မွေးရာပါနှလုံးမူမမှန်ခြင်းအတွက် ခွဲစိတ်ပြုပြင်ခြင်း အထူးသဖြင့် နံရံအနီးဖြစ်ပါတယ်။
နှလုံးအရိုးငြမ်းကြီး အကြောင်းရင်းမသိဘဲ မာပြီးထူလာခြင်း ( အသက်ကြီးလေပိုဆိုးလာလေဖြစ်ပါတယ်။ )
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က ဒီရောဂါနဲ့ပတ်သက်ပြီး သံသယရှိတဲ့အခါမှာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာစစ်ဆေးမှုတွေနြ့ စမ်းသပ်မှုစစ်ဆေးမှုအနည်းငယ်ကို ပြုလိုပ်ပါလိမ့်မယ။် အီစီဂျိရိုက်ခြင်းက second-degree AV blockရှိမရှီနဲ့ အမျိုးအစားကိုခွဲခြားနိုင်ပါတယ်။
electrophysiologic testingကနေ ဘလော့ခ်ဖြစ်နေတဲ့နေရာကိုသနိုင်ပြီး ပေ့စ်မိတ်ကာပေးဖို့လိုမလိုသနိုင်ပါတယ်။ ဒီနည်းလမ်းက His-Purkinje (infranodal) blockလို့ သံသယရှိပြီးအတည်မပြု၇သေးတဲ့လူနာတွေအတွက် သုံးနိုင်ပါတယ်။
အခြားဓတာ်ခွဲခန်းဆိုင်ရာစစ်ဆေးမှုတွေကိုလည်း ပြုနိုင်ပါတယ်။
သွေးအတွင်း အလက်ထရိုလိုက်၊ ကယ်ဆီယမ်နဲ့ မဂ`၈နီဆီယမ်ကို တိုငးတာခြင်း
ဒိုင်ဂေါက်ဆင်ပမာဏတိုင်းတာခြင်း
နှလုံးကြွက်သားပျက်စီးတယ်လို့ယူဆရတဲ့လူနာတွေမှာ Cardiac biomarker testingပြုလုပ်ပေးခြင်း
နှလုံးကြွက်သားရေင်ရမ်းခြင်းဆိုင်ရာဓါတ်ခွဲစစ်ဆေးမှုများ ( ဥပမာ- လိုင်းမ်တီတာ၊ အိတ်ခ်ျအိုင်ဗွီဆီရမ်စစ်ခြင်း၊ အန်တရိုဗိုင်းရပ်ကို ပီစီအာနည်းနဲ့စစ်ဆေးခြင်း၊ အဒီနိုင်ဗိုင်းရပ်ပီစီအာ၊ ချာဂါစ်တီတာစစ်ခြင်း)
ကူးစက်ပိုးဆိုင်ရာစစ်ဆေးမှုများ၊ အေပရာပိုးစ် နှလုံးအဖွင့်အပိတ်တံခါးပတ်ပတ်လည်ပြည်တည်နာဖြစ်နေခြင်း
သင့်တော်မယ်ဆိုရင် သိုင်းရွိုက်ဖန်ရှင်းစစ်ဆေးကြည့်ခြင်း
Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ကို ဘယ်လိုကုသပါသလဲ
အရွယ်ရောက်ပြီးတဲ့လူနာတွေမှာ နှလုံးခုန်နှေးခြင်းကိုဖြစ်စေတမယ်ဆိုရင် ဆရာဝန်က ပေ့စ်မိက်ကာတပ်ဖို့ညွန်ကြားပါလိမ့်မယ်။ နှလုံးရုတ်တရက်ထဖောက်ခြင်းကြာင့် ဖြစ်၇တာဆိုရင် ယာယီပေ့စ်မိက်ကာကိုသာ လိုပါလိမ့်မယ်။ နျလုံးဖောက်ပြီးရက်သတ္တပတ်အနည်းငယ်အတွင်း ပုံမှန်နှလုံးခုန်နှုန်းကိုပြန်မရဘူးဆိုရင် ပေ့စ်မိက်ကာတစ်သက်လုံးတပ်ထားဖို့လိုပါလိမ့်မယ်။
မွေးရာပါနှလု့းရောဂါနဲ့အတူ second-degree or third-degree heart blockရှိနေပြီး နှလုံးခုန်နှေးသွားတာမျိုး သို့အြားလက္ခဏာတွေမပြဘူးဆိုရင် သင်ကငယ်ရွယ်နေမယ်ဆိုရင် ပေ့စ်မိက်ကာတပ်ဖို့မလိုပါဘူး။
အမှန်တကယ်မှာ လက္ခဏာမပြတဲ့လူနာတွေအတွက် ဆေးရုံမတက်ခင်မည်သည့်ကုသမှုမှ မလိုအပ်ပါဘူး။ လက္ခဏာပြတဲ့အခါမှာသာ အေထရိုပင်းအသုံးပြုခြင်း၊ အရေပြားကိုဖောက်ပြီးပေ့ဆင်းပြုလုပ်ခြင်းစတဲ့ နှလုံးခုန်နှေးခြင်းအတွက် standard advanced cardiac life support (ACLS)ကိုညွှန်းပတယ်။
second-degree AV blockအမျိုးအစား၁ Mobitz I (Wenckebach)အတွက် အရေးပေါ်ကုသဆောင်မှာ လူနာကလက္ခဏာမပြသေးဘူဆးုရင် ကုသမှုပေးဖို့မလိုပါဘူး။ နှလုံးကြွက်သာပျက်စိးနေပြီလို့ယူဆရတဲ့လူနာတွေမှာ သင့်တော်တဲ့ဆေးပေးမှုတွေနဲ့လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။
second-degree AV blockဖြစ်ရခြင်းက ဒိုင်ဂေါက်ဆင်၊ ဘီတာဘလော့ကာ၊ ကယ်ဆီယမ်ချန်နယ်ဘလော့ကာဆေးတွေကြောင့် ဖြစ်ပေါတယ်။ ဆေးပမာကိုလျှော့လိုက်ခြင်းဒါမှမဟတ်ု ဆေးတွေကိုဖြတ်လိုက်ခြင်းက ပုံမှန် AV conductionကိုပြန်ရစေပါတယ်။
Mobitz II blockအမျိုးအစား၂မှာဆိုရင် complete heart blockထိဖြစ်နိုင်ချေများတာကြောင့် ကုသမှုကလည်းကွဲပြားပါတယ်။ အမျိုးအစား၁နဲ့ပါတွဲနေမယ်ဆိုရင် အေဗီနုတ်ဆိုင်ရာဆေးတွေကိုရျေင့်သင်ပြီး နှလုံးကြွက်သားပက်ျစီးနေပြီလို့ယူဆတဲ့အခါမျိုးမှာ သင့်တော်တဲ့ဆေးတေါကိုထည့်ပေးသင့်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက health condition ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အမျိုအစား၂လူနာတွေမှာ အရေးပေါ်ကုသေဆောင်ကနေဆင်းလာတာနဲ့ နှလု့းအထူးကုဆရာဝန်နဲ့ချက်ချင်း နောက်ဆက်တွဲဖြစ်နိုင်ချေတွေအတွက်စီမံထးသင့်ပါတယ်။
high-grade AV blockဖြစ်နေပြီး လက္ခဏာတွေပြနေမယ်ဆိုရင် လူနာကိုမောနီတာကနေစောင့်ကြည့်ဖို့လိုပြီး နောက်မှာ ဟော်တာနည်းသို့ သရက်မေးနည်းလမ်းတွေလုပ်ပေးပါလိမ့်မယ်။ ညဘက်မှဖြစ်မယ်ဆိုရင် ညဘက်အိပ်မရခြင်းအသက်ရှူမဝခြင်းက အကြောင်းရင်းဖြစ်နိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။