backup og meta

စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ

    စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိရုံသာမက သင့်ကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့အပြင် ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ ကို သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

    စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ

    စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ ကတော့

    • ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်

    စက်ဘီးစီးခြင်းဟာ ကယ်လိုရီများစွာ လောင်ကျွမ်းစေပါတယ်။ ကိုယ်အလေးချိန် ၁၅၅ပေါင်လောက်ရှိသူတယောက်အနေနဲ့ ပုံမှန်အရှိန်နဲ့ နာရီဝက်လောက် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ၂၆၀ ကယ်လိုရီလောက် လောင်ကျွမ်းစေပါတယ်။

    အကယ်၍ သင့်ကိုယ်အလေးချိန် ပိုများရင် ဒါမှမဟုတ် အရှိန်ပြင်းပြင်းနဲ့ ပိုပြီးအားစိုက်နင်းရင် ကယ်လိုရီပမာဏ ပိုလို့တောင် လောင်ကျွမ်းပါလိမ့်ဦးမယ်။

  • အဆစ်အမြစ်ထိခိုက်မှုကို နည်းစေမယ်
  • ရွရွပြေးတာ၊ဘောလုံးကန်တာအပါအဝင် ကိုယ်လက်လှုပ်ရှား အားကစားအများအပြားဟာ အဆစ်အမြစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် စက်ဘီးစီး လေ့ကျင့်ခန်းလုပ်တာဟာ အဆစ်အမြစ်တွေအပေါ် ပြင်းပြင်းထန်ထန် မထိခိုက်စေ၊ အားမစိုက်ရစေဘဲ နှလုံးညှစ်အားကို ပိုမိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။

    Cleveland Clinic ရဲ့ အဆိုအရ ပုံမှန်ရှိရမယ့် ကိုယ်အလေးချိန်ထက် အနည်းဆုံး ပေါင် ၅၀လောက် ပိုနေသူတွေအတွက် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်းဟာ အထူးသင့်တော်တယ်လို့ ဆိုပါတယ်။

    ဘာလို့လဲဆိုတော့ စက်ဘီးစီး တဲ့အခါ တင်ပါး၊ ခါး၊ ပေါင်၊ ဒူး၊ နောက်ကျော နဲ့ ခြေချင်းဝတ်တွေဟာ လမ်းလျှောက်သလောက်တောင် အားမစိုက်ရလို့ပဲ ဖြစ်ပါတယ်။

    • နှလုံးကိုလည်း အထောက်အကူဖြစ်စေတယ်

    စက်ဘီးစီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ကျွန်တော်တို့ရဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ အဖွဲ့အစည်းက ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။

    စက်ဘီးစီး လေ့ကျင့်ခန်းဟာ သွေးပေါင်တက်နေသူတွေကို သွေးပေါင်ကျစေပြီး သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်ကာ ရုတ်တရက်နှလုံးရပ်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ် (အထူးသဖြင့် ဒါမျိုးတခုခု ဖြစ်နေရင်ပေါ့)။

    Mayo Clinic ရဲ့အဆိုအရ စက်ဘီးစီးလေ့ကျင့်ခန်းကို မကြာခဏပြုလုပ်ပေးခြင်းဟာ နှလုံးရဲ့ သွေးညှစ်နိုင်စွမ်းကို မြင့်တက်ကောင်းမွန်စေတာမို့ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးကူညီတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် စက်ဘီးစီး လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ ကောင်းမွန်သော ကိုလက်စထရောဓါတ်တွေကို မြင့်တက်စေပြီး မကောင်းတဲ့ ကိုလက်စထရောဓါတ်တွေကိုတော့ လျှော့ချပေးတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သွေးလွှတ်ကြောတွေထဲမှာ အဆီဖတ်တွေ ကပ်နေတာ နည်းသွားမှာပဲ ဖြစ်ပါတယ်။

    • ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်

    တကယ်လို့ သင့်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရမယ်ဆိုရင် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်အတွက် အဖြေတခု ဖြစ်ပါလိမ့်မယ်။

    စတန်းဖို့ဒ်ဆေးတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနပြုလေ့လာချက်တခုအရ နေ့စဉ် မိနစ် ၂၀ကနေ မိနစ် ၃၀လောက် စက်ဘီးစီးလေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့် တနေကုန်အလှုပ်အရှားနည်းလို့ ညဖက်အိပ်မပျော်သူတွေအတွက် အိပ်ဖို့ကြိုးစားရတဲ့ အချိန်ဟာ တဝက်တိတိလျော့ကျသွားပြီး အိပ်ချိန်ဟာလည်း တနာရီလောက်ပိုများလာတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

    ဘာလို့လဲဆိုတော့ နေ့အလင်းနဲ့ ကောင်းစွာထိတွေ့ခွင့်ရတဲ့ အကျိုးဆက်အဖြစ် circadian rhythm လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ နေ့ညဖြစ်စဉ်ဟာ ပြန်လည်မှန်ကန်သွားတဲ့အပြင် ကော်တီဆုန်းဟော်မုန်းနဲ့ စိတ်ဖိစီးတဲ့အခါ ထွက်ရှိတဲ့ဟော်မုန်းတွေရဲ့ ပမာဏတို့ လျော့နည်းသွားလို့ပဲ ဖြစ်ပါတယ်။

  • အသက်ရှည်ရှည်နေနိုင်မယ်
  • လန်ဒန်မှာရှိတဲ့ King’s College က ပညာရှင်တွေဟာ “လုံးဝဥဿုံတူညီတဲ့ အမြွှာတွေ” မှာ ဘယ်တယောက်က ပိုပြီးကျန်းမာရေးကောင်းသလဲဆိုတာနဲ့ ပတ်သက်လို့ အမြွှာပေါင်း ၂၄၀၀ကျော်မှာ သုတေသန လေ့လာမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။

    ထင်တဲ့အတိုင်းပါပဲ၊ တရက်ကို ၄၅မိနစ်နှုန်းလောက်နဲ့ တပတ်ကို သုံးရက်လောက် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်တဲ့ တယောက်ဟာ ဒီလိုလေ့ကျင့်ခန်းမလုပ်တဲ့ သူ့အမြွှာထက် “ဇီဝဗေဒဖြစ်စဉ်”အရ အသက်ကိုးနှစ်လောက် ပိုငယ်နေတာကို တွေ့ရှိခဲ့ကြရပါတယ်။

    ဒါတောင် ဆေးလိပ်သောက်တတ်တာ၊ ခန္ဓာကိုယ်အလေးချိန် ပုံမမှန်တာ စတာတွေကို ထည့်မတွက်ထားသေးပါဘူး။ စက်ဘီးစီးလေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ အမျိုးအစား ၂ ဆီးချိုရောဂါ၊ ကင်ဆာအမျိုးမျိုး နဲ့ သွေးတိုးရောဂါ စတာတွေကို သိသာထင်ရှားစွာ ကာကွယ်ပေးနိုင်ပါတယ်။

    စက်ဘီးစီး လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သင့်ရဲ့ စိတ်ရောခန္ဓာအတွက်ပါ အင်မတန် အကျိုးရှိပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေ မပြုလုပ်မီမှာ အဆိုပါ လေ့ကျင့်ခန်းဟာ သင်နဲ့ သင့်တော်မှုရှိမရှိကို သိရှိနိုင်စေဖို့အတွက် ကျွမ်းကျင်တဲ့ ထရိန်နာနဲ့ အရင်တိုင်ပင် ဆွေးနွေးဖို့တော့ လိုပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement