အဓိပ္ပါယ်ဖွင့်ဆိုချက်
Nacrolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ကဘာလဲ။
ရုတ်တရက် အိပ်ပျော်သွားတတ်သော ရောဂါဆိုသည်မှာ နာတာရှည် ရောဂါတစ်ခုဖြစ်သည်။ ထိုရောဂါတွင် လူနာသည် ဘယ်လောက်ပဲ အိပ်ထားအိပ်ထား အချိန်မရွေး၊ နေရာမရွေး အထိန်းအချုပ်မရှိ အိပ်မောကျသွားနိုင်သည်။ ထိုလူနာသည် ၁၀-၁၅ မိနစ်လောက် အိပ်မောကျသွားပြီးနောက် ပြန်ကောင်းသွားသည်။ သို့သော် ထို နေကောင်းခြင်းသည်လည်း သိပ်မကြာလိုက် နောက်တစ်ကြိမ် ထပ် အိပ်မောကျသွားနိုင်ပါသည်။ ရုတ်တရက်အိပ်ပျော်သွားတတ်သောရောဂါသည် ကားမောင်းနေစဉ် ၊ အလုပ်လုပ်နေစဉ် (သို့) စကားပြောနေစဉ်များတွင်လည်း ဖြစ်နိုင်သည်။ ဘဝတစ်လျှောက်လုံးဖြစ်နေသည့် ရောဂါဖြစ်ပြီး ကုသနိုင်သော နည်းလမ်းမရှိပါ။ သို့သော် ကောင်းကောင်းမွန်မွန် ကုသမှုခံယူပြီး ကျန်းမာသော ဘဝနေထိုင်မှုပုံစံအတိုင်း နေထိုင်လျှင် ထိုအခြေအနေကို ထိန်းချုပ်နိုင်ပါသည်။
Nacrolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
မည်သူမဆို ဤရောဂါဖြစ်နိုင်ပါသည်။ အသက်အရွယ်အားလုံးတွင် အထင်ရှားဆုံးအရွယ်မှာ ၁၅ နှစ် နှင့် ၃၀ ကြားဖြစ်သည်။ ဖြစ်နိုင်ချေ မြင့်မားစေသော အန္တရာယ်များကို လျော့နည်းစေခြင်းအားဖြင့် ရောဂါကို ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။