backup og meta

4

မျှဝေပါ။

Fast Heart Beat (နှလုံးခုန်မြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများRisk factorsရောဂါအဖြေရှာခြင်းနှင့် ကုသမှု

Fast Heart Beat (နှလုံးခုန်မြန်ခြင်း) အကြောင်း လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Fast Heart Beat (နှလုံးခုန်မြန်ခြင်း) က ဘာလဲ။

နှလုံးခုန်မြန်ခြင်း ,သွေးခုန်နှုန်းမြန်ခြင်း , ကြိမ်နှုန်းမြန်ခြင်း ဆိုတာတွေက သင့်နှလုံးခုန်မြန်နေတာ ခုန်ချက်ကျော်လွန်တာတွေကို သိတဲ့ခံစားမှုဖြစ်ပါတယ်။ သင့်နှလုံးက ပုံမှန်မဟုတ်တဲ့ စည်းချက်နဲ့ ခုန်နေတာကို သင်ခံစားရတတ်ပါတယ်။ ဒီအခြေအနေက လည်ပင်းနဲ့ ရင်ဘတ်တွေမှာဖြစ်တတ်ပါတယ်။

နှလုံးခုန်မြန်ခြင်းက ဘယ်လောက်အဖြစ်များသလဲ

နှလုံးခုန်မြန်တာဟာ အဖြစ်များတဲ့ ရောဂါပါ။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ဖြစ်စေတဲ့အချက်တွေကိုလျော့ချခြင်းဖြင့် ကုသနိုင်ပါတယ်။ သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

လက္ခဏာများ

နှလုံးခုန်မြန်ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ

ယေဘုယျ လက္ခဏာတွေက :

• အသက်ရှူရခက်ခြင်း၊ မောခြင်း

• မူးဝေခြင်း

• ရုတ်တရက် နွမ်းနယ်ခြင်း

• နှလုံးခုန်သံ ပုံမှန်မဟုတ်ခြင်း

• ရင်ဘတ်အောင့်ခြင်း

• မတ်တပ်ရပ်ချိန်တွင် ခေါင်းမူးခြင်း

• မေ့မြောခြင်း

နှလုံးခုန်မြန်ရောဂါရှိသူ အချို့ဟာ လက္ခဏာမပြပဲ ကျန်းမာရေးစစ်ဆေးချိန်မှခုန်နှုန်းမြန်နေတာကိုသိရှိပါတယ်။

စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါတွေ့ရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာတွေရှိရင်ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆွေးနွေးပါ။

အကြောင်းရင်းများ

နှလုံးခုန်မြန်ခြင်းကို ဘာတွေကဖြစ်စေသလဲ

သင့်နှလုံးလုပ်ငန်းကို ပက်သတ်မှုရှိတဲ့ အရာတွေကနှလုံးမြန်ခြင်းကိုဖြစ်စေပါတယ်။ အဲ့အရာတွေကတော့ :

နှလုံးရောဂါ

• မွေးရာပါနှလုံးရောဂါများ

• သွေးအားနည်းရောဂါ

• လေ့ကျင့်ခန်းပြင်းထန်စွာ လုပ်ခြင်း

• စိတ်ဖိစီးမှု

• သွေးပေါင်တက်ခြင်း

• ဆေးလိပ်သောက်ခြင်း

• အဖျား

• ခန္ဓါကိုယ်တွင်း ဓါတ်များမညီမျှမှုဖြစ်ခြင်း

• အရက်, ကဖိန်း, ကိုကင်း လွန်ကံျွစွာ သုံးစွဲခြင်း

• ဆေး ဘေးထွက်ဆိုးကျိုးများ

• သိုင်းရွှိက် ဂလင်းကြီးခြင်း တို့ဖြစ်ပါတယ်။

Risk factors

နှလုံးခုန်မြန်ခြင်း ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးခုန်မြန်ခြင်းကိုဖြစ်နိုင်ချေ များစေတဲ့ အချက်တွေ ကတော့ :

• နှလုံးသွေးကြောရောဂါ

• နှလုံးရောဂါ

• သွေးတိုးရောဂါ

• အရက် ကဖိန်း လွန်စွာ သုံးခြင်း

• စိတ်ဖိစီးမှု

• သွေးအားနည်းရောဂါ

• မွေးရာပါနှလုံးရောဂါ

• နှလုံးရောင်ရမ်းတဲ့ အခြေအနေတွေ

• နာတာရှည် အဆုတ်ရောဂါ

• အသက် ( အသက်ကြီးလေ နှလုံးမြန်ခြင်းကိုဖြစ်နိုင်ချေ များလေ ဖြစ်ပါတယ်)

• မျိုးရိုးလိုက်ခြင်း တို့ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Fast Heart Beat (နှလုံးခုန်မြန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က နှလုံခုန်မြန်ခြင်း ဖြစ်ရတဲ့အကြောင်းရင်းကိုသိဖို့အတွက် ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေပြုလုပ်ပါမယ်။ သင့်ရဲ့ လှုပ်ရှားမှုတွေ, စိတ်ဖိစီးမှုတွေ, သင်သောက်နေတဲ့ ဆေးဝါးတွေ နဲ့ လက်ရှိကျန်းမာရေးအခြေအနေတွေ စတာတွေကို မေးနိုင်ပါတယ်။

သင့်ရောဂါရှာဖွေစဉ်မှာ ာပါဝင်နိုင်တဲ့ အခြားစမ်းသပ်မှုတွေကတော့:

• သတ္ထုဓါတ်နဲ့ သိုင်းရွှိက်ဂလင်း ပုံမှန်ရှိမရှိကို သိနိုင်ဖို့ သွေးစစ်, ဆီးစစ်ပါမယ်။

• နှလုံးရဲ့ လျှပ်စစ်ကြိမ်နှုန်းနဲ့ ခုန်နှုန်းပြသနာအတွက် ECG ဆွဲပါမယ်။

• Event recording : ရင်ဘတ်မှာ recorder တပ်ဆင်ပြီး နှလုံးလျှပ်စစ်ကြိမ်နှုန်းကိုမှတ်တမ်းတင်ပါမယ်။

• ရင်ဘတ် X – rays

• Echocardiogram – နှလုံးပုံစံနဲ့ လုပ်ငန်းဆောင်တာကို စမ်းသပ်ဖို့အတွက် အက်ထရာဆောင်း သုံးပြီးစမ်းသပ်ခြင်း ဖြစ်ပါတယ်။

Fast Heart Beat (နှလုံးခုန်မြန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

နှလုံးရောဂါကုသတာဟာ ဖြစ်ပွားမှုပေါ်မူတည်ပါတယ်။ တစ်ခါတစ်လေမှာ နှလုံးမြန်ခြင်းဟာ အန္တရာယ်မရှိပဲ ကုသမှုလည်းမလိုအပ်ပါဘူး။ တကယ်လိုသင့်ရဲ့ နှလုံးမြန်ခြင်း ဟာအခြားအကြောင်းကိစ္စတစ်ခုကြောင့်ဆိုရင် သင့်ရဲ့ဆရာဝန်က ရောဂါသက်သာဖို့နဲ့ ထပ်ပြီးဆိုးမလာဖို့ ကုသမှုတွေပေးပါလိမ့်မယ်။

ဆေးဝါး :

တိကျတဲ့ ဆေးဝါးတွေဟာ သင့်နှလုံးခုန်နှုန်းကိုလျော့ချပေးနိုင်ပါတယ်။ နှလုံးမြန်ခြင်းက သွေးခဲတွေဖြစ်ပေါ်စေနိုင်တဲ့ အတွက် သွေးကျဲဆေးတွေပေးပြီး လေဖြတ်ခြင်းနဲ့ နှလုံးရပ်ခြင်းမဖြစ်အောင် ကုသပေးတတ်ပါတယ်။

Physical Therapy :

ဆရာဝန်က vagal maneuver တွေ shock device တွေသုံးပြီး သင့်နှလုံးခုန်သံက်ု ပုံမှန်ပြန်ရောက်အောင် လုပ်ပေးနိုင်ပါတယ်။

ခွဲစိတ်ခြင်း :

တစ်ခါတစ်ရံ နှလုံးရဲ့ လျှပ်လမ်းကြောင်းတစ်ချို့ကို ဖယ်ထုတ်ဖို့အတွက် ခွဲစိတ်နည်းကိုသုံးရပါတယ်။

pacemaker :

pacemaker ဆိုတာသေးငယ်တဲ့ စက်လေးပါ။ သင့်ရဲ့ အရေပြားအောက်မှာတပ်ထားပြီး ပုံမှန်နှလုံးခုန်သံရအောင် ကူညီပေးနိုင်ပါတယ်။

Implantable

cardioverter defibrillator (ICD):

ရင်ဘတ်ထဲကို ခွဲစိတ်ပြီးထည့်ထားရတဲ့ ပစ္စည်းပါ။ သင့်ရဲ့ နှလုံးခုန်သံကို အချက်ပေးပြီး normal ရောက်အောင်လုပ်ပေးနိုင်ပါတယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tachycardia. http://www.mayoclinic.org/diseases-conditions/tachycardia/basics/prevention/con- 20043012. Accessed
July 22, 2016.

Heart palpitation. http://www.webmd.com/heart-disease/guide/what- causes-heart- palpitations?page=2. Accessed July 22, 2016.

Heart palpitation. http://www.healthline.com/symptom/palpitations. Accessed July 22, 2016Tachycardia. http://www.mayoclinic.org/diseases-conditions/tachycardia/basics/prevention/con- 20043012. Accessed
July 22, 2016.

Heart palpitation. http://www.webmd.com/heart-disease/guide/what- causes-heart- palpitations?page=2. Accessed July 22, 2016.

Heart palpitation. http://www.healthline.com/symptom/palpitations. Accessed July 22, 2016

ယခုပုံစံ

14/12/2023

Phyo Wai Yan မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. K Zin Thwe · · · မှ ပြန်လည်စိစစ်သည် Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/12/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement