backup og meta

ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။

    အသီးအနှံံ တွေ ဆိုတာ အာဟာရလည်းရှိတယ် အမျှင်ဓါတ်လည်းကြွယ်ဝတယ် ဓါတ်တိုးဆန့်ကျင့်တဲ့အာနိသင်တွေလည်းအပြည့်ပါတယ်ဆိုတော့ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ အလုံးသိကြမှာပါ။ ဒီလို ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတဲ့ အသီးတွေထဲက တစ်ချို့က ကျောက်ကပ်အတွက်ပိုကောင်းတယ်ဆိုတာ သိကြပါသလား။ အထူးသဖြင့် ကျောက်ကပ်မှာ ေကျာက်တည် နေတဲ့သူတွေ နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေအနေနဲ့ ခုပြောပြမယ့်အသီးတွေကို စားရင် ပိုအကျိုးရှိမှာပါ။

    ကျန်းမာတဲ့ ကျောက်ကပ်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

    • အမျှင်ဓါတ်များပြီး ရောင်ရမ်းခြင်းတွေကို လျော့ကျစေတဲ့ အာနိသင်များတဲ့ အသီးတွေကို ရွေးစားပါ။
    • ပန်းသီး – ေသွးတွင်းကိုလက်စရောကို လျော့ကျစေပြီး ကိုယ်တွင်းကလီစာတွေကို ကျန်းမာစေမှာပါ
    • စပျစ်သီးအနီမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်း resveratrol လေးဟာ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင့်ရှိပြီး ကျောက်ကပ်မှာရှိတဲ့ သွေးကြောလေးတွေကို ပျော့ပျောင်းစေပါတယ်။
    • Cranberries – ဆီးရဲ့ အက်ဆစ်ဓါတ်ပြင်းအောင်သူက ကူညီပေးတာကြောင့် ဆီးလမ်းကြောင်း တော်ရုံ ပိုးဝင်ဖို့ မလွယ်တော့ဘူးနော်။
    • ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ အသီးတွေမှာပါတဲ့ ဗီတာမင် စီ၊ မဂ္ဂနီစ် နဲ့ anthocyanins တို့ဟာ ရောင်ရမ်းခြင်းကို လျော့ကျစေတာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးအနှံတွေပါ။

    ကျောက်ကပ်ထဲ ကျောက်တည်နေပြီဆိုရင်

    ကျောက်ကပ်ထဲမှာကျောက်တည်တဲ့ ဝေဒနာခံစားနေရပြီဆိုရင်တော့ ဒီအသီးတွေစားပေးပါ။

  • ငှက်ပျောသီး ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝတာကြောင့် ဆီးကျောက်တည်စေတယ့် သတ္တုဓါတ်လေးတွေကို ဖယ်ရှားပေးပါတယ်။
  • တစ်နေ့ကို လိမ္မော်ရည်တစ်ခွက်သောက်ပေးရင် ဆီးထဲမှာ ရှိတဲ့အက်ဆစ်ပြင်းအားလျော့ကျသွားတာကြောင့် ဆီးကျောက်တည်တဲ့ ပြဿနာကို လျော့နည်းစေမှာပါ။
  • နာတာရှည်ကျောက်ကပ်ဝေဒနာဖြစ်နေတယ်ဆိုရင်တော့

  • ငှက်ပျောသီးရှောင်ပါ။ ကျောက်ကပ်မကောင်းတဲ့အခါ သွေးတွင်းက ပိုတက်ဆီယမ်ကို ပုံမှန် ပမာဏဖြစ်အောင် မထိန်းထားနိုင်တော့ဘဲ ပိုတက်ဆီယမ်တွေ များနေတတ်ပါတယ်။ အဲဒီအချိန်မှာ ပိုတက်ဆီယမ် အများကြီးပါတဲ့ ငှက်ပျောသီးကို ရှောင်ပေးဖို့လိုပါတယ်။
  • ငှက်ပျောသီးအပြင် အခြား ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝတဲ့ ကီဝီသီး၊ သခွားမွေးသီး၊ သရက်သီး၊ သင်္ဘောသီး နဲ့ အခြား သစ်သီးအခြောက်တွေကို ရှောင်ဖို့လိုအပ်ပါတယ်။
  • အထူးသဖြင့် oxalic acid ဓါတ်ကြွယ်ဝတဲ့ စောင်းလျားသီးကို ကျောက်ကပ်သမားတွေ အထူးရှောင်ဖို့လိုအပ်ပါတယ်။ ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement