သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လေ့ကျင့်ခန်းလုပ် ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား

လေ့ကျင့်ခန်းလုပ် ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား

လေ့ကျင့်ခန်းလုပ် တာနဲ့ ပတ်သက်ပြီး အိပ်ချိန်နဲ့ အရမ်းနီးကပ်အောင် မလုပ်သင့်ဘူးလို့ ပြောတာ ကြားဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ အိပ်ခါနီးအချိန်နဲ့ နီးနေတော့မှ ကိုယ်ကာယ လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်တဲ့အခါ ကြွက်သားတွေ နာကျင်တာ၊ ဦးနှောက်က နိုးကြားတက်ကြွတဲ့ ဟော်မုန်းတွေ အဆက်မပြတ် ထုတ်လုပ်နေတာ၊ မောပန်းမှုကြောင့် ဗိုက်ဆာလာတာတွေ ဖြစ်နိုင်လို့ပါပဲ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အနည်းဆုံး လေ့ကျင့်ခန်းနဲ့ အိပ်ချိန်ကို ၂ နာရီလောက်တော့ ခွာပေးနိုင်ရင် အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်း အမျိုးအစားအရ ပြောမယ်ဆိုရင် ကိုယ်ခန္ဓာ ကြွက်သားနဲ့ အားအင်တွေကို အပြည့်အဝ စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို မနက်ပိုင်း သို့မဟုတ် ညနေခင်းလောက်မှာ ကစားပေးပြီး ညနောက်ကျပြီဆိုရင်တော့ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုး လုပ်ပေးတာ အကောင်းဆုံးပါပဲ။

ညဘက် နောက်ကျချိန် ဘယ်လို လေ့ကျင့်ခန်းလုပ် ပေးလို့ ရမလဲ။

  • ယောဂကျင့်တာ
  • ကိုယ်ခန္ဓာ အကြောအချဉ်တွေ လျှော့တာ
  • လမ်းလျှောက်တာ
  • ရေကူးတာ
  • စက်ဘီးစီးတာ
  • ပေါ့ပေါ့ပါးပါး အလေးမတာ စတာတွေကို လုပ်ပေးလို့ ရပါတယ်။

အနည်းဆုံးတော့ အိပ်ချိန်နဲ့ တစ်နာရီလောက် ခွာပြီး လေ့ကျင့်ခန်းလုပ် လို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ အင်အား အများကြီး စိုက်ထုတ်စရာ မလိုဘဲ ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်အချိုးအစားအတိုင်း ပေါ့ပါးစွာ လုပ်လို့ ရပါတယ်။ ဒါ့အပြင် ကြွက်သားနာကျင်ကိုက်ခဲတာကို ပြေလျော့အောင် လေ့ကျင့်ခန်း လုပ်ပြီး ရေနွေးလေးနဲ့ ချိုးကာ အိပ်ရာထဲ ဝင်လိုက်ရင် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ကို အထောက်အကူ ပေးနိုင်ပါတယ်။

အိပ်ချိန်နဲ့ ခွာပြီး လုပ်သင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေ

အဓိက ခွန်အားသုံးပြီး ချွေးအများကြီး ထွက်နိုင်တဲ့ လေ့ကျင့်ခန်းတွေ မှန်သမျှ မလုပ်သင့်ပါဘူး။ ဥပမာ ပြောရမယ်ဆိုရင်

  • အလေးတွေ အများကြီး မတာ
  • ပြေးတာ
  • HIIT လေ့ကျင့်ခန်း
  • ကခုန်နေရတဲ့ Zumba လေ့ကျင့်ခန်း
  • အချိန်ကြာမြင့်စွာ ရေကူးခြင်း
  • ကြိုးခုန်ခြင်း
  • ဒိုက်ထိုးခြင်း
  • Plank ထောက်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေကိုတော့ မနက်အစောပိုင်း သို့မဟုတ် ညအိပ်ရာ မဝင်ခင် အနည်းဆုံး ၃ – ၄ နာရီလောက်ခြားပြီး လုပ်ပေးရင်း အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်းလုပ် တဲ့အချိန် နည်းနည်း နောက်ကျသွားရင်တော့ ဗိုက်အဆာပြေ မုန့်တစ်ခုခုစား၊ ရေအဝ သောက်ပြီးမှ အိပ်ပေးသင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်မှာ အကြောကို သေချာလျှော့တာ၊ ရေနွေးနဲ့ ရေချိုးတာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

နောက်ထပ် သိထားသင့်တဲ့ အိပ်စက်ခြင်းဆိုင်ရာ အမူအကျင့်တွေ

၁။ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်ကို သက်ရောက်မှု ရှိစေတာ လေ့ကျင့်ခန်း တစ်ခုတည်း မဟုတ်ပါဘူး။ စားသောက်နေထိုင်မှုပုံစံ၊ အိပ်စက်မှုပုံစံ၊ အိပ်ချိန်မှန်ခြင်း စတာတွေလည်း သက်ရောက်မှု ဖြစ်စေပါတယ်။

၂။ အိပ်ချိန်ကို နေ့စဉ် ပုံသေ သတ်မှတ်ပြီး အိပ်စက်အနားယူဖို့ အကျင့်လုပ်ပေးခြင်းက ကိုယ့်ကို အချိန်မှန် အိပ်ချင်တဲ့စိတ် ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၃။ အိပ်ခါနီးမှာ မျက်စိအလင်းစူးစေနိုင်တဲ့ ကွန်ပျူတာ၊ စမတ်ဖုန်း အသုံးပြုခြင်းကို တတ်နိုင်သလောက် ရှောင်ပေးပါ။

၄။ ကိုယ်အိပ်တဲ့ နေရာသည် အသံလုံပြီး အေးချမ်းတဲ့ နေရာလေး တစ်ခုဖြစ်ပါစေ။

၅။ စိတ်ကို ပြေလျော့သွားစေဖို့နဲ့ ကြွက်သားတွေ တင်းနေတာ သက်သာစေဖို့ အိပ်ရာဝင် တေးဂီတ သံစဉ်တွေကို မတိုးမကျယ် အသံနဲ့ ဖွင့်ပြီး အိပ်လို့လည်း ရပါတယ်။

၆။ အိပ်ခါနီးမှ ရင်ပြည့်စေမယ့် အစာတွေ အများကြီးစားတာ၊ အဆီအစိမ့်တွေ၊ အချိုတွေ၊ အပူအစပ်တွေ စားတာမျိုးကို တတ်နိုင်သလောက် ရှောင်ပေးပါ။

၇။ နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကို တတ်နိုင်သလောက် ရှောင်ပေးပါ။ မဖြစ်မနေ အိပ်မယ်ဆိုရင်လည်း နာရီဝက် အကြာဆုံး အိပ်ပြီး ပြန်ထပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Verifying...

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 18/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။