backup og meta

စိတ်ဖိစီးမှုကိုမွေးထားမယ်ဆိုရင် ဒါတွေပေါက်ဖွားလာပါလိမ့်မယ်

စိတ်ဖိစီးမှုကိုမွေးထားမယ်ဆိုရင် ဒါတွေပေါက်ဖွားလာပါလိမ့်မယ်

ဘာတွေပဲဖြစ်လာလာ သေလောက်တဲ့ကိစ္စမဟုတ်ဘူး၊ ပိုတောင်ကြံ့ခိုင်လာသေးတယ်” လို့ စိတ်ဖိစီးစရာတစ်ခုခုကြုံနေရတိုင်း

ပြောတတ်ကြတယ်။ အခက်အခဲကိုကျော်လွှားနိုင်ဖို့ ကိုယ့်စိတ်ကိုယ်ဖြေသိမ့်တဲ့နည်းပေါ့လေ။ ဒါပေမယ့် ဒီလိုဖိစီးမှုတွေက တာရှည်လာပြီဆိုရင်တော့ အဲဒီစကားမမှန်နိုင်တော့ပါဘူး။

အစာအိမ်အနာဖြစ်ရတာတွေဟာ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ အရင်ဆုံးပတ်သက်လာတဲ့ရောဂါပါပဲ။ သုတေသီတွေ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ရလဒ်တွေအရ စိတ်ဖိစီးမှုတာရှည်ခံစားရခြင်းက ရောဂါတွေ ကျန်းမာရေးပြဿနာတွေအတော်များများနဲ့ ဆက်နွှယ်နေတယ်လို့တွေ့နေရပါတယ်။ အဲဒီထဲမှာ –

  • ဝက်ခြံတွေ၊
  • စိုးရိမ်ပူပန်စိတ်၊
  • အယ်ဇိုင်းမားရောဂါ
  • အရိုးထုထည်လျော့ပါးခြင်း
  • ကင်ဆာ (ကိုယ်ခံအားနည်းခြင်းကြောင့်)
  • စိတ်ကျရောဂါ
  • ဆီးချိုသွေးချိုရောဂါ
  • အစာခြေစနစ်ဆိုင်ရာရောဂါတွေ
  • နှလုံးရောဂါ
  • သားသမီးမရနိုင်ခြင်း
  • ကိုယ်ခံအားကျခြင်း
  • သွေးတိုးရောဂါ
  • အရိုးပွရောဂါ
  • လိင်စိတ်ကိုလျော့နည်းစေခြင်း
  • အစာအိမ်အနာ
  • လေဖြတ်ခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း (စိတ်ဖိစီးမှုက ခန္ဓါကိုယ်တွင်း၊ အထူးသဖြင့် ဝမ်းဗိုက်တဝိုက်မှာ အဆီပိုစုပုံစေဖို့ အားပေးပါတယ်) တို့ပါဝင်ပါတယ်။

စိတ်ဖိစီးမှုခံစားနေရတဲ့အခါ ခန္ဓါကိုယ်ရဲ့တုံ့ပြန်မှုကို သိပ္ပံပညာအရလေ့လာမှုရလဒ်တွေက ဒီနှစ်တွေမှာ တိုးတက်လာခဲ့ပေမယ့် ဖြစ်လာနိုင်တဲ့အပြောင်းအလဲတွေအကြောင်းကတော့ ရှုပ်ထွေးနေဆဲဖြစ်ပြီး နားလည်အတည်ပြုနိုင်ဖို့ခက်ခဲပါတယ်တဲ့။

ဒါဆို ဒီအန္တရာယ်တွေဖြစ်မလာအောင်ဘယ်လိုအဆင်ပြေအောင်နေထိုင်မလဲ နည်းနည်းအကြံပေးချင်ပါတယ်။ ဥပမာ အလုပ်ခွင်မှာ ကွန်ပျူတာရှေ့ထိုင်ရင်း တာဝန်တွေပိ၊ ဖိအားပေးခံနေရချိန် အလုပ်အချိန်မမီရင် ဘယ်လိုလုပ်ရမလဲ၊ စိတ်ညစ်လိုက်တာ စသဖြင့်

တွေးပြီးညစ်နေရင် အိုင်ဒီယာကောင်းကောင်း၊ လုပ်ဆောင်ချက်ကောင်းကောင်းဘယ်ရနိုင်ပါ့မလဲ။ လုပ်ဆောင်နိုင်စွမ်းပိုကောင်းလာမှ

အခက်အခဲတွေကို ကျော်ဖို့ စိတ်ကူးကောင်းရမယ်လေ။

ဖိစီးနေတဲ့စိတ်ကိုဖြေလျှော့ဖို့ ခဏတော့အချိန်ပေးရပါမယ်။ အရင်ဆုံး အသက်ကိုပြင်းပြင်းရှူပါ။ လမ်းလျှောက်ထွက်ပါ(ရုံးမှာ break time မရနိုင်ရင် ကိုယ့်အလုပ်နေရာမှာပဲ ပြတင်းပေါက်နား၊ ဝရံတာနားခဏ ဟိုလျှောက်ဒီလျှောက်လုပ်ပေါ့)။ ကိုယ့်အတွက်အရေးကြီးဆုံးအရာတွေ၊ ရည်ရွယ်ထားတာတွေကို ကိုယ့်ကိုယ်ကိုသတိပေးတဲ့အနေနဲ့ ပြန်ရေရွတ်ပါ။

ကဲ ဘာကိုမဆို ရင်ဆိုင်လိုက်ပါ။ ဘာပဲဖြစ်ဖြစ်ကျော်ဖြတ်ရမှာမဟုတ်လား။ လူတိုင်းမှာ ဖိစီးမှုရှိကြသလို ဘယ်သူကမှလည်းကိုယ့်အစားခံပေးနိုင်မှာမဟုတ်ပါဘူး။ မဖြစ်လာသေးတာတွေကို ခေါင်းထဲမှာတွေးပူ ခံစားနေရင် ရောဂါတိုးတာပဲအဖတ်တင်မှာပါ။ ကိုယ့်ကိုယ်ကိုသနားနေတာနဲ့ပဲ ရမယ့်အခွင့်အရေးတွေကို လက်မလွှတ်သင့်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့သာ ဖြစ်အောင်ကျော်လွှားပါ။

စိတ်ဖိစီးရတဲ့နေ့ဆိုတာ တကယ်တော့ ပြဿဒါးမဟုတ်ပါဘူး။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ပါဝါတွေကို တည်ဆောက်တဲ့နေ့ပါတဲ့။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/balance/stress-management/stress-symptoms-effects_of-stress-on-the-body

Accessed Oct 7, 2019.

https://www.webmd.com/balance/stress-management/features/10-fixable-stress-related-health-problems

Accessed Oct 7, 2019.

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ်

စိတ်ဖိစီးနေမှန်း သိသာတဲ့ အသားအရေပြဿနာ



Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement