မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
လေ့လာမှု အသစ်အရ Covid_19 ကူးစက်ခံရပြီး အသက်ရှင်ကျန်ရစ်သူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ နေပါတယ်။ ဒီလို ဖြစ်နိုင်ခြေက အသက်အရွယ်၊ ရောဂါအခံရှိတာတွေနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ကိုဗစ်က ပြန်သက်သာလာပြီး ၁ နှစ်တာကာလအတွင်းမှာ ဖြစ်နိုင်ခြေ အများဆုံးပါ။
လေ့လာမှု ရလဒ်တွေအရ ကိုဗစ်ဖြစ်ဖူးပြီး ပြန်သက်သာလာတဲ့သူတွေမှာ ရုတ်တရက် နှလုံးရပ်တာ၊ နှလုံးထိခိုက်တာနဲ့၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။
ဒီလေ့လာမှုကို St Louis မှာရှိတဲ့ ဝါရှင်တန် တက္ကသိုလ်က သုတေသီတွေက
ဆေးလိပ်သောက်တာက ရုတ်တရက် နှလုံးရပ်နိုင်ခြေကို တိုးစေနိုင်သလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ အခု နောက်ထပ် တိုးလာတဲ့ ရုတ်တရက် နှလုံးရပ်နိုင်ခြေကို ခံစားရနိုင်ခြေ တိုးစေတဲ့ အကြောင်းအရင်းတစ်ရပ်က ကိုဗစ် ကူးစက်ခံရတာပါ။
ကိုဗစ်မျိုးစိတ် ဘယ်မျိုးစိတ်ပဲ ကူးစက်ခံရသည်ဖြစ်စေ၊ ရောဂါ လက္ခဏာ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ ရောဂါကနေ သက်သာလာပြီး ၁ နှစ်အတွင်း ဒါမှမဟုတ် ၁ နှစ်ကျော်ကာလအတွင်းမှာ ရုတ်တရက် နှလုံးရပ်တာကို ခံစားရနိုင်ခြေက အခြား ကိုဗစ် မကူးစက်ဖူးသူတွေထက် 63% ပိုများနေတာပါ။
ဒါတွေအပြင်
ကိုဗစ်ကြောင့် ရုတ်တရက် နှလုံးရပ်တာကို ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးကတော့ ကိုဗစ် မဖြစ်အောင် ကာကွယ်တာပါ။ ဒီတော့ ကိုဗစ် မကူးစက်စေဖို့
ကိုဗစ် ဖြစ်ခဲ့ဖူးတယ်ဆိုရင်လည်း နှလုံး ထိခိုက်စေမယ့် ဆေးလိပ်သောက်တာ၊ အယ်လ်ကိုဟော သောက်တာမျိုးတွေကို ရှောင်ကြဉ်ပြီး နှလုံး ကျန်းမာစေမယ့် အလေ့အထတွေကို လိုက်နာပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။