backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရက်သောက်ခြင်းနှင့် အဆီဓါတ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandy Kyaw မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရက်သောက်ခြင်းနှင့် အဆီဓါတ်

ကိုယ့်ခန္ဓါကိုယ်ထဲမှာ အဆီဓါတ်(cholesterol) မြင့်မားနေတယ်ဆိုတာဟာ အဲ့လူမှာ ကျန်းမာတဲ့လူနေမှုဘဝ

ပုံစံလိုအပ်နေတယ် ကန့်သတ်မှုတွေထားပြီး စားသောက်နေ

ထိုင်ဖို့လိုအပ်နေပြီလို့ ယူဆရပါတယ်။ ဆိုလိုတာကတော့ အရက်သောက်ခြင်းက စဉ်းစားရမယ့် ပြသနာတစ်ခုအနေနဲ့

ပါလာပါတယ်။ အရက်သောက်ခြင်းနှင့် အဆီဓါတ် ကြားက အကြောင်းတွေ ဆက်စပ်မှုကို သိနိုင်ဖို့ အောက်က အချက်တွေကို ကြည့်လိုက်ကြရအောင်။

ဘီယာနှင့် အဆီဓါတ် (cholesterol)

ဘီယာက အဆီဓါတ်မပါဝင်ဘူးလို့ ဆိုသော်လည်း ၎င်းမှာ

ကာဗွန်ဟိုက်ဒရိတ် အချိုဓါတ်နဲ့ အရက်တို့ ပါဝင်နေတဲ့

အတွက် သင့်ရဲ့ triglyceride လို့ခေါ်တဲ့မကောင်းတဲ့အဆီ

ဓါတ်ကို မြင့်စေပါတယ်။

တစ်ခြားဘက်ကကြည့်ရင်တော့ ဘီယာထဲမှာ အပင်ကထုတ်

တဲ့ဟာမျိ ုးမှာ အရက်ဓါတ်တစ်မျိ ုးပါဝင်တာရှိပါတယ်။

ဒီ ဓါတ်ပေါင်းမျိ ုးတွေက အဆီဓါတ် (cholesterol)ကိုသွား

ပေါင်းပြီး အဆီဓါတ်ကို ခန္ဓါကိုယ်ကနေဖယ်ရှားပေးပါတယ်။

ကံမကောင်းစွာနဲ့ပဲ အပင်တွေထဲမှာပါတတ်တဲ့ အရက်ဓါတ်တစ်မျိ ုးဖြစ်တဲ့ sterol ဟာ အဆီဓါတ် (cholesterol)ကို ထိရောက်စွာ လျှော့ချနိုင်ဖို့အတွက် ပမာဏအလွန်နည်းပါးစွာ သာ ပါလို့ ထိရောက်မှုမရှိနိုင်ပါဘူး။

အရက်သေစာများနှင့် အဆီဓါတ်

အရက်သေစာများဖြစ်တဲ့ ဝီစကီ၊ ဗော့ဒ်ကာ၊ ဂျင်တို့မှာ အဆီဓါတ်မပါဝင်ကြပါဘူး။ သို့သော်လည်းတစ်ချိ ု့သော ပေါင်းစပ်မှုများဖြစ်ကြတဲ့ ချိ ုချဉ်အရသာရှိသောဝီစကီ၊

ကော့တေးများ၊သို့မဟုတ် ရောစပ်ထားသော အရက်သေစာ

များတို့မှာ သကြားဓါတ်တွေများစွာ ပါဝင်နိုင်ပြီး ဒီ သကြား

ဓါတ်တွေကနေ သင့်ရဲ့မကောင်းတဲ့ အဆီဓါတ်ကိုတိုးစေပါတယ်။

ဝိုင်နှင့် အဆီဓါတ်

ဝိုင်ကိုတော့ အရက်သေစာများထဲမှာမှ အကောင်းဆုံး တစ်ခု

အဖြစ် ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ သူ့ထဲမှာ အပင်ကထုတ်တဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ဓါတ် တစ်မျိ ုးပါဝင်လို့ပါ။ ဒီဓါတ်က အချိန်ကာလတိုအတွက်

အရောင်ကျစေခြင်းနဲ့ သွေးခဲခြင်းကို တားပေးခြင်းမှာ ကူညီနိုင်တယ်လို့ သုတေသနတွေအရသိရပါတယ်။ နောက်

ပြီး ဒီဓါတ်က ကောင်းတဲ့ အဆီဓါတ်ကိုလည်း တက်စေပါတယ်။ သို့သော်လည်း ဒီဓါတ်ကပေးတဲ့ကောင်းတဲ့

အကျိ ုးကျေးဇုူးကိုပေးတာတော့ သိပ်မကြာတတ်ပါဘူး။

ဘယ်လောက်များများနဲ့ ဘယ်လောက်ကြာကြာတစ်ခါ သောက်သလဲဆိုတာ အရေးပါပါတယ်

ဘယ်လိုမျိ ုးအရက်သေစာမျိုးဖြစ်ဖြစ် သောက်တဲ့အချိန်မှာ

သင်က ဘယ်လောက်လောက်သောက်လိုက်တယ် ဘယ်လောက်အကြိမ်ရေများများသောက်တယ်ဆိုတဲ့အပေါ်

မှာ အာရုံဝင်စားမှုရှိသင့်ပါတယ်။ အလယ်အလတ် လမ်းစဉ်

ကို လိုက်တာအကောင်းဆုံးပါပဲ။

ကျွမ်းကျင်သူတွေပြောတာအရကတော့ တစ်ရက်ကို အမျိ ုးသမီးတွေအတွက် တစ်ခွက်လောက်နဲ့ အမျိ ုးသားတွေအတွက် နှစ်ခွက်လောက်သောက်ခြင်းက နှလုံးကို

ကာကွယ်တဲ့အကျ ိုးကျေးဇူးရနိုင်တယ်လို့ ယူဆကြပါတယ်။

အရက်ကိုအသင့်အတင့် သောက်တဲ့လူတွေဟာ လုံးဝမသောက်တဲ့သူတွေထက်စာရင် နှလုံးရောဂါဖြစ်နိုင်

ဖို့ နည်းတယ်လို့ သက်သေပြထားတာတွေရှိပါတယ်။ အဲ့လိုပဲ

အမျိုးသားတွေမှာလည်း နေ့တိုင်းသောက်တဲ့လူတွေဟာ တစ်ပတ်ကိုတစ်ရက်သို့မဟုတ် နှစ်ရက်သာသောက်တဲ့လူ

တွေထက် ဖြစ်နိုင်ချေ ပိုနည်းတယ်လို့ ယှဉ်ပြထားပြန်ပါတယ်။

အရက်သေစာကို အများကြီးသောက်စားမယ်ဆိုရင်တော့ ဆိုးကျိုးတွေလိုက်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဆီဓါတ်တွေတက်လာနိုင်လု့ိပါ။

သင်ကအရက်ကို သောက်သင့်လားမသင့်လားဆိုတာကို သင့်ဆရာဝန်ဆီကနေအကြံရယူပါ။ သင့်အတွက် အရက်သောက်ခြင်းဟာ အန္တရာယ်ကင်းမလားမကင်းဘူး

လားဆိုတာတွေ၊၊အန္တရာယ်ဘယ်လောက်ထိကင်းတယ်ဆို

တာဟာ အချက်အလက်တွေအများကြီးပေါ်မှာမူတည်ပါ

တယ်။ တစ်ခြားလူတွေအတွက်ကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သို့်မဟုတ် တစ်ချ ို့သော ဆေးဝါးတွေမှီဝဲသောက်သုံးနေရတဲ့လူတွေမှာ အရက်သောက်ခြင်းကို လုံးဝရှောင်သင့်ပါတယ်။

Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Sandy Kyaw မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement