လောင်းကစားစွဲလမ်းခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

လောင်းကစားလုပ်တယ်ဆိုတာဟာ အမူအကျင့် ဒါမှမဟုတ် ဝါသနာတစ်ခုအဖြစ် မှတ်ယူထားကြတာများပါတယ်။ လောင်းကစားဆိုတာမျိုးကို ကျန်းမာရေးပြဿနာလို့ ဘယ်သူက ထင်မှာလဲ?

ဒါပေမယ့် လောင်းကစားစွဲလမ်းတဲ့ ပြဿနာဟာ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ စိတ်ဝေဒနာတစ်မျိုးပါ။ ဒါကို Compulsive Gambling ဒါမှမဟုတ် Gambling Disorder လို့ ခေါ်ပါတယ်။

လောင်းကစားပြုလုပ်တာဟာ ဘဝအတွက် ကောင်းမွန်တဲ့ အမူအကျင့်တစ်ခုမဟုတ်ပါဘူး။ ဖဲရိုက်တာပဲဖြစ်ဖြစ်၊ ၂ လုံး၊ ၃ လုံး ထီထိုးတာပဲဖြစ်ဖြစ်၊ ဘောလုံးပွဲလောင်းကစားတာပဲဖြစ်ဖြစ်ပါ။ ပိုဆိုးတာကတော့ ဒီအမူအကျင့်ကို အရသာတွေ့ပြီး စွဲလမ်းသွားချိန်တွေမှာပါပဲ။

Gambling Disorder ရှိနေသူဟာ လောင်းကစားခြင်းအမှုကို ထိန်းမနိုင်သိမ်းမရ စွဲလမ်းနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ လောင်းကစားရဖို့ဆိုရင် ဘယ်လောက်အရေးပါတဲ့အရာကိုမဆို စွန့်လွှတ်ပြီး စိတ်ကျေနပ်မှု ရယူချင်နေတတ်သူတွေပါ။

လောင်းကစားတာကလည်း အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးတို့လိုပဲ စွဲလမ်းရူးသွပ်စေနိုင်ပါတယ်။ တကယ်လို့ Gambling Disorder ဝေဒနာ စွဲကပ်နေမိပြီဆိုရင် အဆိုပါပုဂ္ဂိုလ်ဟာ နိုင်နိုင်ရှုံးရှုံးကစားဝိုင်းကနေ ထွက်ခွာဖို့ စိတ်ဆန္ဒမရှိပဲ သဲကြီးမဲကြီးဆော့ကစားနေလေ့ရှိပါတယ်။

နောက်ပြီး အဲ့ဒီလိုလူတွေဟာ ကစားရဖို့ကိုသာ မဲနေသူတွေဖြစ်တာမို့ အရှုံးသံသရာလည်နေတတ်သလို၊ အကြွေးတွေ ပတ်လည်ဝိုင်းနေတာ၊ လောင်းကစားခွင့်ရဖို့ ငွေကြေးအသည်းအသန်ပတ်ရှာနေတတ်သူတွေလည်း ဖြစ်ပါတယ်။

လောင်းကစားကိုမှ တမ်းတမ်းစွဲဖြစ်သွားတဲ့အခါ

Gambling Disorder ဟာ လူသိနည်းတဲ့ ပြဿနာတစ်ခုဖြစ်ပေမယ့် လူအများအပြားမှာ တွယ်ငြိနေတတ်ပြီး အခြေအနေ ပြင်းထန်ခြင်းနဲ့ မပြင်းထန်ခြင်း၊ အနည်းအများသာ ကွာဟနေတာဖြစ်ပါတယ်။

ကိုယ်က လောင်းကစား လုပ်လေ့လုပ်ထရှိသူဖြစ်တယ်ဆိုရင် ကိုယ့်မှာ Gambling Disorder ရှိနေသလားဆိုတာကို ကြိုတင်သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီလိုသိရှိနိုင်ဖို့ဆိုရင် ရောဂါလက္ခဏာတွေကို ကြိုသိထားရမှာဖြစ်ပါတယ်။

Gambling Disorder ကိုယ့်မှာ စွဲကပ်နေပြီဆိုရင်

  • လောင်းကစားလုပ်ခွင့်ရဖို့ စိတ်အားထက်သန်နေတယ်
  • မလုပ်ရရင် စိတ်ဖိစီးတာ၊ ဒေါသထွက်တာတွေ ဖြစ်နေမယ်
  • လောင်းကစားအတွက် ငွေရှာဖို့ အမြဲမပြတ်စဉ်းစားနေမယ်
  • အမြဲတစေ ငွေလိုနေတတ်တယ်
  • ငွေကြေး ချေးငှားဖို့၊ မကောင်းနဲ့နည်းလမ်းနဲ့ ငွေရှာဖို့၊ ကတိပျက်ဖို့ မရှက်တော့ဘူး၊
  • လောင်းကစားကို ရပ်တန့်ပစ်လိုက်ဖို့ မကြာခဏ ကြိုးပမ်းပေမယ့် မအောင်မြင်တတ်ဘူး
  • လောင်းကစား ရပ်တန့်လိုက်ရင် စိတ်မသက်မသာဖြစ်မယ်၊ လုပ်နေရရင် အရာရာကို မေ့နေမယ်
  • လောင်းကစားဟာ ဘဝထဲက အခက်အခဲတွေ ပြဿနာတွေကို မေ့လျော့စေပြီး စိတ်သက်သာရာရစေမယ်လို့ တွေးနေမယ်
  • မိသားစုကို ပိုပြီး လိမ်ညာဖြစ်လာမယ်
  • လောင်းကစားဝိုင်းတွေမှာ ငွေကုန်လေ၊ မဲပြီးလိုက်လေနဲ့ ဖြစ်နေမယ်။

ဒီလိုလက္ခဏာတွေ ကိုယ့်မှာရှိလာနေပြီဆိုရင် ကိုယ်ဟာ လောင်းကစားကို စွဲလမ်းမိနေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ များသောအားဖြင့်တော့ Compulsive Gambling ဟာ နာတာရှည်ရောဂါမျိုးမဟုတ်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုအထိသာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

ဒါပေမယ့် ဖြစ်နေစဉ်ကာလမှာတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းသာမက လူမှုဘဝမှာပါ ထိခိုက်ခံစားရတာတွေ၊ ပြဿနာတွေ အလွန်များပြားပါတယ်။ ဒါကြောင့်လည်း Compulsive Gambling ဖြစ်နေတယ်ဆိုတာကို သိတာနဲ့ ချက်ခြင်းကုသဖို့ လိုအပ်တာဖြစ်ပါတယ်။

ယေဘုယျအားဖြင့်တော့ လောင်းကစားစွဲလမ်းသူတွေဟာ လူငယ်တွေထက် အရွယ်ရောက်ပြီးသူတွေမှာ ပိုဖြစ်လေ့ဖြစ်ထရှိပါတယ်။

နောက်ပြီး အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဖြစ်နှုန်းပိုပါတယ်။ ဒါပေမယ့် အသက်အရွယ်အပိုင်းအခြားနဲ့ ချိန်ထိုးမယ်ဆိုရင်တော့ အမျိုးသမီးတွေဟာ အသက်အရွယ်ကြီးရင့်လာချိန်တွေမှာ အမျိုးသားတွေထက် ပိုပြီးအဖြစ်များပါတယ်။

အရေးအကြီးဆုံး သိထားဖို့ကတော့ လောင်းကစားသူတွေချင်းအတူတူမှာတောင်မှာ ဒီဝေဒနာ စွဲကပ်သူနဲ့ မစွဲကပ်သူဆိုပြီး မတူညီတဲ့ အခြေအနေတွေဖြစ်နိုင်ပါတယ်။ ဘာကြောင့် တချို့တွေမှာဖြစ်ပြီး ဘာကြောင့်တချို့တွေမှာမဖြစ်တာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

ယေဘုယျအားဖြင့်တော့ မျိုးရိုး၊ ပတ်ဝန်းကျင်နဲ့ စိတ်ခံစားချက်တွေအပေါ် မူတည်နိုင်တယ်လို့ ခန့်မှန်းမှုတွေတော့ ရှိထားပါတယ်။ Compulsive Gambling ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သေချာစွာ မသိရှိရသေးကြောင့် အကောင်းဆုံးနည်းလမ်းကတော့ လောင်းကစားကျူးလွန်တာမျိုးမလုပ်တာပဲဖြစ်ပါတယ်။

ပေါ့ဆလို့မရတဲ့ ပြဿနာဆိုး

လောင်းကစားကို စွဲလမ်းသွားတာဟာ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့ပြီးပါပြီ။ ဒါပေမယ့် အဆိုပါ Compulsive Gambling ဟာ စိတ်ကို ထိခိုက်စေရုံသာမကပါဘူး။ တခြားပြဿနာတွေကိုလည်း ဖန်တီးနိုင်ပါတယ်။

အိမ်တွင်း အကြမ်းဖက်မှုတွေ၊ ဒေါသအလောက် စိတ်လိုက်မာန်ပါလုပ်တာတွေ၊ ဥပဒေနဲ့ မညီညွတ်တဲ့ ကျူးလွန်မှုတွေ ကျူးလွန်တာတွေ၊ စိတ်နှစ်ခွဖြစ်လာတာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်လည်း ဒီပြဿနာဟာ ထင်ထားတာထက် ပိုမိုဆိုးရွားတယ်လို့ မှတ်ချက်ပြုခံထားရတာဖြစ်ပါတယ်။

တကယ်လို့သင်ဟာ လောင်းကစားရတာကို နှစ်သက်တတ်သူဆိုရင် ကိုယ့်မှာ Compulsive Gambling ရှိနေပြီလား စစ်ဆေးကြည့်ပါ။ ရှိနေတယ်ဆိုရင် တားဆီးနိုင်ဖို့ ရပ်တန့်နိုင်ဖို့ ကြိုးစားပါ။

ဒီပြဿနာဟာ သာမန်ကျန်းမာရေးပြဿနာတစ်ခုထက်ပိုပါတယ်။ မိသားစု၊ အနာဂတ်၊ အလုပ်အကိုင်နဲ့ လူမှုဘဝကိုပါ ထိခိုက်စေနိုင်တဲ့ ပြဿနာဆိုးတစ်ခုမို့ပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Face Mask တပ်တဲ့အခါ လုပ်မိတတ်တဲ့ အမှားလေး တချို့

Mask Covid-19 ကပ်ဘေးကာလ ဆပ်ပြာ လက်ဆေး လူစုလူဝေး ချောင်းဆိုး နှာချေ တံတွေး မိသားစု ရောဂါပိုး မြန်မာနိုင်ငံ နှာခေါင်း ပါးစပ် လက်သန့်စင်ဆေးရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

ကိုယ်ဝန်ဆောင်ချိန် အမျိုးသမီး အကိုက်အခဲပျောက်ဆေး အာထရာဆောင်း အစားအစာ ကော်ဖီ အိမ်မွေးတိရစ္ဆာန် အရက် ချွေးထုတ်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
မိခင်ကျန်းမာရေး, ကိုယ်ဝန်ဆောင်ခြင်း ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

ကလေးတွေကို ဖုန်းပေးကိုင်သင့်၊ မကိုင်သင့်

မိဘတွေ လှုပ်ရှားမှု စမတ်ဖုန်း လုံခြုံရေးပြဿနာ ယာဉ်မတော်တဆမှု အိပ်ရေးမဝခြင်း အကျိုးကျေးဇူးများ ဓာတ်ရောင်ခြည် ညအိပ်ရာမဝင်ခင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

မေမေ ဖြစ်ခြင်း အနုပညာ

မေမေ သားသားမီးမီး ပျော်ရွှင်မှု မိခင်ဘဝ ကလေးတစ်ယောက် ဉာဏ်ရည်ထက်မြက် လက္ခဏာလေး စူပါမေမေ အားဆေး အမူအကျင့် စာလိုက်နိုင်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ

သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 ဖတ်ရန် ကြာချိန်
အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 3 ဖတ်ရန် ကြာချိန်

ရေချိုးနေစဉ် ဆီးသွားသင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်