- လျှပ်စစ်ကိရိယာတွေအကုန်ပိတ်ထားပါ။
ညဘက်မှာ ထိန်လင်းနေတာက သင့်ကို အိပ်ငိုက်ဖို့ အခက်အခဲဖြစ်စေပါတယ်။ သင့်အခန်းက မှောင်နိုင်သမျှ မှောင်နေရပါမယ်။ ဒါ့အပြင် သင့်အနေနဲ့ အိပ်ရာမဝင်ခင် ဖုန်း၊ TV နဲ့ ကွန်ပျူတာစတဲ့ လျှပ်စစ်ကိရိယာတွေနဲ့ ဝေးဝေးနေသင့်ပါတယ်။ အိပ်ခါနီး ညအချိန်မှာ ဒါတွေကို အသုံးပြုခြင်းက အလေ့အကျင့်ဆိုးတစ်ခုဖြစ်တဲ့အတွက် ဖျောက်သင့်ပါတယ်။
လျှပ်စစ်ကိရိယာတွေက ထွက်တဲ့အလင်းရောင်က သင့်ဦးနှောက်အတွက် မကောင်းပါဘူး။ အနည်းဆုံးညမအိပ်ခင် ၁နာရီအလိုမှာ လျှပ်စစ်ကိရိယာတွေအသုံးပြုခြင်းကို ရပ်လိုက်ပါ။ တကယ်တော့ သင့်အခန်းထဲမှာကိုက TV မထားသင့်ပါဘူး။ အိပ်ခန်းထဲမှာ TV မရှိသင့်ပါဘူး။ ဧည့်ခန်းလိုနေရာမျိုးမှာ ကြည့်ပြီး အိပ်ရာဝင်တာ အကောင်းဆုံးပါ။
- လေ့ကျင့်ခန်းစောစောလုပ်ပါ။
လေ့ကျင့်ခန်း လုပ်ခြင်းက လေ့ကျင့်ခန်း လုပ်နှုန်းနဲ့ လုပ်တဲ့အချိန်အပေါ် မူတည်ပြီး သင့်ရဲ့အိပ်စက်ခြင်းကို တိုးတက်စေပါတယ်။ လေ့လာမှုတွေအရ သင်လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ကိုယ်အပူချိန် မြင့်လာပြီး ဒါကို ပြန်လည် ထိန်းညှိဖို့အတွက် ခြောက်နာရီအချိန်ပေးရပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအိပ်ပျော်ဖို့အတွက် ကိုယ်ကို အေးစေပြီးမှ အိပ်ရာဝင်သင့်ပါတယ်။
လက်တွေ့စမ်းသပ်မှုတွေအရ မနက်မှာ မိနစ်၃၀နှုန်းနဲ့ တစ်ပတ်လုံး လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးတွေက လေ့ကျင့်ခန်း နည်းနည်းလုပ်တဲ့၊ နောက်ကျမှ လုပ်တဲ့အမျိုးသမီးတွေထက် အိပ်ရတာ ပိုအဆင်ပြေတာ တွေ့ရပါတယ်။ မနက်ခင်း လေ့ကျင့်ခန်း လုပ်ခြင်းက အိပ်စက်ခြင်းအတွက် အကောင်းဆုံး အကျိုးကျေးဇူးပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။