backup og meta

အိပ်မပျော်ခြင်းကို ဘယ်လို ထိန်းချုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်မပျော်ခြင်းကို ဘယ်လို ထိန်းချုပ်မလဲ

    အသည်းကင်ဆာဖြစ်နေစဉ်တွင် အိပ်မပျော်ခြင်းကို ဘယ်လို ထိန်းချုပ်မလဲ။

    အိပ်မပျော်ခြင်းသည် ကင်ဆာလူနာများ အထူးသဖြင့် အသည်းကင်ဆာ လူနာများတွင် အဖြစ်များသော ပြဿနာ တစ်ခုဖြစ်သည်။ ၎င်းသည် ကင်ဆာ ကုသမှုနှင့် ရောဂါအဖြေ ရှာမှု၏ ပုံမှန်တုံ့ပြန်မှုတစ်ခု ဖြစ်ပုံပေါ်သည်။ သင်သည် အိပ်ယာပေါ်တွင် လဲလျောင်းပြီး အိပ်ပျော်ရန် နာရီပေါင်းများ စွာ ကြာနေသည်။ သင့် နေ့စဉ်ဘဝကို ဆိုးရွားစွာ ထိခိုက်စေ သော အိပ်မပျော်ခြင်းကို ခံစားနေသဖြင့် ပင်ပန်းနေသော် လည်း အိပ်မပျော်နိုင်ပါ။

    အိပ်မပျော်ခြင်းကို ဘယ်လိုကုသမလဲ။ ပထမဦးစွာ ဆေး ကုသမှု လုပ်လိုပါက သင်၏ ကျန်းမာရေး ထောက်ပံ့သူကို မေးမြန်းရန် လိုအပ်သည်။ သို့သော်လည်း ဤဆောင်းပါးတွင် အိပ်စက်မှု ပြဿနာကို ရင်ဆိုင်ရန် ဆေးမပါသော နည်းလမ်း အချို့ကို ဖော်ပြထားသည်။

    လှုံ့ဆော်မှု ထိန်းချုပ်ခြင်း ကုထုံး

    လူအများစုသည် အသည်းကင်ဆာ ကုသမှု ခံယူနေစဉ် အတွင်း အိပ်ပျော်ရန် အားစိုက်ကြသည်။ သို့သော်လည်း ၎င်း သည် တစ်ခါတစ်ရံ ကျန်းမာရေးအပေါ် ဆိုးကျိုးဖြစ်စေပြီး အခြေအနေကို ပိုဆိုးစေသည်။ မအိပ်ချင်သော အချိန်တွင် အိပ်ယာထဲ လဲနေမည့်အစား အိပ်ခန်းမှထွက်၍ အိပ်ချင်လာ သော အချိန်မှ ပြန်လာခြင်းသည် ပိုကောင်းပါသည်။ ၎င်း သည် အိပ်စက်မှု ပတ်ဝန်းကျင်နှင့် အိပ်စက်မှု အကျင့်အတွင်း ဆက်စပ်မှု ဖြစ်စေပြီး လွယ်ကူစွာ အိပ်စက်ရန် ကူညီပေး သည်။

    အခြားအကြံများမှာ အိပ်စက်မှု အချိန်ဇယားကို ထိန်း သိမ်းထားပြီး တစ်မှေးမှေးခြင်းကို ရှောင်ကြဉ်ပါ။ တစ်မှေးမှေး ခြင်းကို အလွန်လိုအပ်ပါက မိနစ် ၃၀ သာ သတ်မှတ်ပြီး ညနေ ၃နာရီ မတိုင်ခင်သာ ပြုလုပ်ပါ။ အိပ်ယာပေါ် ရောက် ချိန်တွင် တီဗီကြည့်ခြင်း၊ အစာစားခြင်း၊ စာအုပ်ဖတ်ခြင်း တို့ကို လျော့ချသင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ သည် အိပ်စက်ခြင်းကို တားဆီးသော အဓိကအချက်များ ဖြစ် သောကြောင့် ဖြစ်သည်။

    စိတ်ဖြေလျော့မှု ကုထုံး

    ဤနည်းလမ်းတွင် ကြွက်သား ဖြေလျော့ခြင်း၊ ဇီဝ တုံ့ပြန် ချက် ( နှလုံး ခုန်နှုန်း စသော စိတ်ဖြင့် ထိန်းချုပ်မထားသော ခန္ဓါကိုယ် လှုပ်ရှားမှုများကို လျှပ်စစ်ကိရိယာတစ်ခု ဖြင့် တိုင်း ကာ ဖော်ပြခြင်း) ၊ စိတ်ကူး လေ့ကျင့်ခြင်း၊ အိပ်ငွေ့ချခြင်း နှင့် တွေးခေါ်မှုများ ရပ်တန့်ခြင်း တို့ပါဝင်သည်။

    ထိုနည်းလမ်းများကို အထူးပြုထားသော ကျွမ်းကျင်သူ များထံမှ အကြံညဏ်ရယူခြင်းဖြင့် အချို့ကို သင်ကိုယ်တိုင် လုပ်ဆောင်နိုင်သည်။ အသက်ပြင်းပြင်းရှူခြင်း၊ ဆန့်ကား ခြင်း၊ တရားထိုင်ခြင်း၊ ဆုတောင်းခြင်းတို့ကို လေ့ကျင့်ပါ။ နွေးသော ရေဖြင့် ရေချိုးခြင်း၊ ပူနွေးသော နွားနို့တစ်ခွက် သောက်ခြင်းတို့ကိုလည်း အကြံပြု ထောက်ခံပါသည်။

    သိမြင်ခြင်း ကုထုံး

    ဤကုထုံးသည် အိပ်စက်ခြင်းနှင့် အိပ်စက်မှုပြဿနာများ အကြောင်း ပျက်ပြားနေသော ယုံကြည်မှု နှင့် သဘောထား များကို ဖော်ထုတ်ပြီး ပြောင်းလဲခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းသည် စိုးရိမ်ပူပန်ခြင်းကို မြင့်တက်စေနိုင်သည်။ သိမြင် ခြင်းကုထုံးသည် သဘာဝမကျသော ထုံးနည်းများကို ဖယ်ရှား ခြင်း၊ အိပ်ရေးပျက်ပါက နေ့စဉ် လှုပ်ရှားမှုများအပေါ် သက် ရောက်သည်ကို ပညာပေးခြင်း၊ အိပ်မပျော်ခြင်း၏ အခြေခံ ဗဟုသုတ များကို ပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။

    ကျန်းမာစွာ အိပ်စက်ခြင်း

    ကျန်းမာစွာ အိပ်စက်ခြင်းသည် လက်ရှိ ကျန်းမာရေး အခြေအနေနှင့် အိပ်စက်ခြင်းကို နှောင့်ယှက်သော ပတ်ဝန်းကျင် အချက်များကို ပြောင်းလဲပေးသော နည်းလမ်း တစ်ခုဖြစ်သည်။ အိပ်မပျော်ခြင်းဖြစ်သော လူများကို ၄-၆ နာရီတွင် caffeine နှင့် အရက်မသောက်ရန် မအိပ်ခင်တွင် ပူစပ်သော အစာများ မစားရန် အကြံပေးရသည်။ ထပ်ပေါင်း ၍ အိပ်စက်သော ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် မှောင်ရန် ငြိမ်သက်ရန် သက်တောင့်သက်တာ ရှိရန် ထားရသည်။

    အိပ်ရာဝင်ချိန် အလုပ်ကိစ္စကို သင်ကိုယ်တိုင် ဖန်တီးပါ။

    သင့်တော်သော လုပ်ရိုးလုပ်စဉ် ကိစ္စများမှာ စာဖတ်ခြင်း၊ ကြိုက်နှစ်သက်သော သီချင်းကို နားထောင်ခြင်း၊ ပူနွေးသော ဖျော်ရည် သောက်ခြင်း သို့မဟုတ် ရေနွေးဖြင့် ရေချိုးခြင်းတို့ ဖြစ်သည်။

    အိပ်မပျော်ခြင်းသည် အသည်းကင်ဆာ လူနာများတွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ ထို့ကြောင့် လူ တိုင်းသည် ဤအခြေအနေကို အခြေခံနားလည်မှု ရှိရန် လိုပြီး သင့်တော်သော ကုသမှုရရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement