home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နှလုံးကျန်းမာရေးအတွက် အားဖြည့်အစာများ

နှလုံးကျန်းမာရေးအတွက် အားဖြည့်အစာများ

နှလုံးရောဂါဟာ ကမ္ဘာပေါ်တွင် အသက်သေဆုံးမှုကို ဖြစ်စေသော ရောဂါများတွင် ထိပ်ဆုံးက အပါအဝင်ဖြစ်ပါတယ်။ သွေးတိုးခြင်းနှင့် နှလုံးသွေးကြောရောဂါများ၏ အန္တရာယ်ကို လျှော့ချရန် ဆေးများသောက်သုံးခြင်းဖြင့် သွေးပေါင်နှင့် သွေးတွင်း အဆီများကို ကျစေပါတယ်။ သို့သော် ထိုဆေးများဟာ ကုန်ကျစရိတ်များသည့်အပြင် ဘေးထွက်ဆိုးကျိုးအချို့ ကိုလည်းဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် သဘာဝအတိုင်း ဖြည့်စွက်အာဟာရများ စားသုံးခြင်းဖြင့် သွေးပေါင် နှင့် သွေးတွင်းအဆီများကို ကျစေပြီး သွေးတိုးခြင်းနှင့် နှလုံးသွေးကြောရောဂါများ၏ အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အမျှင်ဓါတ်များ

အသီးအနှံ၊ အစေ့များ၊ အရွက်များတွင် ပါသော အမျှင်ဓါတ်များသည် အဆီများကို ခန္ဓါကိုယ်မှ စုပ်ယူနိုင်ခြင်း လျော့နည်းစေပါတယ်။ တစ်နေ့လျှင် အမျှင်ဓါတ် အနည်းဆုံး ၂၅ မှ ၃၀ ဂရမ်အထိ စားသုံးသင့်ပါတယ်။ သို့သော် အသက် ၅၁ နှစ် အထက် အမျိုးသားများ ဟာ တစ်နေ့လျှင် ၃၈ ဂရမ်အထိ စားသုံးသင့်ပါတယ်။ ထိုအမျှင်ဓါတ်ကို အစားအသောက်များမှ လည်းကောင်း၊ ဖြည့်စွက် ဆေးများမှလည်းကောင်း ရယူနိုင်ပါတယ်။ အမျှင် ဖြည့်စွက်ဆေးများတွင် တွေ့ရသော blond psyllium husk သည် မကောင်းသော အဆီ LDL ကိုလက်စထရောကို လျော့နည်းစေပြီး ကောင်းသော HDL ကိုလက်စထရောကို များစေပါတယ်။ အခြားသော အမျှင်ဓါတ်ဖြည့်စွက် ဆေးများမှာ wheat dextrin,methylcellulose, polycarbophil and calcium တို့ပဲဖြစ်ပါတယ်။ ထိုသို့ အမျှင်ဓါတ်ဖြည့်စွက်ဆေးကိုသောက်သုံးရာတွင် ပမာဏနည်းနည်းနှင့် ဖြည်းဖြည်းချင်း သောက်သုံးသင့်ပါတယ်။ ထိုမှသာ ဗိုက်ပွခြင်း၊ လေအောင့်ခြင်းများ ကို ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် ရေများများသောက်ဖို့လည်း လိုအပ်ပါတယ်။

-စတီရောနှင့် စတန်နောများ

ထို စတီရောနှင့် စတန်နော ဓါတ်များ ရရှိရန် ပဲများ ၊ အစေ့အနှံများ စားသုံးခြင်း၊ ဖြည့်စွက် ဆေးများသောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ထိုဓါတ်များသည် ခန္ဓါကိုယ်မှ ကိုလက်စထရော စုပ်ယူမှုကို လျော့နည်းစေပြီး နှလုံးကို ကျန်းမာစေပါတယ်။ ထိုဓါတ်များသည် လိမ္မော်သီး၊ ထောပတ်နှင့် ဒိန်ချဉ်တို့တွင် ပါဝင်ပါတယ်။ တစ်နေ့ကို ၂ ဂရမ်ခန့် စားသုံးခြင်းဖြင့် မကောင်းသော LDL ကိုလက်စထရောကို နည်းစေနိုင်ပါတယ်။

လိုင်ကိုပင်း

လိုင်ကိုပင်းဓါတ်သည် အသီးနှင့် အရွက် အတော်များများတွင် တွေ့နိုင်ပါတယ်။ ထိုအထဲတွင်မှ ခရမ်းချဉ်သီးပါသော အစားအစာများတွင် ပိုများပါတယ်။ ထိုဓါတ်ထဲတွင် ကင်ဆာရောဂါ ကာကွယ်သော ဓါတ်များစွာ ပါရှိကြောင်း ဆိုကြပါတယ်။ ထို့ပြင် သွေးထဲတွင် လိုက်ကိုပင်းဓါတ်များပါက နှလုံးရောဂါ ဖြစ်နိုင်ချေကို နည်းစေကြောင်း လေ့လာချက်များရှိပါတယ်။ ထို့ပြင် သွေးထဲတွင် လိုင်ကိုပင်းဓါတ်နည်းသော အမျိုးသားများသည် လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းခြင်းများ သုံးဆပိုမို ဖြစ်ပွားနိုင်ချေရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။

သွေးတွင်း လိုင်ကိုပင်းဓါတ်နည်းပါက သွေးကြောထဲတွင် အဆီပိတ်ဆို့မှု ပိုများပါတယ်။

အိုမီဂါ ၃ အက်စစ်

အသီးအရွက်များ၊ ပဲများ၊ အစေများ၊ ဆော်လမွန်ငါး၊ တူနာငါး စသည်တို့တွင် အိုမီဂါ ၃ အက်စစ်ဓါတ်များစွာ ပါဝင်ပါတယ်။ သုတေသနပညာရှင်များဟာ ငါးများ၏အဆီကို နှစ်ပေါင်းများစွာ လေ့လာကြပါတယ်။ ထိုသို့ဖြင့် ထိုငါးအဆီသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းဖြစ်နိုင်ချေကို လျော့ချပေးကြောင်း တွေ့ရှိကြပါတယ်။ ထို့ပြင် အင်ဆူလင်၏ စွမ်းဆောင်ရည်ကို ပိုကောင်းစေပြီး ရုတ်တရက် နှလုံးရပ်ခြင်းကို လျော့နည်းစေပါတယ်။

အိုမီဂါ ၃ အက်စစ်ရဲ့ အသိသာဆုံးသော လုပ်ဆောင်ချက်မှာ ရောင်ရမ်းခြင်းကို ကျစေခြင်းပဲဖြစ်ပါတယ်။ ဆဲလ်များရောင်ရမ်းခြင်းဟာ နှလုံးရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ခန္ဓါကိုယ်အတွင် အိုမီဂါ ၃ အက်စစ်ဓါတ်နည်းခြင်းနှင့် နှလုံးရောဂါ၊ ADHD ရောဂါတို့ဖြစ်ခြင်း တို့အကြား ဆက်နွယ်မှုရှိပါတယ်။ အိုမီဂါ ၃ အက်စစ်ဖြည့်စွက်ဆေးများ/အစာများသည် လူတိုင်းအတွက်သာမက ကလေးများအတွက်ပါ အကျိုးရှိပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr.Nyan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။