ပေါက်ကွဲခြင်း။ ။ ဒေါသကို မထိန်းချုပ်ဘဲ ပေါက်ကွဲလိုက်ခြင်းဟာ အလွဲသုံးစားမှုတွေနဲ့ အကြမ်းဖက်တွေဆီ ဦးတည်စေပါတယ်။ ဒေါသကြီးသူဟာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကင်းကွာပြီး တစ်ဦးတည်း ဖြစ်သွားတတ်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးမထားတော့တဲ့အပြင် အခြားသူကိုလည်း ချုပ်ကိုင်ချင်စိတ်တွေ ပေါ်လာပါတယ်။
ချိုးနှိမ်ခြင်း။ ။ ဒေါသကို မျိုသိပ်လိုက်ခြင်းဟာလည်း ကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါခံစားလာရနိုင်ပါတယ်။ အချို့ကတော့ ဒေါသကို အပြစ်မရှိသူ ကလေးတွေနဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေအပေါ် ပုံချတတ်ကြပါတယ်။ ကလေးတွေကို ရိုက်နှက်လိုက်တာမျိုးနဲ့ ခွေးလေးတွေကို ကန်ကျောက်လိုက်တာမျိုးတွေပါ။
ဒေါသကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငြင်းခုန်ဆွေးနွေးမှုတွေ မလုပ်သင့်ဘူးလား
မဟုတ်ပါဘူး။ ငြင်းခုန်ဆွေးနွေးမှု တစ်ခုကနေ အောင်မြင်မှုတွေရလာနိုင်သလို အကောင်းမြင်စိတ်တွေ ပေါက်ဖွားလာနိုင်ပါတယ်။ သိထားရမှာက ငြင်းခုန်ဆွေးနွေးတယ်ဆိုတာ ကိုယ်ဘယ်လောက်မှားမှား တစ်ဖက်သတ်ပိတ်ငြင်းနေတာမျိုး မဟုတ်ပါဘူး။ ကိုယ်ကလည်း တစ်ဖက်သားကို အကျိုးသင့်အကြောင်းသင့် ရှင်းပြသလို တစ်ဖက်က ရှင်းပြလာရင်လည်း လက်ခံပေးနိုင်တာမျိုးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။