backup og meta

ကိုဗစ်ကာလမှာ လိုက်နာသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ


Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာလမှာ လိုက်နာသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

    ကိုဗစ် ဖြစ်ပွားမှုတွေ အရမ်းများနေချိန်မှာ ကာကွယ်ဆေးရော ကုသဆေးပါ မပေါ်သေးတာကြောင့် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်တာပါ။

    ကိုယ်ခံအားကောင်းစေဖို့ဆိုရင် အရေးအကြီးဆုံးအချက်တွေထဲက တစ်ခုက အာဟာရပြည့်ဝအောင် စားသုံးဖို့ပါ။ အခုလို ကိုဗစ် ဖြစ်ပွားနေချိန်မှာ ကျန်းမာနေစေဖို့ ဘယ်လို စားသုံးရမလဲဆိုတဲ့ နည်းလမ်းလေးကို ဆောင်းပါးလေးကနေတဆင့် မျှဝေပေးသွားပါမယ်။

    ကိုဗစ်ကာလမှာ လိုက်နာသင့်တဲ့ စားသောက်မှု ပုံစံ

    ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းကောင်းနဲ့ ရောဂါပိုး အန္တရာယ်ကို အထိရောက်ဆုံး ကာကွယ်ဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံးဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

    အစားအသောက်တွေကို ဝယ်ယူလာပြီးတိုင်း သေချာ ဆေးကြောပါ။

    အစားအသောက်တွေမှာ မမြင်နိုင်တဲ့ ပိုးမွှားတွေ ကပ်ပါလာနိုင်တာကြောင့် အစားအသောက်တွေကို ဝယ်ယူလာပြီးတိုင်းမှာ သေချာလေး ပိုးသတ် သန့်စင်ပါ။ ပြီးရင် သေချာ ဆေးကြောလို့ စနစ်တကျ သိမ်းဆည်းပါ။

    ဒါမှ သန့်စင်ပြီး အာဟာရတန်ဖိုးတွေ မပျက်မှာပါ။

    အစားအသောက်တွေ မပြင်ဆင်ခင် လက်ကိုသေချာစွာ သန့်စင်ဆေးကြောပါ

    အစားအသောက်တွေကို ပြင်ဆင်တော့မယ်ဆိုရင် အသုံးမယ့် အရာတွေကို သေချာလေး သန့်ရှင်းဆေးကြောပါ။ လက်တွေကိုလည်း သေချာ ဆေးကြောပါ။ လက်အိတ်ဝတ်ပြီး ချက်မယ်ဆိုရင်တောင်မှ လက်ကို သေချာလေး သန့်စင်ဆေးကြောဖို့ မမေ့ပါနဲ့။

    လက်က ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ ရောဂါပိုး အများဆုံး ရှိနိုင်တဲ့ နေရာပါ။

    လတ်ဆတ်တဲ့ အသီးအနှံတွေကို စားသုံးပါ။

    လတ်ဆတ်တဲ့ အသီးအနှံတွေက အာဟာရ ပြည့်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် အတော်လေး အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့် အသင့်ပြုပြင်ထားတဲ့ စည်သွပ်ဘူး အသီးအနှံတွေအစား လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားပေးပါ။

    နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ ပါဝင်အောင် စားသုံးပါ။

    နေ့စဉ် စားသုံးမှုမှာ အစာခြေစနစ် ကျန်းမာစေဖို့ အထောာက်အကူပြုနိုင်တဲ့ အသီးတွေကို စားပေးပါ။ ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ၊ အမျှင်ဓာတ်ပါတဲ့ အသီးတွေကို စားပေးပါ။

    အစာခြေစနစ် ကျန်းမာတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ စုပ်ယူစေနိုင်မှာပါ။

    ပြုပြင်ထားတဲ့ အစားအစာတွေကို မစားပါနဲ့။

    ပြုပြင်ထားတဲ့ အစားအစာတွေက အရသာ ကောင်းပေမယ့် အာဟာရ မပြည့်ဝပါဘူး။ ဒါကြောင့် အာဟာရပြည့်ဝဖို့ လိုအပ်နေတဲ့ အခုလို အချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေအစား လတ်ဆတ်တဲ့ အစားအစာတွေကိုပဲ စားပေးပါ။

    အချိုကဲအငန်ကဲတာတွေကို မစားပါနဲ့။

    အစားအစားတွေကို စားသုံးတဲ့အခါမှာ အချို အငန် သင့်တင့်မျှတတာမျိုးကိုပဲ စားသုံးပေးပါ။ အချိုကဲ အငန်ကဲတာတွေက အာဟာရဖြစ်စေဖို့ထက် ကျန်းမာရေးအတွက် ဆိုးကျိုး များပါတယ်။

    အစားအစာတွေကို သေချာ ချက်ပြုတ် စားသုံးပါ။

    အစားအစာတွေကို စားသုံးတဲ့အခါ သေချာ ချက်ပြုတ်ပြီး စားသုံးပေးပါ။ ဒါမှ အာဟာရ ပြည့်ဝပြီး ရောဂါဘယ ကင်းမှာပါ။

    အိမ်မှာ ချက်တဲ့ အစားအစာတွေကိုပဲ စားသုံးပါ။

    အခုလို ကာလမှာ အပြင်စာတွေထက် အိမ်မှာချက်တဲ့ အစားအစာတွေက အသင့်တော်ဆုံးပါ။ အိမ်မှာချက်တဲ့ အစားအစာတွေက သန့်ရှင်းမှုပိုင်း စိတ်ချရသလို လတ်ဆတ်ပြီး အာဟာရ ပြည့်ဝစေမှာ အသေအချာပါ။

    အာဟာရ ပြည့်ဝမျှတအောင် စားပါ။

    နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပြည့်ဝမျှတစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဒါမှ ကိုယ်ခံအား ပြည့်ဝပြီး ရောဂါတွေကို အထိရောက်ဆုံး တိုက်ထုတ်နိုင်မှာလေ။

    ရေလုံလောက်အောင် သောက်ပါ။

    ရေဓာတ်က ကိုယ်ခံအး ပြည့်ဝကျန်းမာစေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေ ၈ ခွက် သောက်ဖြစ်အောင် သောက်ပါ။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးလို့ ကိုယ်ခံအားကို မြှင့်တင်ပြီး ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်လိုက်ပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement