backup og meta

နှလုံးအလုပ်မလုပ်ခြင်း အကြောင်း သိကောင်းစရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးအလုပ်မလုပ်ခြင်း အကြောင်း သိကောင်းစရာများ

    နှလုံးအလုပ်မလုပ်ခြင်း အကြောင်း သိကောင်းစရာများက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    နှလုံးအလုပ်မလုပ်ခြင်း ဆိုတာဘာလဲ။

    နှလုံးအလုပ်မလုပ်ခြင်း ဆိုတာက နှလုံးရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်အလုပ်မလုပ်တော့တာနဲ့ နှလုံးခုန်မမှန်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။

    သင့်နှလုံးက အခြေအနေအမျိုးမျိုးကြောင့် ရပ်သွားမယ်ဆိုရင် ဦးနှောက်ဆီကို သွေးရောက်အောင် ညှစ်ပို့နိုင်ခြင်း မပြုနိုင်တဲ့အတွက် သတိမေ့သွားရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ချက်ချင်းဆိုသလို ဒီအခြေအနေကို ကုသနိုင်မှ အသက်ဘေးမှလွတ်မြောက်မှာဖြစ်ပါတယ်။

    နှလုံးအလုပ်မလုပ်ခြင်းကို ဖြစ်စေတဲ့အကြောင်းများက ဘာလဲ။

    နှလုံးအလုပ်မလုပ်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းနှစ်ခုရှိပြီး ဒီအကြောင်းနှစ်ခုလုံးကလည်း ဆက်စပ်နေပါတယ်။ နှလုံးမှာ လေးခန်းရှိပါတယ်။ အပေါ်သွေးလက်ခံခန်း ၂ ခန်းနဲ့ အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းဖြစ်ပါတယ်။ နှလုံးညှစ်ရာမှာ ပြသနာဖြစ်ခြင်း၊ မညှစ်နိုင်ခြင်းတို့ဖြစ်တဲ့အခါ နှလုံးခုန်ရပ်သွားတတ်ပါတယ်။

    အပေါ်သွေးလက်ခံခန်း ၂ ခန်းကြောင့်ဆိုရင် နှလုံးဆဲလ်တွေက လျှပ်စီးဓာတ်တွေကို မမှန်မကန် ထုတ်လွှတ်တာကြောင့် သွေးလွှတ်ခန်းများကလည်း သွေးကို ကောင်းစွာ မညှစ်ထုတ်နိုင်ခြင်း ဖြစ်လာရပါတယ်။ ဒီလိုမဟုတ်ဘဲ အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းမှာ ပြသနာဖြစ်ရင်တော့ ကိုယ်အနှံ့ကို သွေးမရောက်တော့တာကြောင့် သွေးပေါင် ရုတ်တရက် ကျသွားတတ်ပါတယ်။

    အဖြစ်များတဲ့ နှလုံးအလုပ်မလုပ်ခြင်း အကြောင်းတွေက အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းတွင် ပြသနာဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။

    ဘယ်သူတွေမှာ နှလုံးအလုပ်မလုပ်ခြင်း ဖြစ်နိုင်သလဲ။

    နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါရှိသူအများစုမှာ နှလုံးအလုပ်မလုပ်ခြင်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါတွေကတော့

    ဥပမာ နှလုံးသွေးကြောများ ပိတ်ဆို့တဲ့ ရောဂါဖြစ်ပါတယ်။

    နှလုံးက ပုံမှန်ထက်ပိုကြီးလေလေ နှလုံးခုန်စည်းချက် မမှန်လေလေဖြစ်ပါတယ်။

    နှလုံးအဆို့ရှင်များ မူမမှန်တာာကြောင့် နှလုံးခန်းတွေမှာ သွေးမလုံလောက်ခြင်း သို့မဟုတ် သွေးအိုင်ခြင်းများဖြစ်နိုင်ပါတယ်။

    နှလုံးရောဂါများနဲ့ မွေးလာတဲ့ ကလေးတွေက ငယ်စဉ်အချိန်မှာပဲ နှလုံးရပ်သွားနိုင်ပါတယ်။

    • နှလုံးလျှပ်စီးထုတ်လွှတ်မှု ပြဿနာများ

    နှလုံးလျှပ်စီးထုတ်လွှတ်မှု မှန်ကန်မှပဲ နှလုံးခုန်နှုန်းမှန်ခြင်းနဲ့ သွေးစီးဆင်းမှုကောင်းခြင်းတို့ကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးလျှပ်စီးထုတ်လွှတ်မှု ပြဿနာရှိသူတွေနဲ့ နှလုံးစည်းချက်မူမမှန်တဲ့ သူများက နှလုံးရပ်နိုင်ခြေ ပိုများပါသည်။

    ဒါ့ပြင် ဆေးလိပ်သောက်သူများ၊ မိသားစုဝင်များ ဒါမှမဟုတ် မိမိကိုယ်တိုင် နှလုံးရောဂါ ဖြစ်ဖူးခြင်း၊ အဝလွန်ခြင်း ၊ သွေးတိုးခြင်း၊ လှုပ်ရှားမှုနည်းခြင်းတို့ကြောင့်လည်း နှလုံးလုပ်ဆောင်ရည် ကျဆင်းစေနိုင်ပါတယ်။

    ဒါတွေအပြင် မိသားစုရာဇဝင်၊ လူမျိုး၊ အသက်နဲ့ ကျား/မ စတာတွေကလည်း သက်ရောက်မှု ရှိနေပါတယ်။

    ဒါပေမယ့် စားသောက်နေထိုင်မှုများ ပြောင်းလဲခြင်း၊ အခြား ရောဂါအခံများကို ကုသခြင်းနဲ့ စိတ်ကျန်းမာအောင်နေထိုင်ခြင်း စသည့်နည်းများဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။

    နှလုံးအလုပ်မလုပ်ခြင်း ရောဂါလက္ခဏာများက ဘာလဲ။

    နှလုံးရပ်ခြင်းက အချိန်တိုအတွင်းဖြစ်သွားနိုင်တဲ့အတွက် လက္ခဏာများကို သိထားရန် လိုအပ်သလို ဒီလိုခံစားရရင် ဘာဆက်လုပ်မလဲသိရန်လည်း အလွန်အရေးကြီးပါတယ်။ နှလုံးအလုပ်မလုပ်ခြင်းရဲ့ လက္ခဏာများမှာ

    • ရုတ်တရက် အသက်မရှူနိုင်တော့ခြင်း
    • မူးဝေခြင်း
    • အားနည်းခြင်း
    • ပျို့အန်ခြင်း
    • လှုပ်လှုပ်ရှားရှားမနေဘဲ နှလုံးခုန်စည်းချက်များ သိသိသာသာပြောင်းလဲလာခြင်း တို့ဖြစ်ပါတယ်။

    ဒီနောက်မှာတော့ လူနာက ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူကျပ်လာခြင်း၊ သွေးခုန်နှုန်းများကို စမ်းမရတော့ခြင်းနဲ့ နောက်ဆုံး သတိလစ်ခြင်းအထိပါ ဖြစ်သွားနိုင်ပါတယ်။

    ဒီလိုဖြစ်လာပါက အရေးကြီးဆုံးအနေနဲ့ အရေးပေါ်ကားကို ခေါ်ပါ။ ရှေးဦး အသက်ကယ်နည်းများနဲ့ ကယ်တင်ခြင်းဖြင့် နှလုံးရပ်ခြင်းကို အရေးပေါ်ကုသပေးပါ။

    နှလုံးအလုပ်မလုပ်ခြင်းရဲ့ နောက်ဆက်တွဲများကဘာလဲ။

    အရင်က တစ်ကြိမ် နှလုံးရပ်ဖူးသောသူများတွင် အဖြစ်အများဆုံးနဲ့ အရေးကြီးဆုံး သတိထားရမည်မှာ နောက်တစ်ကြိမ် နှလုံးရပ်သွားခြင်းပင် ဖြစ်ပါတယ်။ နှလုံးရပ်တာကြောင့် နှလုံးပုပ်ခြင်း၊ ဦးနှောက်သေခြင်းနဲ့ ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်တော့ခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ပါသည်။

    နှလုံးအလုပ်မလုပ်ခြင်းကို ဘယ်လိုသိနိုင်မလဲ။

    နှလုံးရပ်သွားသူက သေလုမြောပါး အခြေအနေနဲ့ ဆေးရုံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီအခါ ဆရာဝန်များက နှလုံးခုန်စက်ကို သုံးပြီး နှလုံးတွင် ပုံမှန်သွေးလည်ပတ်မှုများ ရရှိအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။ ဒီလို အရေးပေါ်အသက်ကယ်ပြီးနောက် လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး နှလုံးရပ်ရခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေပါလိမ့်မယ်။

    နှလုံးအလုပ်မလုပ်ခြင်းကို ဘယ်လို ကုသမလဲ။

    အရေးပေါ် ကုသမှုများအနေနဲ့ နှလုံးနဲ့ အဆုတ်သွေးလည်ပတ်စေရန် ရင်ဘတ်ဖိနှိပ် အသက်ကယ်ခြင်းနဲ့ နှလုံးခုန်စက်ဖြင့် နှိုးခြင်းတို့ ပါဝင်ပါတယ်။ နှလုံးနှင့် အဆုတ်သွေးလည်ပတ်စေရန် အသက်ကယ်ခြင်းနည်းလမ်းက ကိုယ်ထဲမှာ လိုအပ်တဲ့ အောက်ဆီဂျင်ကို ရစေပြီး ဦးနှောက်ကို သွေးစီးစေပါတယ်။ နှလုံးခုန်စက်ဖြင့် နှိုးခြင်းက နှလုံးခုန်နှုန်းများကို ပုံမှန်ပြန်ဖြစ်စေပါတယ်။

    ပြီးရင်တော့ ဆေးဝါးများပေးခြင်း၊ နောက်ဆက်တွဲများ မဖြစ်စေရန် ခွဲစိတ်မှုများ ပြုလုပ်ခြင်းတို့ လိုအပ်ပါသည်။ ဒါ့ပြင် လေ့ကျင့်ခန်းများပြုလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်တာတွေက သွေးထဲက အဆီပမာဏကို ကျဆင်းစေပြီး နှလုံးရပ်ခြင်းမျိုး ထပ်မဖြစ်စေအောင် ကူညီပေးပါတယ်။ လူနာတစ်ယောက် နှလုံးရပ်သွားရင် ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို ကုသခြင်းက အထိရောက်ဆုံးသော ကုသမှုဖြစ်ပါတယ်။ ဒါကြောင့် ပထမဦးဆုံးအနေဖြင့် ဘာကြောင့် နှလုံးအလုပ်မလုပ်ရသလဲ သိရှိရန် လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement