လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 23, 2020 . 2 mins read
Share now

လေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး အိပ်ချိန်နဲ့ အရမ်းနီးကပ်အောင် မလုပ်သင့်ဘူးလို့ ပြောတာ ကြားဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ အိပ်ခါနီးအချိန်နဲ့ နီးနေတော့မှ ကိုယ်ကာယ လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်တဲ့အခါ ကြွက်သားတွေ နာကျင်တာ၊ ဦးနှောက်က နိုးကြားတက်ကြွတဲ့ ဟော်မုန်းတွေ အဆက်မပြတ် ထုတ်လုပ်နေတာ၊ မောပန်းမှုကြောင့် ဗိုက်ဆာလာတာတွေ ဖြစ်နိုင်လို့ပါပဲ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အနည်းဆုံး လေ့ကျင့်ခန်းနဲ့ အိပ်ချိန်ကို ၂ နာရီလောက်တော့ ခွာပေးနိုင်ရင် အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်း အမျိုးအစားအရ ပြောမယ်ဆိုရင် ကိုယ်ခန္ဓာ ကြွက်သားနဲ့ အားအင်တွေကို အပြည့်အဝ စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို မနက်ပိုင်း သို့မဟုတ် ညနေခင်းလောက်မှာ ကစားပေးပြီး ညနောက်ကျပြီဆိုရင်တော့ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုး လုပ်ပေးတာ အကောင်းဆုံးပါပဲ။

ညဘက် နောက်ကျချိန် ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရမလဲ။

ယောဂကျင့်တာ
• ကိုယ်ခန္ဓာ အကြောအချဉ်တွေ လျှော့တာ
လမ်းလျှောက်တာ
• ရေကူးတာ
စက်ဘီးစီးတာ
• ပေါ့ပေါ့ပါးပါး အလေးမတာ စတာတွေကို လုပ်ပေးလို့ ရပါတယ်။

အနည်းဆုံးတော့ အိပ်ချိန်နဲ့ တစ်နာရီလောက် ခွာပြီး လေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ အင်အား အများကြီး စိုက်ထုတ်စရာ မလိုဘဲ ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်အချိုးအစားအတိုင်း ပေါ့ပါးစွာ လုပ်လို့ ရပါတယ်။ ဒါ့အပြင် ကြွက်သားနာကျင်ကိုက်ခဲတာကို ပြေလျော့စေလို့ လေ့ကျင့်ခန်း လုပ်ပြီး ရေနွေးလေးနဲ့ ချိုးကာ အိပ်ရာထဲ ဝင်လိုက်ရင် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ကို အထောက်အကူ ပေးနိုင်ပါတယ်။

အိပ်ချိန်နဲ့ ခွာပြီး လုပ်သင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေ

အဓိက ခွန်အားသုံးပြီး ချွေးအများကြီး ထွက်နိုင်တဲ့ လေ့ကျင့်ခန်းတွေ မှန်သမျှ မလုပ်သင့်ပါဘူး။ ဥပမာ ပြောရမယ်ဆိုရင်

• အလေးတွေ အများကြီး မတာ
• ပြေးတာ
• HIIT လေ့ကျင့်ခန်း
• ကခုန်နေရတဲ့ Zumba လေ့ကျင့်ခန်း
• အချိန်ကြာမြင့်စွာ ရေကူးခြင်း
• ကြိုးခုန်ခြင်း
ဒိုက်ထိုးခြင်း
• Plank ထောက်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေကိုတော့ မနက်အစောပိုင်း သို့မဟုတ် ညအိပ်ရာ မဝင်ခင် အနည်းဆုံး ၃ – ၄ နာရီလောက်ခြားပြီး လုပ်ပေးရင်း အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်း လုပ်တဲ့အချိန် နည်းနည်း နောက်ကျသွားရင်တော့ ဗိုက်အဆာပြေ မုန့်တစ်ခုခုစား၊ ရေအဝ သောက်ပြီးမှ အိပ်ပေးသင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်မှာ အကြောကို သေချာလျှော့တာ၊ ရေနွေးနဲ့ ရေချိုးတာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

နောက်ထပ် သိထားသင့်တဲ့ အိပ်စက်ခြင်းဆိုင်ရာ အမူအကျင့်တွေ

၁။ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်ကို သက်ရောက်မှု ရှိစေတာ လေ့ကျင့်ခန်း တစ်ခုတည်း မဟုတ်ပါဘူး။ စားသောက်နေထိုင်မှုပုံစံ၊ အိပ်စက်မှုပုံစံ၊ အိပ်ချိန်မှန်ခြင်း စတာတွေလည်း သက်ရောက်မှု ဖြစ်စေပါတယ်။

၂။ အိပ်ချိန်ကို နေ့စဉ် ပုံသေ သတ်မှတ်ပြီး အိပ်စက်အနားယူဖို့ အကျင့်လုပ်ပေးခြင်းက ကိုယ့်ကို အချိန်မှန် အိပ်ချင်တဲ့စိတ် ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၃။ အိပ်ခါနီးမှာ မျက်စိအလင်းစူးစေနိုင်တဲ့ ကွန်ပျူတာ၊ စမတ်ဖုန်း အသုံးပြုခြင်းကို တတ်နိုင်သလောက် ရှောင်ပေးပါ။

၄။ ကိုယ်အိပ်တဲ့ နေရာသည် အသံလုံပြီး အေးချမ်းတဲ့ နေရာလေး တစ်ခုဖြစ်ပါစေ။

၅။ စိတ်ကို ပြေလျော့သွားစေဖို့နဲ့ ကြွက်သားတွေ တင်းနေတာ သက်သာစေဖို့ အိပ်ရာဝင် တေးဂီတ သံစဉ်တွေကို မတိုးမကျယ် အသံနဲ့ ဖွင့်ပြီး အိပ်လို့လည်း ရပါတယ်။

၆။ အိပ်ခါနီးမှ ရင်ပြည့်စေမယ့် အစာတွေ အများကြီးစားတာ၊ အဆီအစိမ့်တွေ၊ အချိုတွေ၊ အပူအစပ်တွေ စားတာမျိုးကို တတ်နိုင်သလောက် ရှောင်ပေးပါ။

၇။ နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကို တတ်နိုင်သလောက် ရှောင်ပေးပါ။ မဖြစ်မနေ အိပ်မယ်ဆိုရင်လည်း နာရီဝက် အကြာဆုံး အိပ်ပြီး ပြန်ထပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာက ဘာတွေလဲ။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလဲဆိုတာကို သိပြီးပြီလား............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read