဒင်းပါ့စ်))

    Bounding pulse (သွေးခုန်နှုန်းပြင်းထန်ခြင်း (ဘောင်းဒင်းပါ့စ်))

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Phyo Wai Yan
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2018 . 4 mins read